Massinger အတု ပျံ့နှံ့နေသည်ကို သတိထားရန် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း ( MCIA ) က အသိပေးကြေညာထားပါသည်။
အသိပေးကြေညာချက်
ယခုနာရီပိုင်းအတွင်း Massinger ဆိုပြီး Update ပြုလုပ်ရန် Application တစ်ခု ပြန့်နှံ့နေပါကြောင်း သိရှိရပါသည်။ အဆိုပါ Application မှာ Facebook က ထုတ်လုပ်ထားတဲ့ အများသုံးစွဲနေကြသော Messenger App ၏ လိုဂိုဖြင့် ဆင်တူယိုးမှား ဖန်တီးထားသော App တစ်ခု ဖြစ်ပါသောကြောင့် အသုံးပြုသူများအနေဖြင့် Application များကို Download ပြုလုပ်ကြမည်ဆိုလျှင် သေချာစွာ စိစစ်ပြီးမှ ပြုလုပ်ကြပါရန် လေးစားစွာဖြင့် သတိပေးအပ်ပါသည်။
MCIA - မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း