Huawei P50 နဲ့ P50 Pro

လအတန်ကြာ စောင့်ဆိုင်းပြီးချိန်မှာ Huawei P50 series ပေါ်ထွက်လာခဲ့ပါတယ်။ Pro+ model မပါဘဲ Huawei P50 နဲ့ P50 Pro နှစ်မျိုးတည်း ထုတ်လုပ်ထားပါတယ်။

နှစ်မျိုးစလုံးမှာ ကင်မရာပိုင်းကို ပိုကောင်းအောင် လုပ်ပေးထားတယ်။ ပြီးတော့ ထူးခြားတာက ချစ်ပ် ရွေးလို့ရတာ ဖြစ်ပါတယ်။

ကင်မရာအကြောင်း စပြောရရင် Leica-branded ကိုပဲ ဆက်လက်သုံးစွဲထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ 10-channel color sensors ပါတယ်။ အဝေးကို လှမ်းရိုက်ဖို့ ပိုကောင်းအောင်လည်း စီမံပေးထားတယ်။ ဖုန်းနှစ်မျိုးရဲ့ ကင်မရာအကြောင်း အသေးစိတ် တင်ပြရရင် f/1.8 aperture ရှိတဲ့ 23mm lens နောက်ဘက်မှာ 50MP sensor တစ်ခုပါတယ်။ Optical Image Stabilization (OIS) ပါတယ်။

Huawei P50 Pro မှာ 40MP ဖြူမည်း ကင်မရာတစ်ခု ထည့်ပေးထားတယ်။ f/1.6 aperture ရှိတဲ့ 26mm lens ကို သုံးထားတယ်။ f/2.2 ရှိတဲ့ 13mm lens ဖြင့် 13MP ultrawide-angle camera လည်း ပါတယ်။ ပါတဲ့ ကင်မရာတွေ အကုန်လုံးကို Laser autofocus ဖြင့် ပုံကောင်းထွက်စေဖို့ စီမံပေးထားတယ်။

Huawei P50 Pro ကို ဗားရှင်းနှစ်မျိုးနဲ့ လာလိမ့်မယ်။ တစ်ခု က Kirin 9000 ချစ်ပ်ကို သုံးထားတယ်။ ကျန်တစ်ခုက Snapdragon 888 ချစ်ပ်ကို သုံးထားတယ်။ ချစ်ပ်နှစ်မျိုးစလုံးက 5G ချိတ်ဆက် သုံးနိုင်တဲ့အပြင်
4G ချိတ်ဆက်သုံးဖို့လည်း အဆင်ပြေတယ်။

ဖုန်းနှစ်မျိုးစလုံး အရွယ်အစားတွေက အကြမ်းအားဖြင့် အတူတူပဲ။
Huawei P50
156.5 x 73.8 x 7.9 mm (6.16 x 2.91 x 0.31 in)
Huawei P50 Pro
158.8 x 72.8 x 8.5 mm (6.25 x 2.87 x 0.33 in)

Huawei P50 Pro မှာ 1,228 x 2,700 px resolution (450ppi) ရှိတဲ့ curved 6.6” OLED display သုံးထားတယ်။ touch sampling rate က 300Hz ဖြစ်ပြီး refresh rate က 120Hz ဖြစ်ပါတယ်။

Huawei P50 မှာ flat 6.5” OLED သုံးထားတယ်။ resolution က P50 Pro နဲ့ အတူတူပဲ။ touch sampling rate က P50 Pro နဲ့ အတူတူဖြစ်ပေမဲ့ refresh rate ကတော့ 90Hz ပဲ ရှိတယ်။

ဖုန်းနှစ်မျိုးစလုံးမှာ ဖုန်လုံ ရေလုံ စတီရီယို စပီကာတွေ ပါတယ်။

ဖုန်းနှစ်မျိုးစလုံးကို Global ထုတ်လုပ်မှာ ဖြစ်ပေမဲ့ Global ဗာရှင်းမှာ 4G ကိုပဲ သုံးလို့ ရမှာ ဖြစ်ပါတယ်။ 5G ကို လော့ချထားတယ်။



Read times
Rate this item
(1 Vote)