Android ထက် ၁၀% ပိုမြန်တဲ့ HarmonyOS ကို တရုတ်ပြည် ပြင်ပ ဖြန့်ဖြူးရန်စီစဉ်

Android ထက် ၁၀% ပိုမြန်တဲ့ HarmonyOS ကို တရုတ်ပြည် ပြင်ပ ဖြန့်ဖြူးရန်စီစဉ်

တရုတ်ပြည်မှ Huawei က Android ကို သုံးခွင့်မရှိလို့ ကုမ္ပဏီမှ ဖန်တီးထုတ်လုပ်တဲ့ HarmonyOS system ကို ၎င်းရဲ့ စမတ်ဖုန်းတွေထံ ဖြန့်ဖြူးပါတယ်။ ယခုအခါ Huawei စမတ်ဖုန်းများနဲ့ Huawei လက်အောက်တွင် Honor ရှိနေခဲ့စဉ်တုန်းက ထုတ်လုပ်ခဲ့တဲ့ Honor စမတ်ဖုန်းများ ထံ ဖြန့်ဖြူးထားတာ ဖုန်းလုံးရေ သန်း ၁၅၀ ကျော်ပြီလို့ ဆိုပါတယ်။ ဒီဇင်ဘာလ ၂ ရက် အထီ Huawei နဲ့ Honor စမတ်ဖုန်း မော်ဒယ် ၁၃၅ မျိုးကို ဖြန့်ဖြူး ပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။ လောလောဆယ်မှာ နောက်ထပ် ၆ မျိုးထံ beta version ကို ဖြန့်ဖြူးနေပါတယ်။
အဲဒီ စမတ်ဖုန်းတွေ အကုန်လုံး တရုတ်နိုင်ငံ ပြည်တွင်းမှာ သုံးစွဲနေတဲ့ ဖုန်းတွေချည်း ဖြစ်ပါတယ်။ တရုတ်ပြည် ပြင်ပကို HarmonyOS မဖြန့်ဖြူးသေးလို့ ဘယ်တော့ ဖြန့်ဖြူးမှာလဲ ဆိုတဲ့ မေးခွန်း ထွက်ပေါ်နေပါတယ်။
တရုတ်ပြည် ပြင်ပမှ Huawei နဲ့ Honor စမတ်ဖုန်းတွေကို ၂၀၂၂ မှာ စတင်ဖြန့်ဖြူးဖို့ စီစဉ်နေဆဲ ဖြစ်ပါတယ်။
လောလောဆယ်မှာ တရုတ်ပြည် ပြင်ပသုံး global စမတ်ဖုန်းတွေအတွက် အဆင့်မြှင့် EMUI 12 system ကို ဖြန့်ဖြူးနေပါတယ်။
global စမတ်ဖုန်း ကိုင်ထားသူတွေ EMUI ကိုပဲ ၂၀၂၂ အထိ ဆက်လက်သုံးစွဲနေရဦးမှာ ဖြစ်ပါတယ်။
Android ကို ကျောခိုင်းပြီး HarmonyOS ကို ပြောင်းလဲ အသုံးပြုခဲ့တာမှာ နောက်ဆုံးထုတ် HarmonyOS 3.0 က Android ထက် ၁၀% ပိုမြန်တယ်လို့ ဆိုပါတယ်။ beta testing ကို ၂၀၂၂ ပထမ ၃ လပတ်အတွင်း ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။
တရုတ်ပြည်ပြင်ပသုံး Global စမတ်ဖုန်းတွေကိုတော့ HarmonyOS 2 ကို ဖြန့်ဖြူးဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

 

harmony.png

Read times
Rate this item
(0 votes)