ခရစ်ပ္ပတိုဝယ်ရောင်းလုပ်တဲ့ ဟမ်စတာMr. Goxx က ဝါရင်ဘတ်ဖေးထက် ပိုသာနေ

မြီးတိုပါးတွဲကြွက်မျိုးနွယ် ဟမ်စကာတစ်ကောင်က ခရစ်ပ္ပတိုငွေကြေး (cryptocurrencies) အမျိုးမျိုး အရောင်းအဝယ် လုပ်နေခဲ့တာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ကတည်းကဖြစ်ပြီး

သူ့ရဲ့ လုပ်ရည်ကိုင်ရည်က စတော့နဲ့ငွေကြေး အရောင်းအဝယ်မှာ ထိပ်တန်းနေရာမှာ ရှိနေတဲ့ ဝါရင်ဘတ်ဖေး (Warren Buffett) ထက် ပိုသာနေတာကို တွေ့ကြရတယ်။ စတော့ဈေးကွက် အညွှန်းကိန်း S&P 500 ထက်လည်း ပိုသာတာကို တွေ့ကြရတယ်။

အဲဒီ ဟမ်စတာရဲ့ အမည်က Mr. Goxx ဖြစ်ပြီး သူရဲ့ ခရစ်ပ္ပတိုရောင်းဝယ်ရေး ရုံးခန်းဖြစ်တဲ့ လှောင်အိမ်ပုံးကိုတော့ Goxx Box လို့ အမည်ပေးထားတယ်။
Goxx Box က နည်းပညာအမြင့်မားဆုံး ဟမ်စတာ လှောင်အိမ် ဖြစ်ပါတယ်။

Goxx_Box.png


ဒီဇိုင်းလုပ်ပေးထားပုံက စိတ်ဝင်စားဖို့ ကောင်းတယ်။
ပထမအဆင့်မှာ ဘယ်ငွေကြေးကို ကိုင်တွယ်ရမှာလဲဆိုတာ ရွေးချယ်တယ်။
ဟမ်စတာ Mr. Goxx က ဟမ်စတာ ဘီးပေါ် တက်ပြီး ပြေးတဲ့အခါ ဘီးလည်တယ်။ အဲဒီဘီးပေါ်မှာ ခရစပ္ပတိုငွေကြေး အမျိုး (၃၀) ခန့်အတွက် အကွက်တွေ နေရာချပေးထားတယ်။ သူပြေးပြီးသွားလို့ ဘီး ရပ်သွားတဲ့အခါ ဘယ်ငွေကြေးလည်း ဆိုတာ သိရတယ်။
အဲဒီငွေကြေးကို ရောင်းရမှာလား ဝယ်ရမှာလား ဆိုတာကိုတော့ လိုဏ်ဂူ နှစ်ခု စီစဉ်ပေးထားတယ်။ တစ်ခုက ရောင်းဖို့ ဆုံးဖြတ်တယ်လို့ ယူဆရမယ့် လိုဏ်ဂူဖြစ်ပြီး ကျန်တစ်ခုက ဝယ်ဖို့ ဆုံးဖြတ်တယ်လို့ ယူဆရမယ့် လိုဏ်ဂူ ဖြစ်ပါတယ်။ ဟမ်စတာ Mr. Goxx ဖြတ်သန်းတဲ့ လိုဏ်ဂူကို အတည်ယူပါတယ်။ ဝယ်ဖို့လိုဏ်ဂူထဲ သူဖြတ်သန်းရင် ဝယ်မယ်။ ရောင်းဖို့ လိုဏ်ဂူထဲ သူဖြတ်သန်းရင် ရောင်းမယ်။
သူဖြတ်သန်းပြီးတဲ့အခါ တကယ်ရောင်းဝယ်နေတဲ့ ပလက်ဖောင်းဆီကို ရောင်းမယ် သို့မဟုတ် ဝယ်မယ်ဆိုတာ အကြောင်းကြားပေးလိုက်ပြီး တကယ့်ငွေနဲ့ တကယ်ဝယ်တယ် သို့မဟုတ် တကယ်ရောင်းတယ်။

ဖြစ်စဉ်တစ်ခုလုံးကို အဆင့်မြင့် နည်းပညာသုံးပြီး အလိုအလျောက် အဆင့်ဆင့်လုပ်ကိုင်ပေးသွားတယ်။ လူက ဝင်ပါပေးဖို့ မလိုဘူး။

ဟမ်စတာ Mr. Goxx ရဲ့ ရုံးခန်းကို လူအများ ကြည့်နိုင်ဖို့ twitch မှာ အကောင့်ဖွင့်ပြီး live ကို stream လုပ်ပေးထားပါတယ်။ ဆောင်းပါးအဆုံးသတ်မှာ သူ့အကောင့် လင့်ကို ဖော်ပြပေးထားပါတယ်။


ဟမ်စတာ Mr. Goxx ရဲ့ အရောင်းအဝယ် ဆုံးဖြတ်ချက်တွေကို live stream မှာ စောင့်ကြည့်ပြီး သူဝယ်တာ လိုက်ဝယ်၊ သူရောင်းတာ လိုက်ရောင်း လိုက်လုပ်မယ်ဆိုရင် တစ်ခု သိထားသင့်တာက အဲဒီ ဟမ်စတာ Mr. Goxx ကို စီစဉ်ထားတဲ့သူ ဘယ်သူဘယ်ဝါဆိုတာ မသိကြရဘူး။ ငွေက ဘယ်သူ့ငွေလဲ ဆိုတာကိုလည်း မသိကြရဘူး။
Mr. Goxx ဘီးကို လှည့်တာ ကံစမ်းတဲ့သဘောမျိုး ဖြစ်ပါတယ်။ ကြုံရကျပန်း ရလဒ်တစ်ခုကို အဖြေထုတ်လိုက်တာ ဖြစ်ပါတယ်။
တစ်နေ့တာ Mr. Goxx ရဲ့ အရောင်းအဝယ်ကို သူ့အတွက် ဖွင့်ပေးထားတဲ့ Twitter အကောင့်မှာလည်း ကြေညာပေးပါတယ်။
ဆောင်းပါးအဆုံးသတ်မှာ သူ့အကောင့် လင့်ကို ဖော်ပြပေးထားပါတယ်။

သိထားကြတာက ဟမ်စတာ Mr. Goxx ရဲ့ ရင်းနှီးမြှုပ်နှံမှု အစုစုဟာ သူအရောင်းအဝယ် စလုပ်ခဲ့တဲ့ ဇွန်လနောက်ပိုင်းမှာ ၂၄% နီးပါး ပိုများနေပြီ ဖြစ်ကြောင်း Twitter အကောင့်အရ သိရပါတယ်။
စက်တင်ဘာလ ၁၂ ရက်အထိ ရလဒ်တွေကို ကြည့်ရင် Mr. Goxx အရောင်းအဝယ်လုပ်ခဲ့တာ Warren Buffett ရဲ့ လုပ်ငန်းဖြစ်တဲ့ Berkshire Hathaway ထက် ပိုသာနေပါတယ်။ S&P 500 ထက်လည်း ပိုသာနေပါတယ်။

 

Screenshot_2021-09-26_110909.jpg

 


Mr. Goxx နေထိုင်ဖို့ စီစဉ်ပေးထားတဲ့ လှောင်အိမ်ထဲမှာ သူရဲ့ ခရစ်ပ္ပတိုရောင်းဝယ်ရေး ရုံးခန်းဖြစ်တဲ့ Goxx Box ကို တပ်ဆင်ပေးထားတယ်။ Mr. Goxx က ရုံးခန်းထဲကို သူဝင်ချင်တဲ့အချိန် ဝင်ပြီး ခရစ်ပ္ပတိုရောင်းဝယ်ရေး လုပ်လို့ရအောင်လည်း စီစဉ်ပေးထားတယ်။

Goxx ရဲ့ ရင်းနှီးမြှုပ်နှံမှု အစုစုအတွက် မ,တည်ငွေက ယူရိုငွေနဲ့ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၉၀ နဲ့ ညီမျှတဲ့ ပမာဏာ ရှိပါတယ်။ Goxx အရောင်းအဝယ် လုပ်ခဲ့တာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းအချိန်အထိ ယူရို ၇၇ ပိုများနေပြီ ဖြစ်ပါတယ်။
သူအရောင်းအဝယ် လုပ်တိုင်း မြတ်နေတာတော့ မဟုတ်ဘူး။ စက်တင်ဘာလလယ်ပိုင်းမှာ အမေရိကန်ဒေါ်လာ ၅၈၀ နီးပါးအထိ ရှိလာခဲ့ပြီး သုံးလတာအတွင်း ၅၀% နီးပါး စီးပွားတက်ခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာ စီးပွားပြန်ကျလာခဲ့တယ်။

Mr. Goxx ရဲ့ Twitter အကောင့် လင့်
https://twitter.com/mrgoxx?lang=en

Mr. Goxx ရဲ့ Twitch အကောင့် လင့်
https://www.twitch.tv/mr_goxx

 

 

 

 

 

 

 

 

 

Read times
Rate this item
(0 votes)