Google ရဲ့Pronunciation

Google မှာ ပေါ်ပေါ်ထင်ထင် အသိမပေးထားတဲ့ မသိသူကျော်သွား သိသူ ဖော်စား သုံးစားလို့ ရတာလေးတွေ ရှိတယ်။


အဲဒီဟာတွေထဲမှာ တစ်မျိုးက စာလုံး အသံထွက် ဖြစ်ပါတယ်။

အသံထွက် သိလိုတဲ့ စာလုံးက myanmar ဆိုပါစို့။

Search အပေါက်မှာ
Myanmar pronounce သို့မဟုတ်ပါက
Myanmar pronunciation လို့ ရိုက်ထည့်ပြီး ရှာခိုင်းလိုက်ရင် အသံထွက် စာဖတ်ပြမယ့် အကွက် ပေါ်လာပါလိမ့်မယ်။

 

 pronounce_04.jpg

 

အကွက်ထဲကို ထိလိုက်ရင် စာဖတ်ပြပါလိမ့်မယ်။

သူဖတ်ပြတာက မြန်နေလို့ အသံထွက် လိုက်မမှီဘူး နှေးနှေးဖတ်စေချင်ရင် အကွက်ရဲ့ အောက်ဘက် ဝဲဘက်ထောင့်မှာ Slow ဆိုတာကို ထိလိုက်ပြီး လေးထောင့်ကွက်ထဲ ထိလိုက်ရင် အနှေးဖတ်ပြပါလိမ့်မယ်။

 

pronounce_03.jpg

 

ထပ်ဖတ်ပြစေလိုရင် အကွက်ထဲကို တစ်ကြိမ် ထပ်ထိပေးလိုက်ပါ။ ထပ်ဖတ်ပြပါလိမ့်မယ်။
နှုတ်ခမ်းအနေအထားကိုလည်း လေ့လာနိုင်ပါတယ်။
နှုတ်ခမ်းပုံ အောက်မှာ လေ့ကျင့်ဖို့ မိုက်ခရိုဖုန်း ပါပါတယ်။ ဖုန်းမှ မိုက်ခရိုဖုန်း အသုံးပြုခွင့် allow လုပ်ပေးထားဖို့ လိုအပ်ပါတယ်။

 

pronounce_01.jpg

 

အင်္ဂလိပ်စာလုံးတွေမှာ ဗြိတိန်သံနဲ့ အမေရိကန်သံ နှစ်မျိုး ရှိတတ်ပါတယ်။ ရွေးချယ်ဖို့က အကွက်ရဲ့ အပေါ်ဘက် ဝဲဘက်ထောင့်မှာ American pronunciation နဲ့ British pronunciation လိုချင်တာကို ရွေးချယ်နိုင်ပါတယ်။

 

British pronunciation ကို ရွေးချယ်လိုက်ရင်  ဗြိတိန်သံနဲ့ ဖတ်ပြလိမ့်မယ်။

American pronunciation ကို ရွေးချယ်လိုက်ရင် အမေရိကန်သံနဲ့ ဖတ်ပြလိမ့်မယ်။ 

 

pronounce_02.jpg

 

 

Read times
Rate this item
(0 votes)