Windows 10 မှာ JPG မှ PDF ပြောင်းနည်း

Windows 10 မှာ Photos ဆိုတဲ့ အက်ပ် ပါတယ်။ built-in အဖြစ် တစ်ပါတည်း ပါပြီးသား ဖြစ်ပြီး များသောအားဖြင့် ပုံတွေ ကြည့်ဖို့ပဲ သုံးကြတယ်။

အဲဒီ Photos နဲ့ JPG ကို ဖြစ်ဖြစ် PNG ကို ဖြစ်ဖြစ် PDF format ကို ပြောင်းလို့ ရတာ လူသိနည်းတယ်။ Gmail နဲ့ စာပေးစာယူလုပ်ကြတဲ့အခါ PDF နဲ့ ပေးပါလို့ သတ်မှတ်ထားရင် လက်ထဲရှိတာက JPG သို့မဟုတ် PNG ဖြစ်နေရင် PDF ပြောင်းဖို့အတွက် Photos ကို ဘယ်လိုသုံးမလဲဆိုတာ တင်ပြမှာ ဖြစ်ပါတယ်။

JPG ရဲ့ အမည်အပြည့်အစုံက Joint Photographic Experts Group ဖြစ်ပြီး
PNG ရဲ့ အမည်အပြည့်အစုံက Portable Network Graphics ဖြစ်ပါတယ်။
PDF ရဲ့ အမည်အပြည့်အစုံက Portable Document Format ဖြစ်ပါတယ်။


အခြေခံအချက်အဖြစ် တူညီတာက file size လျှော့ချပေးထားတဲ့ လုပ်ငန်းစဉ်တွေ သုံးခုစလုံးမှာ သုံးထားလို့ စာပေးစာယူလုပ်တဲ့အခါ ဖိုင်ကြီးနေလို့ ပို့ရတာ ကြာတာ ပို့မရဖြစ်တာတွေ ရှောင်လွှဲနိုင်စေပါတယ်။
JPG , PNG , PDF ဆိုတာတွေကို အသေးစိတ်ရှင်းပြရင် ရှည်လျားပြီး လိုရင်း မရောက်တော့မှာမို့ ရှင်းမပြတော့ဘဲ PDF ပြောင်းတဲ့အကြောင်းကိုပဲ ရေးသားမှာ ဖြစ်ပါတယ်။

ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်ရင် ရလာတဲ့ ပုံ image က JPG format ဖြစ်ပါတယ်။
ဝဘ်ဆိုက်ကနေ ဒေါင်းယူတဲ့ပုံတွေမှာ JPG သို့မဟုတ် PNG တွေ ပါပါတယ်။
Screenshot ရိုက်ရင် JPG သို့မဟုတ် PNG ဆိုတဲ့ format ဖြင့် ပုံ image ကို ရပါတယ်။
တစ်ခါတစ်ရံမှာ အဲဒီဖိုင်တွေကို PDF format ပြောင်းဖို့ လိုအပ်တဲ့အခါ အလွယ်တကူ Photos ကို သုံးပြီး ပြောင်းပေးနိုင်အောင် မိုက်ခရိုဆော့ဖ်က စီစဉ်ပေးထားပါတယ်။


Windows 10 မှာ ပုံကြည့်ဖို့ photo-viewer app ကို default app အဖြစ် စီစဉ်ထားပါတယ်။
ပုံကြည့်ဖို့ default app ကို ပြောင်းလဲမထားရင်
Image ကို double-click လုပ်လိုက်ရင် Photos ပွင့်သွားပြီး ပုံကို စခရင်မှာ ဖော်ပြပေးပါတယ်။
default app ကို ပြောင်းထားရင်တော့ Image ကို ထောက်၊ right-click လုပ်၊ ပွင့်ကျလာတာမှာ Open with ပေါ် မောက်စ်မြားတင်လိုက်ရင် နောက်ထပ် ရွေးစရာတွေ ပွင့်ကျလာမယ်။

အဲဒီမှာ Photos ဆိုတာကို ကလစ်လုပ်လိုက်ပါ။

print_screen.jpg

 

တကယ်တော့ Windows 10 မှာ built-in ပါတဲ့ Photos က စက်ထဲ ရှိတဲ့ ပုံတွေ တစ်နေရာတည်း ကြည့်လို့ရတဲ့အပြင် တိမ်စိုင် cloud မှာ တင်ထားတာတွေကိုပါ ကြည့်လို့ရတယ်။ ဒါပေမဲ့ သုံးစွဲသူတွေက ကြည့်ချင်တဲ့ image တစ်ခု နှစ်ခု ကြည့်ဖို့လောက်ပဲ သုံးကြတယ်။

PDF format ပြောင်းမယ့် ပုံကို Photos က စခရင်မှာ ဖွင့်လှစ်ပြသထားတာမှာ စခရင်ရဲ့ ဝဲဘက်ထောင့်မှာ print အတွက် သင်္ကေတပုံရှိတာကို ကလစ်လုပ်ပါ။ အောက်မှာ ဖော်ပြထားတဲ့ မြားရှည်အနီ ထိုးညွှန်ပြသတဲ့ လုပ်ကိုင်ပုံတွေအတိုင်း လိုက်နာ လုပ်ဆောင်လိုက်ပါ PDF format ဖြင့် image ကို ရရှိပါလိမ့်မယ်။

 

 

 Click-the-printer-icon.png

 

 Click-the-box-under-the-Printer-option.png

 

 Select-the-Microsoft-Print-to-PDF-option.png

 

Click-Print.png

 

 

Click-the-Save-button.png

 

 

 

 

Read times
Rate this item
(0 votes)