Google ကို စိန်ခေါ်နေတဲ့ Huawei ရဲ့ “Petal Search”

Huawei က အနှောက်အယှက်တွေ အမျိုးမျိုးကြားမှ Mate 40 ကို ထုတ်လုပ်ဖြန့်ချိလိုက်တယ်။

အမေရိကန်အစိုးရက စမတ်ဖုန်းမှာ သုံးမယ့် chipsets တွေကို တားမြစ်ပိတ်ပင်တယ်။ Google ကိုလည်းသုံးခွင့် မရဘူး။ ဒီတော့ Google ရဲ့ ဝန်ဆောင်မှုတွေ မသုံးရတဲ့အပြင် Google ရဲ့ လူသုံးအလွန်များတဲ့ အက်ပ်တွေလည်း ပါမလာဘူး။

ဒါပေမဲ့ ခြောက်ကပ်ကပ်ကြီး ဖြစ်မနေရအောင် Huawei က ကြံဆောင်လုပ်ကိုင်ထားတယ်။ 

 

Huawei က အင်တာနက် ရှာဖွေမှုအတွက် “Petal Search” ကို ပိုကောင်းအောင် လုပ်ပေးထားတယ်။

 

 Play Store အစား AppGallery စီစဉ်ပေးထားတယ်။ Play Store ကို လိုက်မမီသေးပေမဲ့လည်း တဖြည်းဖြည်းနဲ့ ပိုမိုစုံလင်လာနေတာကို တွေ့ကြရတယ်။

 

 Android ဖုန်းတွေကို ကြီးစိုးထားတဲ့ Google Maps  ပါမလာပေမဲ့ Huawei က Here WeGo နဲ့ အစားထိုးပေးထားတယ်။ TomTom Go Navigation နဲ့ ပူးပေါင်းလုပ်ကိုင်မှုတွေလည်း ရှိနေတယ်။ အောင်မြင်ခဲ့ရင် Huawei Maps ဆိုပြီး ကိုယ်ပိုင်မြေပုံရရှိလိမ့်မယ်။ လောလောဆယ်တော့ Maps လို့ပဲ အက်ပ်ကို အမည်ပေးထားတယ်။ Petal Search အောင်ပွဲခံတာမို့ Petal Maps လို့ အမည်ပေးချင် ပေးလိမ့်မယ်။

Apple တုန်းကလည်း iPhone အတွက် မြေပုံဖြစ်လာဖို့  TomTom Go Navigation ထံမှ အကူအညီတွေ ရယူခဲ့တယ်။ 

 

 

petal_map.jpg

 

Huawei အနေဖြင့်  Google ကို အံတုဖို့ ရည်ရွယ်ချက် ရှိလို့ အခုလို အက်ပ်တွေ ဖန်တီးနေတာ မဟုတ်ဘဲ အမေရိကန် အစိုးရရဲ့ ပိတ်ပင်မှုတွေအောက်မှာ ဆက်လက်ရှင်သန်ခွင့်ရဖို့အတွက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်တာနက်ကို ကြီးစိုးနေတဲ့ Google ကို Apple ရဲ့ အက်ပ်တွေနဲ့  AppStore က စိန်ခေါ်သည့်နည်းတူ Huawei ရဲ့ အက်ပ်တွေနဲ့ AppGallery က Google ကို စိန်ခေါ်စ ပြုလာနေတာကို တွေ့ရပါတယ်။ 

 

 

Capture.PNG

 

၂၀၂၀ နှစ်ကုန်ခါနီးလာချိန်မှာ စမတ်ဖုန်းသစ်နဲ့အတူ  Huawei က ၎င်း၏ဂေဟစနစ်တွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော အက်ပ်တွေကို အဆင့်မြှင့်တင်ပြီး ထပ်မံဖြန့်ချိလိုက်တယ်။ စမတ်ဖုန်းရောင်းချမှုဟာ မျှော်မှန်းထားတဲ့ ယူနစ်သန်း ၁၈၀ မှ ၂၀၀ အတွင်းသာ ရှိမှာဖြစ်လို့ သန်း ၅၀ အထိကျဆင်းသွားတယ်။ သိုလှောင်ထားသော chipsets စုဆောင်းမှုဟာ ပိုလျှံနေတယ်။ ၂၀၂၁ မှာ ဆက်လက် ရှင်သန်နေစေဖို့ Android မှာ တိုက်ပွဲတွေကို မဖြစ်မနေ အနိုင်ရအောင် လုပ်ဖို့ လိုတဲ့အပြင် အမေရိကန် အစိုးရက ချောင်ပိတ်ဖမ်းထားတဲ့အထဲမှ အပြင်သို့ လွတ်လမ်းရဖို့လည်း မလွဲမသွေ လိုအပ်နေတယ်။ အဲဒါကြောင့် 5G networks မှာ ပိုပိုကောင်းလာတဲ့ အက်ပ်တွေ ဝန်ဆောင်မှုတွေ  Huawei ထံမှ ထွက်ပေါ်လာလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

 

 

huawei-search-petal-search-img-1.jpg

Download the latest Petal Search:

Petal Search 10.1.3.301 (July 16, 2020)

Read times
Rate this item
(1 Vote)