မြန်မာ့ပထမဦးဆုံး ဒစ်ဂျစ်တယ် ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲ “APPathon” အား အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်ဖြစ်ကြောင်း အူရီဒူးမြန်မာမှ ကြေညာ

ဒစ်ဂျစ်တယ်ဂေဟစနစ်ကို အားပေးရန် စူးစိုက်နှစ်မြှုပ်ဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဒစ်ဂျစ်တယ်ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲကြီးဖြစ်သည့် "APPathon" ကို အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အူရီဒူးမြန်မာမှ ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

 

အဆိုပါ “APPathon” ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာလူငယ်လူရွယ်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် လုပ်ဆောင်နိုင်စွမ်းတို့ကို အားပေးပြီး မျိုးဆက်သစ်ဒစ်ဂျစ်တယ် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အတူတကွ ပေါင်းစပ်ဆောင်ရွက်နိုင်စေရန် ဖြစ်ပြီး မည်သည့်အဆင့်မှမဆို ဆန်းသစ်တီထွင်ဖန်တီးနိုင်သည့် App ဒီဇိုင်းပညာရှင်များအားလုံးကို ပါဝင်ယှဉ်ပြိုင်ရန် တိုက်တွန်းအားပေးပြီး ၎င်းတို့၏ ဒီဇိုင်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပါဝင်ယှဉ်ပြိုင်၍ စိတ်လှုပ်ရှားဖွယ်ဆုကြီးများကို အနိုင်ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

Visual ဒီဇိုင်းပိုင်း စိတ်အားထက်သန်သည့် အသက်၁၈နှစ်နှင့်အထက် မည်သူမဆိုနှင့် (အငယ်တန်း၊ အပျော်တမ်း၊ ပညာရှင်အဆင့်စသဖြင့်) မည်သည့်အဆင့်မှမဆို အဖွဲ့ဝင်တစ်ဦးမှသုံးဦးအထိ ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့်သူများသည် prototyping tools များ၊ အွန်လိုင်းဆက်သွယ်ရေးပလက်ဖောင်းများကို ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုတတ်ရန်လိုအပ်ပြီး ပါဝင်ယှဉ်ပြိုင်ရန် စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်လွှာဖောင်ကို https://bit.ly/OoredooDesignChallenge တွင် ဖြည့်စွက် စာရင်းသွင်းရမည် ဖြစ်သည်။

 

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ယခုမှစ၍ စက်တင်ဘာလ (၂၂)ရက်မတိုင်မီ လျှောက်ထားနိုင်မည် ဖြစ်ပြီး စိတ်ပါဝင်စားသူများအတွက် အွန်လိုင်းမှတစ်ဆင့် အသေးစိတ်သတင်းအချက်အလက်များ မျှဝေမည့် အစီအစဉ်ကို ယခုအင်္ဂါနေ့ (စက်တင်ဘာလ ၁၅ ရက်နေ့) တွင် ညနေ ၇:၀၀ နာရီမှ ၈:၁၅ နာရီ အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖော်ပြပါ Facebook လင့်ခ် https://www.facebook.com/events/3549146445135383 မှတစ်ဆင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။

 

၎င်းပြိုင်ပွဲကို အဆင့်နှစ်ဆင့်ဖြင့်ကျင်းပမည်ဖြစ်ကာ ညှိနှိုင်းဆောင်ရွက်ခြင်းအဆင့်ကို စက်တင်ဘာလ (၂၄)ရက်မှ အောက်တိုဘာလ (၁)ရက်နေ့အထိ သော်လည်းကောင်း၊ တီထွင်ဆန်းသစ်မှုအဆင့်ကို အောက်တိုဘာလ (၂)ရက်မှ (၁၄)ရက်နေ့ အထိ သော်လည်းကောင်း ကျင်းပပြုလုပ်မည် ဖြစ်သည်။

 

အနိုင်ရရှိသူများအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်တွင် ကြေညာမည်ဖြစ်သည်။ အနိုင်ရရှိသည့်အသင်း၊ ဒုတိယနှင့်တတိယဆုရအသင်းများအနေဖြင့် 3000 USD, 2000 USD နှင့် 1000 USD စသည်ဖြင့် ဆုများအသီသီးဆွတ်ခူးနိုင်မည် ဖြစ်ပြီး စတုတ္ထနှင့် ပဉ္စမအသင်းများ အနေဖြင့်လည်း အသိအမှတ်ပြုဆုလက်မှတ်များ ချီးမြှင့်ခံရမည် ဖြစ်သည်။

 

APPathon နှင့်ပါတ်သတ်ပြီး အချက်အလက်များကို ပိုမိုသိရှိလိုပါက APPathon Facebook စာမျက်နှာ https://www.facebook.com/APPathon-134234918121792 တွင် ဝင်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Read times
Rate this item
(0 votes)