iPhone 13 ၄ မျိုး ဘာတွေ တူ ဘာတွေ ကွာ

မျှော်လင့်ထားတဲ့အတိုင်း iPhone 13 က မော်ဒယ် ၄ မျိုး လာတယ်။

Apple က လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက iPhone 12 ကို မော်ဒယ် ၄ မျိုး ထုတ်လုပ်ခဲ့တယ်။ ဒီနှစ်မှာ ပုံမှန်နဲ့ ပရို အကြား ကွာဟချက်ကို ပိုကြီးထားတယ်။

iPhone 13 mini, iPhone 13, iPhone 13 Pro နဲ့ iPhone 13 Pro Max တို့မှာ တူတဲ့အချက်တွေ အများကြီးပဲ။ A15 Bionic ချစ်ပ်အသစ်၊ ပိုမြန်ဆန်တဲ့ 5G ၊ notch ပိုသေးတာ စတာတွေ အတူတူပဲ။ 120Hz ProMotion အပြ၊ ကင်မရာ ပိုကောင်းတာတို့လည်း အတူတူပဲ။
ကွာတဲ့အချက်တွေက ဘက်ထရီသက်တမ်း၊ အရောင်တွေနဲ့ ဈေးနှုန်းတို့ ဖြစ်ပါတယ်။

 ဈေးနှုန်း

ဈေးနှုန်းခွဲခြားသတ်မှတ်ပေးပုံက iPhone 12 နဲ့ အတူတူပါပဲ။ iPhone 13 mini က $699 မှ စတယ်။
Phone 13 က $799,
iPhone 13 Pro က $999
iPhone 13 Pro Max က $1,099 မှ စတယ်။

 သိုလှောင်မှု

သိုလှောင်နိုင်စွမ်းမှာ 64GB မပါတော့ဘူး။
ဖုန်း ၄မျိုးစလုံး 128GB မှ စတယ်။ 256GB နဲ့ 512GB ဗာရှင်းတွေ ရှိတယ်။
iPhone 13 Pro နဲ့ iPhone 13 Pro Max တို့မှာ ပိုသာတဲ့အချက်က 1TB ဗာရှင်းပါတယ်။

ထုံးစံအတိုင်း iPhone 13 mini နဲ့ iPhone 13 မှာ ဈေးချိုတာကို ရွေးလို့ ရပေမယ့် သိုလှောင်နိုင်စွမ်းက အရေးပါတယ်ဆိုရင်တော့ Pro model တွေထဲမှာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။

 notch ထိပ်အထစ်

iPhone 13 ၄မျိုးစလုံးမှာ ထိပ်အထစ် notch ပိုသေးတယ်။ ယခင် ထိပ်အထစ်က စခရင်ဧရိယာ သုံးစွဲနိုင်မှုကို ၂၀ % စားတယ်။ အခု အစားသက်သာသွားပြီ။

 အရွယ်အစား

iPhone 13 မော်ဒယ်တွေ ရဲ့ ဒီဇုိင်းက iPhone 12 မော်ဒယ်တွေနဲ့ ကြီးကြီးမားမား ကွာခြားမှု မရှိဘူး။
ချွတ်စွပ်နီးပါးတူနေကြတယ်။ နည်းနည်းပိုထူတာပဲ ပြောစရာရှိတယ်။ ၀.၂၉ လက်မအစား ၀.၃၀ လက်မ ဖြစ်နေတယ်။

iPhone mini 13 2.53 x 5.18 x 0.3 inches
iPhone 13 2.82 x 5.78 x 0.3 inches
iPhone 13 Pro က iPhone 13 နဲ့ အတိအကျ တူတယ်။
iPhone 13 Max, 3.07 x 6.33 x 0.3 inches

 ကင်မရာ

ကျောဘက် ကင်မရာ အခင်းအကျင်း အသစ်ကို တွေ့ရတယ်။ ဒီဇိုင်းမတူတာ သိသာစွာ တွေ့ရတယ်။
iPhone 13 mini နဲ့ iPhone 13 ပင်မ မှန်ဘီလူး ၂ခု ကန့်လန့်ဖြတ်အနေအထား ခင်းကျင်းထားတယ်။

iPhone 13 Pro နဲ့ Pro Max မှန်ဘီလူး ၃ ခုကို ပိုကြီးတဲ့ ကင်မရာအုံပေါ်မှာ နေရာချထားတယ်။

ကင်မရာတွေအကြောင်း အသေးစိတ် အောက်မှာ ဆွေးနွေးတင်ပြပေးထားပါတယ်။ 

ကိုယ်ထည်အရောင်

ရွေးစရာအရောင်တွေ ကွဲပြားတယ်။
iPhone 13 mini နဲ့ iPhone 13 တို့မှာ ရွေးစရာ ၅ မျိုး ပေးထားတယ်။
Starlight, Midnight, Blue, Pink နဲ့ (PRODUCT)RED 

colour_1.jpg

 (Image credit: Apple)

iPhone 13 Pro နဲ့ Pro Max တို့မှာ ရွေးချယ်ဖို့ ၄ ရောင်ပဲ ပေးထားတယ်။
Graphite, Gold, Silver နဲ့ Sierra Blue.

 colour_2.jpg

 (Image credit: Apple)

 အပေါ်လွှာ

iPhone 13 Pro နဲ့ iPhone 13 Pro Max တို့မှာ textured matte အုပ်ပေးထားတယ်။
iPhone 13 နဲ့ iPhone 13 mini တို့မှာ standard glass အုပ်ပေးထားတယ်။


.uayngisXdB9JTWJq8o6NYe-970-80_1.gif

(Image credit: Apple)

  Display အပြ

iPhone 13 ၄ မျိုးစလုံး iPhone 12 အတိုင်း စခရင် ကွဲပြားကြတယ်။
iPhone 13 mini 5.4-inch
iPhone 13 နဲ့ iPhone 13 Pro 6.1-inch
အကြီးဆုံးဖြစ်တဲ့ iPhone 13 Pro Max 6.7-inch

iPhone 13 ၄ မျိုးစလုံး Apple ရဲ့ အသစ်အဆန်းဖြစ်တဲ့ Super Retina XDR OLED display သုံးထားကြတယ်။

iPhone 13 နဲ့ iPhone 13 Pro တို့အကြား ကွာတာတစ်ချက်က iPhone 13 Pro မှာ ProMotion display ပါတယ်။ အဲဒီဟာက refresh rate ကို 120Hz မှ 10Hzဘအထိ လိုသလို အတိူအလျော့ အလိုအလျောက် ပြောင်းပေးသွားတော့ ဖုန်းကို ပွတ်ဆွဲတဲ့အခါ ထစ်တစ်တစ် မဖြစ်တော့ဘူး။ နောက်တစ်ချက်က လိုသလောက်ပဲ ထုတ်သုံးပေးတော့ ဘက်ထရီ အားကုန်တာ သက်သာတယ်။
အဲဒီမှာ အားမရစရာကို တွေ့ရတယ်။ 120Hz ကို iPhone 13 ၄ ခုစလုံးကို အတူတူ ပေးသင့်တယ်။ Android စမတ်ဖုန်းတွေမှာ အလယ်အလတ် အတန်းအစားဆိုရင် 120Hz ရကြတာချည်းပဲ။
Pro နဲ့ standard အကြား ကွာဟချက်အဖြစ် iPhone 13 မှာ ခွဲခြားဆက်ဆံထားတယ်။

 

camera_2.jpg

 

စင်စာ

နောက်ထပ် ကြီးမားတဲ့ ကွာချက်က iPhone 13 ၄မျိုးစလုံး ကင်မရာ အဆင့်မြှင့်ပေးထားတာမှာ Pro မှာ အဆင့်မြှင့်ပေးထားတာက ပိုကောင်းနေတယ်။
12MP ပင်မကင်မရာမှာ စင်စာအသစ်တစ်မျိုး ပါတယ်။ ညဘက် ဓာတ်ဖမ်းရင် အလင်းကိုဖမ်းတဲ့အခါ ၄၇% ပိုဖမ်းပေးတယ်။
12MP ultra-wide မှာ ပိုမြန်တဲ့ စင်စာ ပါတယ်။
ကင်မရာတွေကို ထောင်လိုက် ထက်အောက် နေရာမချဘဲ ကန့်လန့်ဖြတ် အနေအထားဖြင့် ထိုင်ပေးထားတယ်။

ယခင် iPhone 12 Pro Max မှာ ပါတဲ့ Sensor-shift optimisation ကို iPhone 13 မော်ဒယ်တွေမှာ ထည့်ပေးထားတယ်။ မညီညာတဲ့ရွေ့လျားမှုကို အလိုက်သင့် လုပ်ပေးတာ ပိုကောင်းစေတယ်။

iPhone 13 ဖိုတိုဂရပ်ဖီနဲ့ ဗီဒီယို ရိုက်တာမှာ အရည်အသွေး ပိုကောင်းစေမယ့် ဆော့ဖ်ဝဲ “Cinematic” ကို ထည့်ပေးထားတယ်။ ရုပ်ရှင်ရိုက်သလိုမျိုး ဗီဒီရိုကို ပရိုကျကျ ရိုက်လို့ရစေတယ်။

 

 

camera_1.jpg

(Image credit: Apple)


iPhone 13 Pro မော်ဒယ်တွေမှာ ညဘက် ပေါ့ထရိတ် ရိုက်ဖို့ LiDAR scanner ပါတယ်။ ပင်မကင်မရာ အပါချာ ပိုကျယ်တော့ အလင်းမှိန်မှိန်တွေ ပိုရယူပေးနိုင်စေတယ်။ ultra-wide ကင်မရာတွေပါတယ်။
macro mode ပါတဲ့အတွက် သေးသေးမွှားမွှားတွေ အနီးကပ် ရိုက်လို့ရတယ်။
.iPhone 13 Pro နဲ့ 13 Pro Max တို့မှာပါတဲ့ telephoto ကင်မရာကို ပြတ်ပြတ်သားသား အဆင့်မြှင့်ပေးထားတယ်။
77mm telephoto lens က 6x ဇွန်းဆွဲလို့ ရတယ်။ ဒစ်ဂျသ်တယ် ဇွန်းက 15x အထိ ရတယ်။

ပုံမှန်နဲ့ ပရိုတို့အကြား ကွာတာတစ်ခုအဖြစ် ကင်မရာပိုင်းမှာ တွေ့ရတာဖြစ်ပါတယ်။


performance.jpg

(Image credit: Apple)


စွမ်းဆောင်ရည် Performance

iPhone 13 ၄မျိုးစလုံးမှာ Apple A15 Bionic ချစ်ပ် အသစ်အမျိုးအစား ထည့်ပေးထားတယ်။
5-nanometer လုပ်ငန်းစဉ်ဖြင့် ထုတ်လုပ်ထားတယ်။ processor cores ၆ ခု ပါတယ်။ ၂ ခုက ခိုင်းထားတဲ့ အလုပ်တွေ လုပ်ပေးဖို့။ ၄ ခုက သိပ်မပင်ပန်းတဲ့ ပေါ့ပေါ့ပါးပါး အလုပ်တွေ လုပ်ဖို့။
ဒီတော့ A15 Bionic က ပြိုင်ဘက် Qualcomm ချစ်ပ်တွေထက် ၅၀% ပိုမြန်တယ်လို့ ဆိုပါတယ်။
iPhone 13 တွေက ပြိုင်ဘက် Android ထိပ်တန်းဖုန်းတွေထက် graphics ပိုင်းမှာ ၃၀% ပိုကောင်းတယ်လို့ ဆိုပါတယ်။ ချစ်ပ်ရဲ့ graphics စွမ်းဆောင်ရည်က ၅၀% ပိုကောင်းတယ်တဲ့။

 

outlook.jpg

(Image credit: Apple)


ဘက်ထရီ

iPhone 13 ၄မျိုးစလုံးမှာ ဘက်ထရီတွေ ပိုကောင်းတယ်လို့ ပွဲမှာ ပြောပြသွားတယ်။ Apple ရဲ့အကျင့်က ဘက်ထရီ အားသိုလှောင်နိုင်စွမ်းကို ထုတ်ဖော်ပြောကြားခြင်း မပြုဘူး။
iPhone 13 mini နဲ့ ဗီဒီယိုကြည့်ရင် ၁၇ နာရီ ခံတယ်။ ကျန်တဲ့ iPhone 13 မှာ ၁၉ နာရီ ခံတယ်လို့ Apple က ဆိုတယ်။
iPhone 13 Pro ၂၂ နာရီ နဲ့ iPhone 13 Pro Max မှာ ၂၈ နာရီ ခံတယ်တဲ့။
ဘက်ထရီတွေ တော်တော်ကွာကြတယ်။

 

iPhone 13 vs. iPhone 13 Pro: Specs

 

iPhone 13 mini

iPhone 13

iPhone 13 Pro

iPhone 13 Pro Max

Starting price

$699

$799

$999

$1,099

Storage

128, 256, 512GB

128, 256, 512 GB

128, 256, 512, 1TB

128, 256, 512, 1TB

Screen size

5.4 inches

6.1 inches

6.1 inches

6.7 inches

Resolution/ppi

2340 x 1080/476

2532 x 1170/460

2532 x 1170/460

2778 x 1284/458

Adaptive refresh

No

No

Up to 120Hz

Up to 120Hz

Chip

A15 Bionic

A15 Bionic

A15 Bionic

A15 Bionic

Rear cameras

Dual 12MP (Wide, ultrawide)

Dual 12MP (Wide, ultrawide)

Pro 12MP (Telephoto, Wide, Ultra Wide)

Pro 12MP (Telephoto, Wide, Ultra Wide)

Zoom

2x optical

2x optical

3x optical

3x optical

Front camera

12MP TrueDepth

12MP TrueDepth

12MP TrueDepth

12MP TrueDepth

Colors

Red, Starlight, Midnight, Blue, Pink

Red, Starlight, Midnight, Blue, Pink

Graphite, Gold, Silver, Sierra Blue

Graphite, Gold, Silver, Sierra Blue

Size

5.2 x 2.5 x 0.3 inches

5.8 x 2.8 x 0.3 inches

5.8 x 2.8 x 0.3 inches

6.3 x 3.1 x 0.3 inches

Weight

4.97 ounces

6.14 ounces

7.2 ounces

8.5 ounces

Water resistance

IP68

IP68

IP68

IP68

Battery life (video playback

Up to 17 hours

Up to 19 hours

Up to 22 hours

Up to 28 hours

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Read times
Rate this item
(0 votes)