Google Docs မှာ ပုံပေါ် စာထည့်နည်း

Google Docs မှာ ပုံထည့်ထားပြီးတဲ့အခါ ပုံနဲ့ တွဲဘက်ပြီး စာကို ထည့်လို့ ရအောင် စီစဉ်ပေးထားတယ်။

01_behine_infront_text.jpg

 

ပုံရဲ့ ရှေ့မှာဖြစ်ဖြစ် နောက်မှာ ဖြစ်ဖြစ် ထည့်လို့ရအောင် လုပ်ပေးထားတယ်။

ပုံဘေးမှာ စာတွေ ရှိနေဖို့  wrapping text  လည်း လုပ်လို့ရတယ်။

 

ImageToolbarBehindFrontText-GoogleDocs.png

 

ပုံကို ကလစ်လုပ်လိုက်ရင် toolbar  အသေးတစ်ခု ပုံအောက်မှာ ပေါ်လာမယ်။

အဲဒီ toolbar မှာ စာတွေနဲ့အတူ  ပုံထားပုံထားနည်း ၅ မျိုး ရွေးချယ်စရာ ပေးထားတယ်။

အဲဒီ ၅ မျိုး တန်းစီလျက် ရှိနေတာမှာ ယာဘက် အစွန်နှစ်ခုက ပုံရှေ့စာထား နဲ့ ပုံနောက် စာထား တို့အတွက် ဖြစ်ပါတယ်။ 

 

ပုံကို ချိန်ဖို့အတွက်  toolbar ရဲ့ ယာစွန်မှာ ပြသထားတဲ့ sidebar မှာ ပုံကို စီမံဖို့အတွက်  Image Options ရွေးချယ်စရာတွေ ရှိနေတယ်။ 

အစက်သုံးစက် ထောင်လိုက် ရှိတာကို ကလစ်လုပ်လိုက်ပါ။

 

AllOptionsBehindFrontText-GoogleDocs.png

All Image Options ကို ရွေးချယ်ဖို့ ကလစ်လုပ်လိုက်ရင် စခရင်ရဲ့ ယာခြမ်းမှာ  Image Options ရဲ့ Side Bar ပွင့်သွားမယ်။ 

 

Screenshot_2021-07-19_164800.jpg

Text Wrapping ကို ကလစ်လုပ်ပြီး ဖွင့်ခိုင်းလိုက်ရင် “Behind Text” နဲ့ “In Front of Text” တို့ ရွေးချယ်ဖို့ ပုံလေးတွေ ရှိပါတယ်။

 

WrappingBehindFrontText-GoogleDocs.png

 

ပုံကို ဖြစ်စေ စာသားကို ဖြစ်စေ နေရာချပေးပြီး ကစားပေးလို့ ရပါတယ်။ 

 

ImageBehindAndFrontText-GoogleDocs.png

 

အခုလို ပုံနဲ့ စာ တွဲထားတာကို PDF ထုတ်လိုက်တဲ့အခါ ဖြစ်စေ၊ မိုက်ခရိုဆော့ဖ်ရဲ့ Word အဖြစ်ဖြင့် ရယူရင်ဖြစ်စေ အခုလို စီမံပေးထားတဲ့အတိုင်း ပါလာမှာ ဖြစ်ပါတယ်။

 

ImageFrontTextInWord-GoogleDocs.png

 

Read times
Rate this item
(0 votes)