COVID-19 ရန်ပုံငွေအတွက် JOOX မှ World Music Day အွန်လိုင်းဂီတပွဲတော်

JOOX မှ World Music Day ဂီတပွဲတော်ကို ပြည်တွင်း၊ ပြည်ပ အနုပညာရှင်များနှင့်အတူ

JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ပြီး COVID-19 ရန်ပုံငွေအတွက်လည်း လွယ်ကူစွာ ပါဝင်လှူဒါန်းနိုင်မည်ဖြစ်သည်။

ဇွန်လ ၂၁ ရက်နေ့တွင် နှစ်စဉ်ကျင်းပနေကြဖြစ်သည့် JOOX World Music Day 2020 ဂီတပွဲတော်ကို မြန်မာနိုင်ငံတွင် ဒုတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပမှ နာမည်ကျော် အဆိုတော် ၁၈ ဦးပါဝင်မည်။

မြန်မာနိုင်ငံတွင် ရေပန်းစားလူကြိုက်များသော အင်တာနက်မှ သီချင်း နားထောင်နိုင်သည့် JOOX အက်ပလီကေးရှင်းသည် နှစ်စဉ်ကျင်းပလျက်ရှိသော JOOX World Music Day 2020 ဂီတပွဲတော်ကို ဒုတိယအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ပြီး Social Distancing စည်းမျဉ်းစည်းကမ်းများ အတိုင်း လိုက်နာကာ COVID-19 ရန်ပုံံငွေပွဲအဖြစ် အွန်လိုင်းမှ တစ်ဆင့် ကျင်းပမည်ဖြစ်သည်။ “The Sound of Happiness” ဟု အမည်ပေးထားသည့် အဆိုပါဂီတပွဲတော်ကို ဇွန်လ ၂၁ရက်၊ တနင်္ဂနွေနေ့၊ နေ့လယ်တစ်နာရီမှ စတင်ကာ ကျင်းပသွားမည်ဖြစ်ပြီး JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် LIVE ထုတ်လွှင့်သွားမည်ဖြစ်သည်။

ပရိသတ်များမှ မိမိသဘောကျနှစ်သက်သည့် အနုပညာရှင်များကို JOOX အက်ပလီကေးရှင်းရှိ Coin များကို လက်ဆောင်အနေဖြင့် ပေးပို့ခြင်းဖြင့် ပါဝင်လှူဒါန်းနိုင်မည်ဖြစ်သည်။ Coin လက်ဆောင်တစ်ခုလျှင် မြန်မာကျပ်ငွေ ၂၀ ကျပ် ကျသင့်မည်ဖြစ်ပြီး ဤကမ်ပိန်းမှ ရရှိသည့် Coin စုစုပေါင်းလက်ဆောင်များ၏ ငွေကြေးများ အားလုံးကို UNICEF သို့ လှူဒါန်းသွားမည်ဖြစ်သည်။

JOOX က လက်ဆောင်အနေဖြင့် ရရှိသည့် စုစုပေါင်းငွေပမာဏကို UNICEF မှ အပြည်ပြည်ဆိုင်ရာ COVID-19 လုပ်ငန်းဆောင်ရွက်ချက်တွေအတွက် အသုံးပြုသွားမည်ဖြစ်သည်။

“JOOX အနေနဲ့ သီချင်းချစ်သူတွေအတွက် သူတို့ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို စိတ်ကြိုက်ခံစားနိုင်မယ့် နည်းလမ်းသစ်တွေ ပေးနိုင်ဖို့ အမြဲ ကြိုးစားနေပါတယ်။ မနှစ်က ကျင်းပခဲ့တဲ့ JOOX World Music Day 2019 ဂီတပွဲတော်ကလည်း အထူးအောင်မြင်ခဲ့ပါတယ်။ ဒီနှစ်မှာ စိတ်မကောင်းဖွယ် အခြေအနေတွေ ရှိပေမယ့် ဒုတိယမြောက်ပွဲကို တစ်မူထူးခြားတဲ့ နည်းလမ်းတွေနဲ့ ပရိသတ်ကြီးဆီကို သယ်ဆောင်လာပြီဆိုတဲ့ အကြောင်းကို ဂုဏ်ယူစွာနဲ့ ပြောကြားလိုပါတယ်။ LIVE လွှင့်နေချိန်အတွင်းမှာ Surprise ဖြစ်စေမယ့် အစီအစဉ်လေးတွေလည်း ထည့်ပေးထားပြီး ကိုယ်ကိုတိုင် ဘေးကင်းတဲ့ အကွာအဝေးကနေ သီချင်းတွေရဲ့ အင်အားနဲ့ ဆက်သွယ်နိုင်အောင် အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။ ကြည့်ရှုသူတွေကိုလည်း ဒီကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် စီစဉ်ထားတဲ့ Coin လက်ဆောင်တွေ ပေးပို့ရင်း ထောက်ပံ့လှူဒါန်းပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု JOOX Myanmar ၏ Country Manager ဖြစ်သူ Mr. John Zhang က ပြောကြား ခဲ့သည်။

“The Sound of Happiness” ဂီတပွဲတော်တွင် နိုင်ငံကျော် အဆိုတော်များဖြစ်သည့် ဝေလ၊ Big Bag၊ ဖြူဖြူကျော်သိန်း၊ ရွှေထူး၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ မေ နှင့် ချမ်းမြေ့မောင်ချိုတို့က ပါဝင်ဖျော်ဖြေသွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာမှ အဆိုတော်များဖြစ်သည့် Ruel၊ Alexander 23၊ Circa Waves၊ Mxmtoon၊ Conor Matthews၊ Gracie Abrams၊ Griff၊ JC Stewart နှင့် Maximillian တို့လည်း ပါဝင်မည် ဖြစ်သည်။ Pop၊ R&B၊ Hip Hop နှင့် Rock စသည့် ခေတ်ပေါ်တေးဂီတ အမျိုးအစားများစွာနှင့် ဖျော်ဖြေသွားမည်ဖြစ်ပြီး စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခုဖြစ်သော realme မှလည်း ဤ ရန်ပုံငွေပွဲတော်အတွက် ပါဝင်ကူညီလှူဒါန်းသွားမည်ဖြစ်သည်။ အထက်တွင် ဖော်ပြထားသော မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ အနုပညာရှင်များအပြင် ကြည့်ရှုသူများအတွက် ကမ္ဘာ့ DJ အဆင့် (၁၄) ရှိ နာမည်ကျော် DJ R3hab ကလည်း အထူးအစီအစဉ်အနေတစ်ခုအနေဖြင့် ဖျော်ဖြေသွားမည် ဖြစ်သည်။

၁၉၈၂ ခုနှစ်တွင် နိုင်ငံတကာ တေးဂီတပွဲတော်နေ့ကို ပြင်သစ်နိုင်ငံ၌ စတင်ပြုလုပ်ကျင်းပခဲ့ပြီး နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့တိုင်း ကျင်းပပြုလုပ်ခဲ့သည်။ ပြီးခဲ့သောနှစ်များတွင် ကမ္ဘာတစ်ဝန်း မြို့ပေါင်း တစ်ထောင်ကျော်ရှိ အများ ပြည်သူကြည့်ရှုနိုင်သည့် နေရာများတွင် အခမဲ့ တေးဂီတပွဲ‌တော်ကြီးများကို ကျင်းပပြုလုပ်ခဲ့သည်။

JOOX သည် “Freemium” အခမဲ့ သီချင်းနားထောင်နိုင်ရသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဟောင်ကောင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာအပါအဝင် အာရှဈေးကွက်တွင် ရယူနားဆင်နိုင်မည်ဖြစ်သည်။ JOOX ကို ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူဦးရေ သန်းပေါင်း ၂၉၀ ကျော်ရှိပြီး ၁၅ ဘီလီယံမှာ လက်ရှိအသုံးပြုလျက်ရှိသည်။ JOOX သည် နိုင်ငံတစ်နိုင်ငံချင်းစီမှ အသုံးပြုသူများ၏ ဂီတအပေါ် စိတ်ဝင်စားမှုများရှိစေရန် ဝန်ဆောင်မှုများကို ထောက်ပံ့လျက်ရှိသည်။ JOOX တွင် မြန်မာသီချင်းအားလုံးကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး အချို့သော နိုင်ငံတကာမှ သီချင်းများကိုသာလျှင် VIP Membership ဝယ်ယူ၍ နားဆင်နိုင်မည်ဖြစ်သည်။

JOOX အနေဖြင့် “Stay At Home” ကာလအတွင်းမှာ မြန်မာဂီတပရိသတ်များကို စိတ်ခံစားချက်များ ပေါ့ပါးလာ စေရန်၊ အိမ်မှာနေစဉ် စိတ်ပျော်ရွင်မှုရှိနေစေဖို့ ကူညီပေးရန်၊COVID-19 နဲ့ပတ်သက်ပြီး အသိပညာဖြန့်ဖြူး ပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာပြီး စိတ်ဓာတ်ခွန်အားလှုံ့ဆော် ပေးနိုင်သော Playlist ကို ဒီဇိုင်းဆွဲဖန်တီးထားခြင်းဖြစ်သည်။

“တစ်ကမ္ဘာလုံးမှာ COVID-19 ရဲ့ အကျိုးသက်ရောက်မှုဟာ တော်တော်လေးကြီးမားပြီး အကူအညီ လိုအပ်တဲ့သူတွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်တို့ JOOX အနေနဲ့ မြန်မာဂီတပရိသတ်တွေအတွက် သူတို့လိုအပ်နေတဲ့ တိုက်ရိုက်ဖျော်ဖြေမှုဆီက စိတ်လှုပ်ရှားတက်ကြွမှုတွေ ပေးနိုင်ဖို့ လုပ်ဆောင်ပေးရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု Mr. Zhang က ထပ်မံ ပြောကြားခဲ့သည်။

JOOX အကြောင်း

JOOX သည် သီချင်းချစ်သူများအတွက် ဖန်တီးပြုလုပ်ထားသော ဂီတ အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ JOOX သည် ကမ္ဘာတဝန်းလုံးရှိ သီချင်းပေါင်း သန်း ၃၀ ကျော် ထည့်သွင်းထားပြီး မိမိ အကြိုက်ဆုံး အနုပညာရှင်များ၊ သီချင်းများ၊ အယ်လ်ဘမ်များနှင့် စိတ်ကြိုက် ရွေးချယ်ထားသော Playlist များနှင့် ဆက်သွယ်ပေးမည် ဖြစ်သည်။ အသုံးပြုသူများသည် မိမိ၏ အကြိုက်၊ စိတ်ခံစားမှုတို့နှင့် ကိုက်ညီအောင် အကြံပြုပေးသော သီချင်းများနှင့် ရေဒီယိုလိုင်းများမှ တစ်ဆင့် ကောင်းမွန်သော သီချင်းသစ်များကို ရှာဖွေတွေ့ရှိနိုင်သည်။ JOOX ကို iOS, Android နှင့် Desktop (Windows / Mac) တို့တွင် ရရှိနိုင်ပြီ ဖြစ်သောကြောင့် အသုံးပြုသူများသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို အရည်အသွေးမြင့် ဂီတအတွေ့အကြုံကို ရရှိခံစားနိုင်မည်ဖြစ်သည်။

 

COVID-19 ရန္ပုံေငြအတြက္ JOOX မွ World Music Day အြန္လိုင္းဂီတပြဲေတာ္

JOOX မွ World Music Day ဂီတပြဲေတာ္ကို ျပည္တြင္း၊ ျပည္ပ အႏုပညာရွင္မ်ားႏွင့္အတူ JOOX အက္ပလီေကးရွင္းမွ တစ္ဆင့္ တိုက္႐ိုက္ထုတ္လႊင့္တင္ဆက္သြားမည္ျဖစ္ၿပီး COVID-19 ရန္ပုံေငြအတြက္လည္း လြယ္ကူစြာ ပါဝင္လႉဒါန္းႏိုင္မည္ျဖစ္သည္။

ဇြန္လ ၂၁ ရက္ေန႔တြင္ ႏွစ္စဥ္က်င္းပေနၾကျဖစ္သည့္ JOOX World Music Day 2020 ဂီတပြဲေတာ္ကို ျမန္မာႏိုင္ငံတြင္ ဒုတိယအႀကိမ္အျဖစ္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ျပည္တြင္း၊ ျပည္ပမွ နာမည္ေက်ာ္ အဆိုေတာ္ ၁၈ ဦးပါဝင္မည္။

ျမန္မာႏိုင္ငံတြင္ ေရပန္းစားလူႀကိဳက္မ်ားေသာ အင္တာနက္မွ သီခ်င္း နားေထာင္ႏိုင္သည့္ JOOX အက္ပလီေကးရွင္းသည္ ႏွစ္စဥ္က်င္းပလ်က္ရွိေသာ JOOX World Music Day 2020 ဂီတပြဲေတာ္ကို ဒုတိယအႀကိမ္အျဖစ္ က်င္းပမည္ျဖစ္ၿပီး Social Distancing စည္းမ်ဥ္းစည္းကမ္းမ်ား အတိုင္း လိုက္နာကာ COVID-19 ရန္ပုံံေငြပြဲအျဖစ္ အြန္လိုင္းမွ တစ္ဆင့္ က်င္းပမည္ျဖစ္သည္။ “The Sound of Happiness” ဟု အမည္ေပးထားသည့္ အဆိုပါဂီတပြဲေတာ္ကို ဇြန္လ ၂၁ရက္၊ တနဂၤေႏြေန႔၊ ေန႔လယ္တစ္နာရီမွ စတင္ကာ က်င္းပသြားမည္ျဖစ္ၿပီး JOOX အက္ပလီေကးရွင္းမွ တစ္ဆင့္ LIVE ထုတ္လႊင့္သြားမည္ျဖစ္သည္။

ပရိသတ္မ်ားမွ မိမိသေဘာက်ႏွစ္သက္သည့္ အႏုပညာရွင္မ်ားကို JOOX အက္ပလီေကးရွင္းရွိ Coin မ်ားကို လက္ေဆာင္အေနျဖင့္ ေပးပို႔ျခင္းျဖင့္ ပါဝင္လႉဒါန္းႏိုင္မည္ျဖစ္သည္။ Coin လက္ေဆာင္တစ္ခုလွ်င္ ျမန္မာက်ပ္ေငြ ၂၀ က်ပ္ က်သင့္မည္ျဖစ္ၿပီး ဤကမ္ပိန္းမွ ရရွိသည့္ Coin စုစုေပါင္းလက္ေဆာင္မ်ား၏ ေငြေၾကးမ်ား အားလုံးကို UNICEF သို႔ လႉဒါန္းသြားမည္ျဖစ္သည္။

JOOX က လက္ေဆာင္အေနျဖင့္ ရရွိသည့္ စုစုေပါင္းေငြပမာဏကို UNICEF မွ အျပည္ျပည္ဆိုင္ရာ COVID-19 လုပ္ငန္းေဆာင္႐ြက္ခ်က္ေတြအတြက္ အသုံးျပဳသြားမည္ျဖစ္သည္။

“JOOX အေနနဲ႔ သီခ်င္းခ်စ္သူေတြအတြက္ သူတို႔ ႀကိဳက္ႏွစ္သက္တဲ့ သီခ်င္းေတြကို စိတ္ႀကိဳက္ခံစားႏိုင္မယ့္ နည္းလမ္းသစ္ေတြ ေပးႏိုင္ဖို႔ အၿမဲ ႀကိဳးစားေနပါတယ္။ မႏွစ္က က်င္းပခဲ့တဲ့ JOOX World Music Day 2019 ဂီတပြဲေတာ္ကလည္း အထူးေအာင္ျမင္ခဲ့ပါတယ္။ ဒီႏွစ္မွာ စိတ္မေကာင္းဖြယ္ အေျခအေနေတြ ရွိေပမယ့္ ဒုတိယေျမာက္ပြဲကို တစ္မူထူးျခားတဲ့ နည္းလမ္းေတြနဲ႔ ပရိသတ္ႀကီးဆီကို သယ္ေဆာင္လာၿပီဆိုတဲ့ အေၾကာင္းကို ဂုဏ္ယူစြာနဲ႔ ေျပာၾကားလိုပါတယ္။ LIVE လႊင့္ေနခ်ိန္အတြင္းမွာ Surprise ျဖစ္ေစမယ့္ အစီအစဥ္ေလးေတြလည္း ထည့္ေပးထားၿပီး ကိုယ္ကိုတိုင္ ေဘးကင္းတဲ့ အကြာအေဝးကေန သီခ်င္းေတြရဲ႕ အင္အားနဲ႔ ဆက္သြယ္ႏိုင္ေအာင္ အားလုံးကို ဖိတ္ေခၚလိုက္ပါတယ္။ ၾကည့္ရႈသူေတြကိုလည္း ဒီကမာၻလုံးဆိုင္ရာ ကပ္ေရာဂါ ျပန္လည္ထူေထာင္ေရး လုပ္ငန္းစဥ္ေတြအတြက္ စီစဥ္ထားတဲ့ Coin လက္ေဆာင္ေတြ ေပးပို႔ရင္း ေထာက္ပံ့လႉဒါန္းေပးၾကဖို႔ တိုက္တြန္းခ်င္ပါတယ္” ဟု JOOX Myanmar ၏ Country Manager ျဖစ္သူ Mr. John Zhang က ေျပာၾကား ခဲ့သည္။

“The Sound of Happiness” ဂီတပြဲေတာ္တြင္ ႏိုင္ငံေက်ာ္ အဆိုေတာ္မ်ားျဖစ္သည့္ ေဝလ၊ Big Bag၊ ျဖဴျဖဴေက်ာ္သိန္း၊ ေ႐ႊထူး၊ အိမ့္ခ်စ္၊ ၿဖိဳးျပည့္စုံ၊ ေမ ႏွင့္ ခ်မ္းေျမ့ေမာင္ခ်ိဳတို႔က ပါဝင္ေဖ်ာ္ေျဖသြားမည္ျဖစ္သည္။ ထို႔အျပင္ ႏိုင္ငံတကာမွ အဆိုေတာ္မ်ားျဖစ္သည့္ Ruel၊ Alexander 23၊ Circa Waves၊ Mxmtoon၊ Conor Matthews၊ Gracie Abrams၊ Griff၊ JC Stewart ႏွင့္ Maximillian တို႔လည္း ပါဝင္မည္ ျဖစ္သည္။ Pop၊ R&B၊ Hip Hop ႏွင့္ Rock စသည့္ ေခတ္ေပၚေတးဂီတ အမ်ိဳးအစားမ်ားစြာႏွင့္ ေဖ်ာ္ေျဖသြားမည္ျဖစ္ၿပီး စမတ္ဖုန္း အမွတ္တံဆိပ္တစ္ခုျဖစ္ေသာ realme မွလည္း ဤ ရန္ပုံေငြပြဲေတာ္အတြက္ ပါဝင္ကူညီလႉဒါန္းသြားမည္ျဖစ္သည္။ အထက္တြင္ ေဖာ္ျပထားေသာ ျမန္မာႏိုင္ငံႏွင့္ ႏိုင္ငံတကာမွ အႏုပညာရွင္မ်ားအျပင္ ၾကည့္ရႈသူမ်ားအတြက္ ကမာၻ႔ DJ အဆင့္ (၁၄) ရွိ နာမည္ေက်ာ္ DJ R3hab ကလည္း အထူးအစီအစဥ္အေနတစ္ခုအေနျဖင့္ ေဖ်ာ္ေျဖသြားမည္ ျဖစ္သည္။

၁၉၈၂ ခုႏွစ္တြင္ ႏိုင္ငံတကာ ေတးဂီတပြဲေတာ္ေန႔ကို ျပင္သစ္ႏိုင္ငံ၌ စတင္ျပဳလုပ္က်င္းပခဲ့ၿပီး ႏွစ္စဥ္ ဇြန္လ ၂၁ ရက္ေန႔တိုင္း က်င္းပျပဳလုပ္ခဲ့သည္။ ၿပီးခဲ့ေသာႏွစ္မ်ားတြင္ ကမာၻတစ္ဝန္း ၿမိဳ႕ေပါင္း တစ္ေထာင္ေက်ာ္ရွိ အမ်ား ျပည္သူၾကည့္ရႈႏိုင္သည့္ ေနရာမ်ားတြင္ အခမဲ့ ေတးဂီတပြဲ‌ေတာ္ႀကီးမ်ားကို က်င္းပျပဳလုပ္ခဲ့သည္။

JOOX သည္ “Freemium” အခမဲ့ သီခ်င္းနားေထာင္ႏိုင္ရသည့္ အက္ပလီေကးရွင္းတစ္ခုျဖစ္ၿပီး ေဟာင္ေကာင္၊ ထိုင္း၊ အင္ဒိုနီးရွား၊ မေလးရွားႏွင့္ ျမန္မာအပါအဝင္ အာရွေဈးကြက္တြင္ ရယူနားဆင္ႏိုင္မည္ျဖစ္သည္။ JOOX ကို ကမာၻတစ္ဝန္းတြင္ အသုံးျပဳသူဦးေရ သန္းေပါင္း ၂၉၀ ေက်ာ္ရွိၿပီး ၁၅ ဘီလီယံမွာ လက္ရွိအသုံးျပဳလ်က္ရွိသည္။ JOOX သည္ ႏိုင္ငံတစ္ႏိုင္ငံခ်င္းစီမွ အသုံးျပဳသူမ်ား၏ ဂီတအေပၚ စိတ္ဝင္စားမႈမ်ားရွိေစရန္ ဝန္ေဆာင္မႈမ်ားကို ေထာက္ပံ့လ်က္ရွိသည္။ JOOX တြင္ ျမန္မာသီခ်င္းအားလုံးကို အခမဲ့နားဆင္ႏိုင္မည္ျဖစ္ၿပီး အခ်ိဳ႕ေသာ ႏိုင္ငံတကာမွ သီခ်င္းမ်ားကိုသာလွ်င္ VIP Membership ဝယ္ယူ၍ နားဆင္ႏိုင္မည္ျဖစ္သည္။

JOOX အေနျဖင့္ “Stay At Home” ကာလအတြင္းမွာ ျမန္မာဂီတပရိသတ္မ်ားကို စိတ္ခံစားခ်က္မ်ား ေပါ့ပါးလာ ေစရန္၊ အိမ္မွာေနစဥ္ စိတ္ေပ်ာ္႐ြင္မႈရွိေနေစဖို႔ ကူညီေပးရန္၊COVID-19 နဲ႔ပတ္သက္ၿပီး အသိပညာျဖန႔္ျဖဴး ေပးရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လမ္းၫႊန္ခ်က္မ်ားကို လိုက္နာၿပီး စိတ္ဓာတ္ခြန္အားလႈံ႕ေဆာ္ ေပးႏိုင္ေသာ Playlist ကို ဒီဇိုင္းဆြဲဖန္တီးထားျခင္းျဖစ္သည္။

“တစ္ကမာၻလုံးမွာ COVID-19 ရဲ႕ အက်ိဳးသက္ေရာက္မႈဟာ ေတာ္ေတာ္ေလးႀကီးမားၿပီး အကူအညီ လိုအပ္တဲ့သူေတြ အမ်ားႀကီး ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ JOOX အေနနဲ႔ ျမန္မာဂီတပရိသတ္ေတြအတြက္ သူတို႔လိုအပ္ေနတဲ့ တိုက္႐ိုက္ေဖ်ာ္ေျဖမႈဆီက စိတ္လႈပ္ရွားတက္ႂကြမႈေတြ ေပးႏိုင္ဖို႔ လုပ္ေဆာင္ေပးရတဲ့အတြက္ ေက်နပ္မိပါတယ္” ဟု Mr. Zhang က ထပ္မံ ေျပာၾကားခဲ့သည္။

JOOX အေၾကာင္း

JOOX သည္ သီခ်င္းခ်စ္သူမ်ားအတြက္ ဖန္တီးျပဳလုပ္ထားေသာ ဂီတ အက္ပလီေကးရွင္းတစ္ခုျဖစ္သည္။ JOOX သည္ ကမာၻတဝန္းလုံးရွိ သီခ်င္းေပါင္း သန္း ၃၀ ေက်ာ္ ထည့္သြင္းထားၿပီး မိမိ အႀကိဳက္ဆုံး အႏုပညာရွင္မ်ား၊ သီခ်င္းမ်ား၊ အယ္လ္ဘမ္မ်ားႏွင့္ စိတ္ႀကိဳက္ ေ႐ြးခ်ယ္ထားေသာ Playlist မ်ားႏွင့္ ဆက္သြယ္ေပးမည္ ျဖစ္သည္။ အသုံးျပဳသူမ်ားသည္ မိမိ၏ အႀကိဳက္၊ စိတ္ခံစားမႈတို႔ႏွင့္ ကိုက္ညီေအာင္ အႀကံျပဳေပးေသာ သီခ်င္းမ်ားႏွင့္ ေရဒီယိုလိုင္းမ်ားမွ တစ္ဆင့္ ေကာင္းမြန္ေသာ သီခ်င္းသစ္မ်ားကို ရွာေဖြေတြ႕ရွိႏိုင္သည္။ JOOX ကို iOS, Android ႏွင့္ Desktop (Windows / Mac) တို႔တြင္ ရရွိႏိုင္ၿပီ ျဖစ္ေသာေၾကာင့္ အသုံးျပဳသူမ်ားသည္ မည္သည့္အခ်ိန္၊ မည္သည့္ေနရာတြင္မဆို အရည္အေသြးျမင့္ ဂီတအေတြ႕အႀကဳံကို ရရွိခံစားႏိုင္မည္ျဖစ္သည္။

Read times
Rate this item
(0 votes)