Viber ရဲ့ Lifestyle ချန်နယ်တွေ အပေါ် မြန်မာနိုင်ငံက အသုံးပြုသူတွေ စိတ်ဝင်စားမှု ပိုမိုမြင့်မားလာ

Viber ရဲ့ Lifestyle ချန်နယ်တွေ အပေါ် မြန်မာနိုင်ငံက အသုံးပြုသူတွေ စိတ်ဝင်စားမှု ပိုမိုမြင့်မားလာ

 

Subscribers အသုံးပြုသူ အရေအတွက် ပိုမိုများပြားလာဖို့နဲ့ အကြောင်းအရာတွေ အပေါ် စိတ်ဝင်စားမှု ပိုမို မြင့်မားလာစေဖို့ နဲ့ပတ်သက်ပြီး Content Creators တွေရဲ့ စဉ်းစားဖန်တီးမှု ပုံစံများကို မျှဝေထားပါတယ်။

 

  .

ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲ၊ အပြောင်းအလဲတွေကြားမှာ သင့်တင့်မျှတအောင် နေထိုင်နိုင်ဖို့ အတွက် လူတွေဟာ မိမိကိုယ်ကို ခွန်အားပေးနိုင်တဲ့၊ စိတ်ဓာတ်မြှင့်တင်ပေးနိုင်တဲ့ အရာတွေကို ရှာဖွေလေ့ ရှိကြပါတယ်။ လူတိုင်းဟာ ခေတ်မီအောင်မြင်တဲ့ ဘဝနေထိုင်မှုပုံစံနောက်ကို အမီလိုက်နိုင်ဖို့ အတွက် ကြိုးစားနေကြတာနဲ့ တပြိုင်နက်တည်းမှာပဲ မိမိကိုယ်ကို ယုံကြည်မှု မြှင့်တင်ပေးနိုင်တဲ့၊ လတ်ဆတ် သစ်လွင်တဲ့ အကြောင်းအရာတွေ၊ Content တွေကို လိုလားလာကြပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတစ်ဝှမ်း မှာရှိတဲ့ Influencer တွေ၊ Blogger တွေ အနေနဲ့လည်း သူတို့ရဲ့ပရိတ်သတ်တွေနဲ့ အမြဲမပြတ် ထိတွေ့ဆက်ဆံ နိုင်ဖို့အတွက် ဆန်းသစ်ပြီး ခေတ်စားတဲ့ Content တွေကို ကြိုးစားဖန်တီးနေကြတာပဲ ဖြစ်ပါတယ်။

.

ဒီတော့ Lifestyle Content Creator တွေအနေနဲ့ ဆန်းသစ်ပြီး ခေတ်စားတဲ့ အကြောင်းအရာတွေ၊ Content တွေကို ဖန်တီးတဲ့အခါ သူတို့ရဲ့ ပရိတ်သတ်တွေနဲ့ လိုက်လျောညီထွေ ရှိစေဖို့အတွက်၊ နောက်တစ်ခါ ပရိသတ်တွေ စိတ်ဝင်စားမှုရှိစေဖို့ အတွက် ဘယ်လိုတွေးခေါ်စဥ်းစားပြီး ဖန်တီးလေ့ ရှိကြလဲဆိုတာကို လေ့လာကြည့်ရအောင်။ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး စာတိုပေးပို့မှု အက်ပလီးကေးရှင်း Viber က ချန်နယ် (Channel) မှာ subscriber ပရိသတ် အရေအတွက် ၁.၈ သန်းကျော်  ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့ စာရေးသူ တစ်ယောက် ဖြစ်တဲ့ သျှင်ယွန်း နဲ့ subscriber ပရိတ်သတ်အရေအတွက် ၄ သိန်းကျော် ပိုင်ဆိုင်ထားတဲ့ ဆန်းသစ်တဲ့ Content တွေကို ဖန်တီးလေ့ရှိတဲ့ Food Blogger ဟိဏ်းသစ် တို့အနေနဲ့ အောင်မြင်တဲ့ Viber ချန်နယ်တစ်ခု ဖြစ်လာအောင် ဘယ်လိုမျိုး စဉ်းစားပြီး စီစဉ်လုပ်ဆောင်ကြလဲဆိုတာကို မျှဝေပေးထားပါတယ်။

.

 “ကျွန်တော့်ရဲ့ Viber ပရိသတ်တွေနဲ့ အမြဲတမ်းထိတွေ့နေတဲ့ အခါမှာ ဆန်းသစ်ပြီး သူတို့ရဲ့ ခံစားချက်နဲ့ ကိုက်ညီမှုရှိဖို့ဆိုတာကတော့ ကျွန်တော့်အတွက် အရေးအကြီးဆုံး သော့ချက်တစ်ခုပါပဲ။ ဒါကြောင့်လည်း ပရီတ်သတ်တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေစေဖို့အတွက် ဘဝ ဒါမှမဟုတ် အချစ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျွန်တော့်ရဲ့ Viber ချန်နယ်ကနေ နေ့စဥ် အတတ်နိုင်ဆုံး ကြိုးစားဖန်တီးပေး နေပါတယ်။  ဒီလို ဖန်တီးတဲ့အခါမှာလည်း Content တွေရဲ့ အစပိုင်းမှာ ပရိတ်သတ်တွေရဲ့ ခံစားမှုနဲ့ ကိုက်ညီ သင့်တော်တယ်လို့ ခံစားရစေမယ့် စာသားမျိုးနဲ့ စတင်လေ့ရှိပြီး အဆုံးသတ်ကိုတော့ သူတို့အတွက် စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် စာသားမျိုးနဲ့ အဆုံးသတ်လေ့ရှိပါတယ်။ ဒီလိုမျိုး Content တွေကြောင့်လည်း ကျွန်တော်နဲ့ ကျွန်တော့် စာဖတ် ပရိတ်သတ်တွေကြား အချင်းချင်း ပိုပြီးချိတ်ဆက်မိတယ်လို့ ခံစားမိပါတယ်။ နောက်ပြီး ကျွန်တော်က အပြင်မှာလည်း စာအုပ်တွေ ထုတ်ဝေလေ့ရှိပြီး ဒီလိုအချိန်မျိုးမှာလည်း ကျွန်တော့်ရဲ့ စာအုပ်တွေ အကြောင်း ပရိသတ်တွေ ပိုသိအောင်င် ကျွန်တော်ရဲ့ Viber ချန်နယ်ကနေတဆင့် မျှဝေအသိပေး နိုင်တဲ့အတွက် Viber က ကျွန်တော့်အတွက် အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်နေတယ်လို့ ပြောလို့ရပါတယ်” လို့ စာရေးသူ သျှင်ယွန်းက Content တွေ ဘယ်လိုဖန်တီးဖြစ်လဲ၊ ဘာကြောင့် သူ့ရဲ့ Viber ချန်နယ်က အချိန်တို အတွင်း Subscribers အရေအတွက် များပြားလာရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး မျှဝေပေး ခဲ့ပါတယ်။

 

Viber_Channel_IMG1.jpg

.

“ကျွန်တော်က‌တော့ Content တွေ ဖန်တီးတဲ့အခါမှာ ကိုယ့်ပရိတ်သတ်တွေ ဘာလိုချင်လဲ ဆိုတာကို နားလည်ဖို့က အရေးအကြီးဆုံးပဲလို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ ပရိသတ်တွေဆီက Comment တွေကို အချိန်ပေး ဖတ်ရှုလေ့ရှိပြီး သူတို့ ဘယ်လိုအကြောင်းအရာတွေကို လိုချင်ကြလဲဆိုတာ ရှာဖွေတတ်ပါတယ်။ ပရိသတ်တွေအနေနဲ့ တစ်ခါတစ်လေ သာမန် အစားအသောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖတ်ချင်ကြတာရှိသလို တစ်ချို့အချိန်တွေမှာတော့ ထူးခြားတဲ့ အစားအသောက် အရသာတွေ ကို စူးစမ်းလေ့လာ ချင်ကြပါတယ်။ ဒါကြောင့်လည်း ဘယ်လိုအကြောင်းအရာသစ်တွေကို ဖန်တီးရမလဲ ဆိုတာ လေ့လာဖို့၊ ပြင်ဆင်ရေးသားဖို့နဲ့ စမ်းသပ်ကြည့်ဖို့ အတွက်ကို ကျွန်တော် အမြဲတမ်း အချိန်တစ်ခု ရင်းနှီးမြှုပ်နှံလေ့ရှိပါတယ်။ ပေးလိုက်ရတဲ့ အချိန်နဲ့ အားထုတ်မှုတွေ ရှိတယ်ဆိုပေမဲ့ ကျွန်တော့်ရဲ့ ပရိတ်သတ်တွေကို ဆန်းသစ်တဲ့ အကြောင်းအရာတွေ ပေးအပ်နိုင်ဖို့ ဒီအချက်က အများကြီး ကူညီပေးပါတယ်။” လို့ အချိန်တိုအတွင်း Viber ချန်နယ်မှာ Subscriber အရေအတွက် သိသိသာသာ များပြားလာတဲ့ Food Blogger တစ်ယောက်ဖြစ်တဲ့ ဟိဏ်းသစ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

 

Viber_Channel_IMG2.jpg

.

ပရိတ်သတ်တွေနဲ့ ကိုက်ညီတဲ့ အကြောင်းအရာတွေကို ဖန်တီးဖြစ်ပုံအပြင် Viber ရဲ့ ဘယ်လိုလုပ်ဆောင်ချက် တွေက နေ့စဥ်နဲ့အမျှ ပရိတ်သတ်တွေနဲ့ ထိထိရောက်ရောက် ဆက်သွယ်နိုင်တဲ့ lifestyle ချန်နယ် တစ်ခု ဖြစ်လာအောင် ကူညီပေးနေလဲ ဆိုတာကိုလဲ ဆက်လက်ပြီးတော့ အခုလို မျှဝေပေး ခဲ့ပါတယ်။

.

“ပရိတ်သတ်တွေနဲ့ အမြဲတမ်း အဆက်အသွယ်မပြတ် ရှိနေစေဖို့အတွက် Viber လုပ်ဆောင်ချက်တွေကို ဘယ်လိုသုံးရမလဲ ဆိုတာကို သိရှိထားခြင်းကလည်း နောက်ထပ် အရေးပါတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ကျွန်တော် နေ့စဥ်ဖန်တီးတဲ့ အကြောင်းအရာတွေက သူတို့နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေတယ်လို့ ပရိတ်သတ်တွေ ခံစားရစေဖို့အတွက် Viber ချန်နယ်မှာ Poll တွေ ဖန်တီးတာကစလို့ ဒီ Content နဲ့ ပတ်သက်ပြီး သူတို့ရဲ့ Comment တွေ၊ Message တွေကို စာပြန်တာလိုမျိုး ကျွန်တော့်အနေနဲ့ ပရိတ်သတ်တွေနဲ့ အပြန်အလှန် ချိတ်ဆက်ပြောဆို ထိတွေ့နေနိုင်ဖို့ နည်းလမ်းတွေကို Viber ချန်နယ်ကနေတဆင့် လုပ်ဆောင်နိုင်တာကတော့ အများကြီး ကျွန်တော့်အတွက် အကူအညီဖြစ်စေပါတယ်” လို့ ဟိဏ်းသစ်က Viber လုပ်ဆောင်ချက်တွေ အသုံးပြုပြီး ပရိတ်သတ်တွေနဲ့ ထိတွေ့ ဆက်ဆံဖြစ်ပုံနဲ့ ပတ်သက်ပြီး ဆက်လက် ပြောကြားခဲ့ပါတယ်။

.

“ဟိဏ်းသစ်ရဲ့ ထူးခြားတဲ့ တင်ဆက်မှုတွေ၊ နောက်တစ်ခါ ပရိတ်သတ်တွေနဲ့ ကောင်းကောင်း ထိတွေ့ချိတ်ဆက် နိုင်မှုတွေကြောင့် ပြည်တွင်းမှာဆိုရင် ကျွန်မအကြိုက်ဆုံး Food Blogger တစ်ယောက်လို့ ပြောလို့ရပါတယ်။ သူက သူ့ရဲ့ Viber ချန်နယ်ကနေ လွယ်ကူပြီး အရသာရှိတဲ့ ချက်နည်းပြုတ်နည်းတွေ မျှဝေ‌လေ့ရှိတဲ့အတွက် တစ်ချို့အားလပ်ချိန်တွေမှာဆိုရင် သူပြောတဲ့အတိုင်း လိုက်ချက်ဖြစ်တာတွေလည်း ရှိပါတယ်။ ကျွန်မက အလုပ် နဲ့ပတ်သက်တာ တော်တော်များများကို Viber ပေါ်မှာပဲ လုပ်ဆောင် ဖြစ်တာကြောင့် ဟိဏ်းသစ်ကို Viber မှာ Follow ထားပြီး သူ့ရဲ့ Content တွေကိုလည်း များသောအားဖြင့် Viber မှာပဲ ပိုကြည့်ဖြစ်ပါတယ်။ Viber poll တွေ ဖန်တီးပေးလေ့ရှိတာကြောင့် သူ့ရဲ့ ပရိတ်သတ် တစ်ယောက် အနေနဲ့ ပိုပြီးချိတ်ဆက်မိတယ်လို့လည်း ခံစားရပါတယ်” လို့ ဟိဏ်းသစ် Viber ချန်နယ်ရဲ့ Subscriber တစ်ယောက်ဖြစ်သူ မဝိုင်းက Viber မှာ ဘာလို့ ဟိဏ်းသစ်ရဲ့ content တွေကို ဖတ်ရှုဖြစ်လဲဆိုတာနဲ့ ပတ်သက်ပြီး ဖြေကြားပေးထားပါတယ်။

.

 Viber မှာ လူကြိုက်များတဲ့ Content ဖန်တီးသူတွေ ဖြစ်ကြတဲ့ သျှင်ယွန်းနဲ့ ဟိဏ်းသစ်တို့ အနေနဲ့ Viber ချန်နယ်က လုပ်ဆောင်ချက်တွေ အသုံးပြုပြီး ပရိတ်သတ်တွေ နှစ်သက်သဘောကျနိုင်မယ့် Content တွေကို ဘယ်လိုမျိုး ဖန်တီးလေ့ရှိကြလဲဆိုတာကို ကြည့်ခြင်းအားဖြင့် Content တစ်ခု လူကြိုက်များအောင်မြင်ဖို့ဆိုတာ စာဖတ်သူ ပရိတ်သတ်တွေနဲ့ ကိုက်ညီသင့်တော်တဲ့ Content  တစ်ခုဖြစ်ဖို့ လိုအပ်သလို သူတို့နဲ့ ဆက်သွယ်ချိတ်ဆက်နိုင်ဖို့ Viber ရဲ့ Likes၊ Polls နဲ့ Pinned Message စတဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုပြီး Content Plan ကောင်းကောင်းတစ်ခု ဖန်တီးနိုင်ဖို့ကလည်း အရမ်းကို အရေးပါတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

 

#ICTGuide

To join Telegram Channel https://t.me/Guid4U

 

 

 

 

 

 

 

Read times
Rate this item
(0 votes)