Google Docs စာမျက်နှာ အရောင်ပြောင်းခြင်း

Google Docs နောက်ခံက ပုံမှန်အားဖြင့် အဖြူရောင် ဖြစ်ပါတယ်။ အဖြူအစား အခြားအရောင် သုံးချင်ရင်

Google Doc ရဲ့ page settings menu မှာ အရောင်ပြောင်းတာ အရောင်ချိန်တာတွေ လုပ်ဖို့ စီစဉ်ပေးထားပါတယ်။

Google Docs မှာ ရှိပြီးသား ဖိုင်မှာ စာမျက်နှာ အရောင်ပြောင်းလို့ ရသလို စလုံးရေစ မစရသေးတဲ့ ဖိုင်မှာလည်း စာမျက်နှာကို အရောင်ပြောင်းလို့ရပါတယ်။ လုပ်ပုံလုပ်နည်းက အတူတူပဲ ဖြစ်ပါတယ်။
အပေါ်ဘားတန်းမှာ ရှိတဲ့ File ကို ကလစ်တစ်ချက်လုပ်ပြီး ပွင့်ကျလာတာမှာ အောက်ဆုံးနားမှာ ရှိတဲ့ Page Setup ကို ကလစ်လုပ်ရပါမယ်။

Google-Docs-File-Page-Setup-Option.png

 

 “Page Setup” box ထွက်ပေါ်လာမယ်။ အရောင်ပြောင်းဖို့ အရောင်ချိန်ဖို့အတွက် “Page Color” icon ကို ကလစ််လုပ်ပါ။ အရောင်ထည့်ပြီးသား စာမျက်နှာကို အရောင်မကြိုက်လို့ ပြောင်းလဲချင်ရင်လည်း အခုတင်ပြတဲ့ နည်းလမ်းဖြင့် လုပ်ကိုင်နိုင်ပါတယ်။

Google-Docs-Page-Setup-Page-Color-Icon.png

 

အဆင်သင့်လုပ်ပြီးသား အရောင်လေးတွေ ပြသထားတဲ့အထဲမှ နှစ်သက်ရာတစ်ခုကို ကလစ်လုပ်ပြီး ရွေးချယ်နိုင်ပါတယ်။

စိတ်ကြိုက် အရောင်ချိန်ချင်တယ်ဆိုရင်တော့ အောက်ဖက်နားမှာ ရှိနေတဲ့ “+” icon ကို ကလစ်လုပ်ပါ။ CUSTOM ဆိုတဲ့စာသားအောက်မှာ တည်ရှိပါတယ်။

 

Google-Docs-Select-Page-Colors.png


အရောင်ချိန်တာမှာ hex color code (ဥပမာ အမည်းအနက်အတွက်ဆိုရင် #000000) ကို သိရင် code နံပါတ်ဖြင့် ချိန်လို့ ရပါတယ်။ လက်တန်းချိန်မယ်ဆိုရင်တော့ color matching tool ကို သုံးပြီး လိုချင်တဲ့ အရောင်နဲ့ အရိပ်တို့ကို ချိန်လို့ ရပါတယ်။

 

Google-Docs-Select-Custom-Page-Color.png


အောက်ခြေနားမှာ တည်ရှိတဲ့ “HUE” bar မှ ခလုတ်ကို ဖိရွှေ့ပြီး ချိန်ပါ။ သုံးချင်တဲ့ အရောင်ကို ရရင် “OK” ကလစ်လုပ်လိုက်ပါ။
အခုတစ်ကြိမ်ပဲ ဒီအရောင်ကို သုံးမယ်ဆိုရင်တော့ “OK” ကလစ်လုပ်လိုက်ပါ။

 

Google-Docs-Save-Page-Color-Settings.png

 

တကယ်လို့ အဲဒီအရောင်ကို default အဖြစ်ထားချင်ရင် ဝဲဘက်ခြမ်းမှာ ရှိတဲ့ Set as default ကို ကလစ်လုပ်ပါ။ “OK” ကလစ်လုပ်လိုက်ပါ။
စာမျက်နှာ အောက်ခံအရောင် ပြောင်းသွားပါပြီ။

Google-Docs-Custom-Page-Color.png

 

Google Docs ရဲ့ ဖိုင်တစ်ခုမှာပါတဲ့ စာမျက်နှာတိုင်း တစ်ရောင်တည်း တစ်ပြေးညီ ပြောင်းပေးပါတယ်။

စာမျက်နှာ တချို့ကိုပဲ ကွက်ကွက်ကလေး အရောင်တစ်မျိုး မတူအောင် ထားဖို့ စီစဉ်မပေးထားပါဘူး။ အရောင်မတူတာကို သုံးချင်ရင် သီးခြားတစ်ဖိုင် ခွဲထုတ်ပြီး အရောင်ထည့်ရမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)