မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံလုပ်ကိုင်လာခဲ့သည်မှာ ၇ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် vivo

Global Smartphone Brandတစ်ခုဖြစ်သည့်vivoသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံလုပ်ကိုင်လာခဲ့သည်မှာ ၇ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

vivoသည် အနာဂတ်တွင် မြန်မာနိုင်ငံအတွက်5Gစမတ်ဖုန်းများ ထုတ်လုပ်ရန် ရည်ရွယ်ထားသည့်အပြင် ဆက်လက်၍Customerများအတွက်Mobile Photographyအတွေ့အကြုံများ မြှင့်တင်ပေးရန် ပိုမိုတိုးတက်လာသည့် နည်းပညာများကိုဖော်ထုတ်လုပ်ဆောင် သွားမည်ဖြစ်သည်။

 Screenshot_2021-07-17_132623.jpg

 

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့်vivoသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်လာခဲ့သည်မှာ ယခုဆိုလျှင်၇ နှစ်မြောက် နှစ်ပတ်လည်ကို ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။

ယခုလိုvivoကို ၇ နှစ်တိုင်တိုင် အောင်မြင်မှုများ ရရှိလာစေရန် စဉ်ဆက်မပြတ်အားပေးခဲ့ကြသည့် မိတ်ဖက်များ၊ ဝန်ထမ်းများ၊Suppliersများ၊ ဖြန့်ဖြူးရောင်းချသူများနှင့် သုံးစွဲသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်းvivoမှ ဆက်လက် ကြေညာခဲ့သည်။

၂၀၁၄ ခုနှစ်တွင်vivoသည် တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမဟာဗျူဟာနှင့် ပြည်ပသို့ စျေးကွက်တိုးချဲ့ရန်အတွက် တောင်အာရှစျေးကွက်အတွင်း ပထမဦးဆုံးဝင်ရောက်ရင်းနှီးမြုပ်နှံခဲ့ပြီး ဌာနခွဲဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ နှစ်၏ ဇူလိုင်လတွင်vivoသည် မြန်မာ့ဈေးကွက်သို့ စတင် ဝင်ရောက်ခဲ့ပြီး ထိုအချိန်မှစ၍vivoသည် မြန်မာလူမျိုးများ၏ နေ့စဉ်ဘဝတွင် တစ်စိတ်တစ်ပိုင်းအဖြစ် နေရာယူလာခဲ့ပြီး သုံးစွဲသူများ လိုလားသည့် စမတ်ဖုန်းများကို စဉ်ဆက်မပြတ် တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။

စျေးကွက်ရှာဖွေရေး သုတေသနပြုချက်များအရvivoVစီးရီး၊Yစီးရီးနှင့်Sစီးရီးစမတ်ဖုန်းများသည် မြန်မာနိုင်ငံအတွင်း လူကြိုက်များသည့် ဖုန်းများဖြစ်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

vivo၏ ကင်မရာ ဆန်းသစ်မှု၊ ဒီဇိုင်းပိုင်း အသားပေးထားမှုနှင့် အသုံးပြုသူများကို ဦးစားပေးထားခြင်းသည်လူငယ်များအကြားvivoစမတ်ဖုန်းများကို လူကြိုက်များစေသည့် အဓိကအကြောင်းရင်းများ ဖြစ်သည်။

vivoမှ သုံးစွဲသူများအတွက် ပြီးပြည့်စုံသည့်ဆန်းသစ်တီထွင်မှုများပေးနိုင်ရန် အမြဲကြိုးပမ်းလျက်ရှိသည်။

vivo Vစီးရီးများတွင် ကင်မရာfeaturesများစွာ ထည့်သွင်းပေးထားခြင်း၊ ရှေ့ကင်မရာစနစ်တွင်OISပါဝင်ခြင်း၊V21စီးရီးအတွက်Selfie Spotlightများ ထည့်သွင်းပေးထားခြင်းဖြင့်vivo မှMobile Photographyနှင့်Night Photographyတို့၏ စံနှုန်းကို အကောင်းဆုံး ပြန်လည်မြှင့်တင်နိုင်ခဲ့သည်။vivo Y31, Y12sနှင့်Y51ကဲ့သို့သောYစီးရီး စမတ်ဖုန်းများ၏ အောင်မြင်မှုသည် လူငယ်များအကြိုက် စွမ်းဆောင်ရည်မြင့်သည့် စမတ်ဖုန်းများကို စျေးနှုန်းချိုသာစွာဖြင့် ရရှိနိုင်သည်ကို သက်သေပြနိုင်ခဲ့သည်။ထို့ကြောင့် vivoသည်စမတ်ဖုန်းများ၏ ဒီဇိုင်းများကို စတင်ဖန်တီးနေစဉ်အတွင်း လူငယ်များ၏ အကြိုက်ကို ထည့်သွင်းစဉ်းစားလုပ်ဆောင်ထားသည်။

မြန်မာနိုင်ငံအတွင်း ၇ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အနေဖြင့်vivo Mobile MyanmarCEOဖြစ်သူMr.Nelson Niက “ကျွန်တော်တို့vivoအနေနဲ့ မြန်မာနိုင်ငံမှာ ခုနစ်နှစ်ပြည့်သွားပါပြီ။ ပထမဦးဆုံးအနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့vivoမိသားစုဝင်တွေ ဒီနှစ်တွေတစ်လျှောက်လုံး သူတို့ရဲ့ မနားမနေ ကြိုးစားအားထုတ်မှုတွေနဲ့ ပံ့ပိုးမှုတွေအတွက် ချီးကျူးလိုပါတယ်။ ဒုတိယအချက်ကတော့vivoနဲ့ ဆက်နွယ်နေတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်။ မိတ်ဆွေတို့ အားလုံးဟာvivoရဲ့ ဖန်တီးမှုတွေအတွက် အကောင်းဆုံး လုပ်ဆောင်ခဲ့တဲ့အတွက် ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ နောက်ဆုံးနဲ့ အရေးအပါဆုံးအချက်ကတော့ သုံးစွဲသူတွေကိုလည်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ စမတ်ဖုန်းနဲ့ အမှတ်တံဆိပ်အပေါ် အမြဲမပြတ်ယုံကြည်ခဲ့တာကြောင့်vivoလည်း ရပ်တည်နိုင်တာဖြစ်ပါတယ်။vivoဟာ မြန်မာနိုင်ငံမှာ ရှေ့ဆက်ပြီးတော့Customerတွေအတွက် ဝန်ဆောင်မှုပေးဖို့၊ တိုးတက်စေဖို့နဲ့ ဖြန့်ချိနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံး အတိုင်းအတာမှာလည်းvivoသည်အောင်မြင်မှု ကြီးကြီးမားမားရရှိခဲ့သည်။

Canalysမှ ထုတ်ပြန်သော ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်းစျေးကွက် အချက်အလက်များအရvivoသည် စျေးကွက်ဝေစု ၁၀ ရာခိုင်နှုန်းဖြင့် အဆင့် ၅ တွင် ရောက်ရှိခဲ့သည်။

Counterpoint၏ ဒေတာအချက်အလက်များအရ တောင်အာရှဈေးကွက်တွင်လည်း၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင်vivo၏ စျေးကွက်ဝေစုသည်၁၆ ရာခိုင်နှုန်း ရှိပြီးvivoအမှတ်တံဆိပ်သည် တတိယနေရာတွင် ရှိနေသည်။

IDC Reportအရ ၂၀၂၀ ၏ စတုတ္ထသုံးလပတ်တွင်vivoသည် အာရှရှိ တင်ပို့မှု၏ ထိပ်ဆုံးတွင်ရှိခဲ့သည်။Strategy Analyticsအချက်အလက်များအရvivo အမှတ်တံဆိပ်သည် ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း ကမ္ဘာပေါ်တွင် ဒုတိယအလျင်မြန်ဆုံး တိုးတက်လာသည့်5Gစမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်လာသည်။

COVID-19ကူးစက်ရောဂါကြောင့် လူတိုင်းတွင် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။ ဤအကျပ်အတည်း ကာလအတွင်း ဝန်ထမ်းများ၏ လုံခြုံရေးသည်vivoအတွက် အဓိက ဦးစားပေးဖြစ်ခဲ့သည်။vivoမှ မြန်မာနိုင်ငံအတွင်းရှိ ဝန်ထမ်းများအတွက် အလုပ်နှင့်ဘဝ မျှတမှုရှိစေရန် အလုပ်ပိတ်ခြင်းနှင့် အလုပ်အကိုင်သင်တန်းများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် နည်းလမ်းများစွာဖြင့် စီစဉ်မှုများပြုလုပ်ခဲ့သည်။ ထို့အပြင် ကူးစက်ရောဂါသည် ဒစ်ဂျစ်တယ်လူနေမှုပုံစံသစ်တစ်ခုကို အစပျိုးပေးခဲ့သည်။စမတ်ဖုန်း အမှတ်တံဆိပ်အနေဖြင့်vivoသည် သုံးစွဲသူများအတွက် စမတ်ဖုန်းများအသုံးပြုရာ၌ လွယ်ကူသော အတွေ့အကြုံများရရှိစေရန်အတွက် အရည်အသွေး မြင့်မားသည့်စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို ပေးစွမ်းနိုင်ရန် ရည်မှန်းထားသည်။

vivoသည်Benfenအတွေးအခေါ်ကို ယုံကြည်သည့် အမှတ်တံဆိပ်တစ်ခုဖြစ်ပြီးvivoမှထုတ်ကုန်အသစ်များ မိတ်ဆက်ခြင်းဖြင့် စမတ်ဖုန်း နည်းပညာကို ပိုမိုတိုးတက်စေရန် မျှော်လင့်သည်။ မြန်မာနိုင်ငံတွင်5Gအသုံးပြုနိုင်ခြင်းသည် နိုင်ငံအတွင်း နည်းပညာတိုးတက်လာမှု၏ သင်္ကေတသစ်တစ်ခု ဖြစ်လိမ့်မည်ဖြစ်ရာvivoမှလည်း အနာဂတ်တွင် မြန်မာနိုင်ငံအတွက်5Gစမတ်ဖုန်းများ ထုတ်လုပ်ရန် ရည်ရွယ်ထားသည်။vivoသည် ကင်မရာ ဆန်းသစ်တီထွင်မှု လုပ်ငန်းစဉ်တွင် အပြောင်းအလဲများ ပြုလုပ်ပေးနိုင်ခဲ့ပြီးဖြစ်သော်လည်း ဆက်လက်၍Customerများအတွက်Mobile Photographyအတွေ့အကြုံများ မြှင့်တင်ပေးရန် ပိုမိုတိုးတက်လာသည့် နည်းပညာများကိုဖော်ထုတ်ရန် မျှော်လင့်သည်။

vivoအကြောင်း

vivoသည် စမတ်ဖုန်းလောက၏ ဆန်းသစ်တီထွင်မှုနှင့် အသိဉာဏ်ရှိသော စွမ်းဆောင်မှုများကို စီးပွားရေး ဝန်ဆောင်မှုများကို အဓိကဦးဆောင်လမ်းဖောက်နေသည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။vivoသည် သုံးစွဲသူများနှင့် ဒစ်ဂျစ်တယ် ကမ္ဘာအကြား တံတားသဖွယ် ဆောင်ရွက်ပေးမည့် နည်းပညာကို ပေးစွမ်းနိုင်ရန် ရည်ရွယ်သည်။vivo၏ ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် သုံးစွဲသူများအတွက် အဆင်ပြေစေမည့် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် လူနေမှုပုံစံကို ပေးစွမ်းနိုင်ခဲ့သည်။ ဆန်းသစ်တီထွင်မှု၊ အသုံးပြုသူများအား အလေးထားခြင်းသည် ကုမ္ပဏီ၏ အဓိကအလေးထား လိုက်နာရသည့်Benfen*ကဲ့သို့ အချက်များဖြစ်ပြီးvivoသည် ရေရှည်တည်တံ့ခိုင်မြဲသည့် ဗဟာဗျူဟာကို အကောင်အထည်ဖော်ပြီး ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်

အကောင်းဆုံးသော ဒေသခံမှ ကျွမ်းကျင်သူအသစ်များကို အမြဲမပြတ် ရှာဖွေရင်းvivoသည် စားသုံးသူများအတွက်5GArtificial intelligence၊ စက်မှုဒီဇိုင်း၊ ကင်မရာ စသည့် နည်းပညာအပါအဝင် အသစ်သစ်သော ခေတ်မီဆန်းသစ်သည့် နည်းပညာများစွာကို တီထွင်နိုင်ရန်အတွက်ShenzhenDongguanNanjingBeijingHangzhouShanghaiXi’anTaipeiTokyoနှင့်San Diegoဒေသရှိ သုတေသန ဖွံ့ဖြိုးရေးစင်တာ ၁၀ ခုနှင့် ဖွဲ့စည်းထားသည်။ တရုတ်၊ တောင်အာရှနှင့် အရှေ့တောင်အာရှတွင် နှစ်စဉ် စမတ်ဖုန်း သန်း (၂၀၀) ကျော် ထုတ်လုပ်သည့် ထုတ်လုပ်ရေးဌာန ၅ ခု (ကုန်အမှတ်တံဆိပ် ခွင့်ပြုထားသော ကုန်ထုတ်လုပ်မှုစင်တာအပါအ၀င်) ကို တည်ထောင်ခဲ့သည်။ ယခုအချိန်တွင်vivoသည် နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်တွင် ၎င်း၏ ရောင်းအားကွန်ယက်ကို ချဲ့ထွင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် သုံးစွဲသူသန်း ၄၀၀ ကျော် ရှိနေပြီဖြစ်သည်။

*"Benfen"သည် မှန်ကန်သောအရာများကို လုပ်ဆောင်ခြင်းနှင့် မှန်ကန်စွာလုပ်ဆောင်ခြင်းဟူသည့် သဘောထားကို ဖော်ပြသည့် အသုံးအနှုန်းဖြစ်ပြီး ကောင်းမွန်သည့် နည်းပညာများကို တီထွင်မည်ဆိုသည့်vivo၏ ခံယူချက်ကို အကောင်းဆုံးဖော်ပြသည့် အသုံးအနှုန်းဖြစ်သည်။

vivo၏ နောက်ဆုံးသတင်းများကိုhttps://www.vivo.com/en/about-vivo/newsတွင် ဖတ်ရှုနိုင်သည်။

Read times
Rate this item
(0 votes)