ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေးနှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင် ရန်အတွက်

အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့်ပြောင်းလဲတပ်ဆင်ပြီး ဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်က သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ် အသစ်များဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၃၁ ရက် တွင် အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်သည်။
အောက်ပါဇယားတွင် ဖော်ပြထားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကိုလည်း ခေတ်မီ အိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြုတယ်လီဖုန်း စနစ်နှင့် ကြိုးမဲ့စနစ်သုံး (Wireless) တယ်လီဖုန်းများဖြင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ပါသဖြင့် အော်တို တယ်လီဖုန်း နံပါတ်များမှာ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

 

Read times
Rate this item
(0 votes)