iPhone 12 ကိုတရုတ်ပြည်တွင် ဝယ်လိုအား ကောင်း

Apple ၏ပထမ ဦး ဆုံး 5G ဖုန်းဖြစ်သော iPhone 12 ကို တရုတ်နိုင်ငံတွင် စတင်ဖြန့်ချိခဲ့ရာ ဝယ်လိုအားကောင်းနေသည်။

 

ရွေးစရာ အခြားးစျေးနှုန်းချိုသာသည့် 5G ဖုန်းများ ရှိနေသော်လည်း iPhone ပရိသတ် ခိုင်မြဲလျက် ရှိသည်။

 

iPhone 12 အတွက်ကြိုတင်မှာယူမှုများသည် ပြီးခဲ့သည့်နှစ် iPhone 11 နှင့်နှိုင်းယှဉ်လျှင် ပထမ ၂၄ နာရီအတွင်းအနည်းဆုံးနှစ်ဆမြင့်တက်ခဲ့သည်။

 

သောကြာနေ့တွင် အက်ပဲလ်၏ iPhone 12 စီးရီး စမတ်ဖုန်းများကို ကမ္ဘာအနှံ့ရောင်းချခဲ့ပြီး တရုတ်နိုင်ငံရှိ လူအများအပြားတို့သည် ဝယ်ဖို့ အဆင်သင့်ဖြစ်နေကြသည်။ နေ့လည်စာစားချိန်၌ ဘီဂျင်းမြို့တော်ရှိ Apple ၏ အထင်ကရဆိုင်တစ်ခု၏ အပြင်ဘက်တွင် iPhone 12 ဝယ်ဖို့ တန်းစီနေသူများကို တွေ့ရသည်။

 

ပိုဈေးသက်သာသည့် 5G ဖုန်းများ ရှိနေပြီး iPhone 12 တွင် နားကြပ်မပါ၊ အားသွင်းကိရိယာလည်း မပါ၊ တရုတ်နိုင်ငံသည် အမေရိကန်နှင့် တင်းမာမှုများ ပိုမိုပြင်းထန်လာနေသော်လည်း တရုတ်ပြည်မှ ဖုန်းသုံးသူများအပေါ် Apple က ဆွဲဆောင်နိုင်သည့်စွမ်းအားကို သက်သေပြနေသည်။

 

လူတန်း ဖြစ်နေသည်မှာ မနက် ၈ နာရီကတည်းက ဖြစ်သည်။ မစောင့်နိုင်သူများက ဆိုင်မှ ဝယ်လာပြီး တစ်ဆင့်ပြန်ရောင်းသော တန်းစီတိုးစားများထံမှာ ယွမ်တစ်ထောင် အပိုဆောင်းပေးပြီး ဝယ်ကြသည်။

 

ကမ္ဘာတစ်လွှား iPhone 12 Pro ဈေးဦးပေါက် ဝယ်ယူခြင်းများတွင် ၃၅ မှ ၄၅ % တရုတ်ပြည်မှ ဖြစ်သည်။

 

iPhone 12 နှင့် iPhone 12 Pro တို့ကို ကမ္ဘာတစ်လွှား pre-orders မှာကြားခြင်း ၇ သန်းမှ ၉ သန်းအထိ ရှိသည်ဟု Apple ၏ ဈေးကွက် စောင့်ကြည့်သူ Kuo Ming-Chi က ခန့်မှန်းသည်။

Read times
Rate this item
(0 votes)