Google က Android backup system ကို Backups by Google One ပြောင်းလဲသုံးစွဲ

Google က Android backup system ကို အသိမပေးဘဲ upgraded လုပ်ပေးနေပါတယ်။

Android သုံးစွဲသူတွေ အားလုံးအတွက် ပိုမိုရှင်းလင်းလွယ်ကူတဲ့ backup နည်းလမ်းကို ပြောင်းလဲသုံးစွဲဖို့ ယခုလို လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ လက်ရှိ သုံးစွဲနေတဲ့ Android system backup နည်းလမ်းကို Google one ဖြင့် အစားထိုး သုံးစွဲသွားတော့မှာဖြစ်လို့ backup တွေကို Google one အမိုးအောက်မှာ ဆက်လက်ထားရှိသွားတော့မှာ ဖြစ်ပါတယ်။
Google one ကို အခကြေးဖြင့် သုံးစွဲသူမဟုတ်တဲ့သူတွေရဲ့ Android ကိရိယာတွေ အကုန်လုံးကိုလည်း လုပ်ပေးနေတာ ဖြစ်ပါတယ်။
ယခုအခါ backup ယူပေးတဲ့အထဲမှာ MMS, photos, videos, wallpapers တို့အပြင် system settings တို့လည်း ပါဝင်တော့မှာ ဖြစ်ပါတယ်။
အခုလို အခမဲ့ backup ဝန်ဆောင်မှုအတွက် Google One ကို အခကြေးပေးသွင်းပြီး သုံးစွဲသူဖြစ်ဖို့ မလိုပါဘူး။ လက်ရှိသုံးစွဲနေတဲ့ Android system backup ကို အစားထိုး လဲလှယ်နေတာ ဖြစ်ပါတယ်။
အဲဒီအတွက် update ကို ရယူဖို့ မလိုပါဘူး။ phone ရဲ့ settings မှာ Backups by Google One လို့ ပြောင်းလဲသွားပြီးရင် backup ယူမယ့်ဟာမှာ ထည့်မပေးချင်တာ ရှိရင် ရွေးချယ်လို့ ရအောင် စီစဉ်ပေးထားမယ်လို့ ဆိုပါတယ်။
Backups by Google One ယူသိမ်းပေးမယ့်စာရင်းမှာ app data, call history, device preferences, messages (SMS and MMS), Wi-Fi passwords, wallpapers, system settings like display brightness, photos, videos စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ cloud storage အတွက် အခမဲ့ဝန်ဆောင်မှု ကန့်သတ်ချက်ဖြစ်တဲ့ 15GB ပြည့်သွားရင်တော့ နေရာရအောင် တချို့ဖိုင်တွေကို ရှင်းထုတ်ပစ်ပေးဖို့ လိုပါလိမ့်မယ်။

Read times
Rate this item
(0 votes)