ဖောက်သည်များ၏ အချက်အလက်များ ကာကွယ်ရန် ပျက်ကွက်သဖြင့် MORGAN STANLEY ဒေါ်လာ ၃၅ သန်း ဒဏ်ရိုက်ခံရ

MORGAN STANLEY သည် သုံးစွဲသူများ၏ အချက်အလက်များကို ကာကွယ်‌ပေးရန် ပျက်ကွက်သည့်အတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ဒဏ်ရိုက်ခံရသည်။ US Securities and Exchange Commission  SEC သည် Morgan Stanley Smith Barney (MSSB) ကို အမေရိကန်ဒေါ်လာ ၃၅ သန်း ဒဏ်ရိုက်ခဲ့သည်။

 

ဒဏ်ကြေးငွေသည် ၎င်း၏ ဖောက်သည်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ငါးနှစ်ကြာ လုံခြုံစွာ မထိန်းသိမ်းထားခြင်းကြောင့် ဖြစ်သည်။ အစီရင်ခံချက်များအရ SEC မှ Morgan Stanley သည် ၎င်း၏ ဖောက်သည်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ သိမ်းဆည်းထားသည့်  hard drive များကို ဖျက်ဆီးရန် ပျက်ကွက်ခဲ့သည်ဟု ဆိုထားသည်။ ထို့ပြင် ကုမ္ပဏီသည် hard drive များကို ဖျက်ဆီးရာတွင် ကူညီရန် အရည်အချင်းမပြည့်မီသော ကုမ္ပဏီများကို ငှားရမ်းထားကြောင်းလည်း SEC  က ဆိုသည်။

 

MORGAN_STANLEY.png

 

 SEC မှ ရှာဖွေတွေ့ရှိချက်များအရ Morgan Stanley သည် ၎င်း၏ဖောက်သည်များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပါရှိသော သိုလှောင်ကိရိယာများကို ၂၀၁၅ ခုနှစ်တွင် ကောင်းစွာမစွန့်ပစ်ခဲ့ကြောင်း သိခဲ့ရသည်။ ကိစ္စရပ် အများအပြားတို့တွင်  Morgan Stanley သည် အတွေ့အကြုံမရှိသော ကုမ္ပဏီများအား ငှားရမ်းပြီး hard drive များကို  ဖျက်ဆီးစေခဲ့သည်၊

 YC.jpg

ဖောက်သည်တို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ သန်းချီသော အရေအတွက်ဖြင့် သိမ်းဆည်းပေးထားသော ထောင်ချီသော အရေအတွက် ရှိသည့် HDD drive များကို  စွန့်ပစ်ရန်အတွက် ဒေတာဖျက်ဆီးခြင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် ၎င်းကုမ္ပဏီများနှင့် Morgan Stanley  က စာချုပ်ချုပ်ဆိုထားသည်။ အဆိုပါ ကုမ္ပဏီများသည် အလုပ်တွင် ကျွမ်းကျင်မှု ရှိရန်ဝေးစွ၊ အတွေ့အကြုံပင်လျှင် မရှိကြောင်း စုံစမ်းတွေ့ရှိခဲ့သည်။

 

အဆိုပါ ကုမ္ပဏီတို့သည့်  hard drive များကို ဖျက်ဆီးပေးရမည့်အစား  hard drive များထဲမှ ဒေတာများကို ရယူပြီး အခြားလုပ်ငန်းများထံ ရောင်းစားခဲ့ကြသည်။ ထိုဒေတာများသည် နောက်ဆုံးတွင် အင်တာနက်ပေါ်မှာ ပေါ်ထွက်လာခဲ့သည်။ အဆိုပါကုမ္ပဏီများက Morgan Stanley ၏ ဆာဗာ ၂၄ ခုကိုလည်း ခိုးယူခဲ့ကြသည်။ 

 

SEC ၏ တွေ့ရှိချက်များကို ဝန်ခံခြင်း သို့မဟုတ် ငြင်းဆိုခြင်းမရှိဘဲ Morgan Stanley သည် SEC ၏ စီရင်ချက်ကို သဘောတူခဲ့သည်။ တစ်စုံတစ်ရာ ကန့်ကွက်ခြင်းမရှိဘဲ Morgan Stanley သည် ဒဏ်ကြေးပေးဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

Source: gizchina 

#MyanmarICTGuide

To join Telegram Channel  https://t.me/Guid4U

Read times
Rate this item
(0 votes)