သီတင်းကျွတ်ကာလအတွက် Galaxy A04s စမတ်ဖုန်းသစ်အား Samsung Myanmar စတင်ရောင်းချ

သီတင်းကျွတ်ကာလတွင် မိမိချစ်ခင်ရသူများနှင့် ကြည်နူးဖွယ်အခိုက်အတန့်များကို မလွတ်တမ်းဖမ်းယူနိုင်ရန် Galaxy A04s စမတ်ဖုန်းသစ်အား Samsung Myanmar မိတ်ဆက်

 

မကြာမီ ရောက်ရှိတော့မည့် မိုးလေကင်းလွတ် သီတင်းကျွတ် ကာလကို မိမိတို့ချစ်ခင်ရသူများနှင့်အတူဖြတ်သန်းရင်း ကြည်နူးဖွယ် အခိုက်အတန့်များအား မှတ်တမ်းတင် နိုင်စေမည့် တန်ဖိုးသင့်ဖုန်းတစ်လုံးဖြစ်သော Galaxy A04s စမတ်ဖုန်းကို Samsung Myanmar က မြန်မာနိုင်ငံ ဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။

.

သီတင်းကျွတ်အခါသမတွင် မြန်မာလူမျိုးတို့သည် လူကြီးသူမများကို ဂါရဝပြုကန်တော့လေ့ရှိကြသည့်အပြင် မိမိချစ်ခင်ရသော မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့်အတူ မီးထွန်းပွဲတော်ကို ဆင်နွှဲကြသည်မှာ ထုံးတမ်း အစဉ်အလာပင်ဖြစ်သည်။ ယခု အသစ်မိတ်ဆက်လိုက်သည့် နောက်ဆုံးပေါ် Samsung Galaxy A04s စမတ်ဖုန်းသည် ကြည်နူးဖွယ်အခိုက်အတန့်များ ပြည့်နက်နေသော သီတင်းကျွတ်လတွင် ချစ်ခင်ရသူများကို မေတ္တာလက်ဆောင်ပေးရန် ဖြစ်စေ၊ မိမိကိုယ်တိုင် အသုံးပြုရန် ဖြစ်စေ အသင့်တော်ဆုံးသော စမတ်ဖုန်း ၁ လုံးပင်ဖြစ်သည်။

.

အသစ်မိတ်ဆက်လိုက်သော Samsung Galaxy A04s စမတ်ဖုန်းတွင် နောက်ကင်မရာ (၃) လုံး [50 MP Wide Camera, 2MP Depth Camera, 2MP Macro Camera] နှင့် Selfie ရိုက်ရန် ရှေ့ကင်မရာ (၁) လုံး [5MP Selfie Focus] ပါရှိသဖြင့် တန်ဖိုးဖြတ်မရသော အမှတ်တရအခိုက်အတန့်တိုင်းကို မလွတ်တမ်း ဖမ်းယူပေးနိုင်မည်ဖြစ်သည်။ ၆.၅ လက်မရှိ ကြီးမားကျယ်ပြန့်သော ၎င်း၏ဖန်သားမျက်နှာပြင်က အသုံးပြုသူတို့အား မြင်ကွင်းပြည့်ခံစားမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ပြီး  စမတ်ဖုန်း၏ ပျော့ပြောင်းသော အဝိုင်းပုံစံဘေးဘောင်များက သွင်ပြင်ဒီဇိုင်းကို သွက်လက်ပေါ့ပါးစေသည်။  ဖန်သားကဲ့သို့ တောက်ပြောင်သော ကျောဘက်ပါရှိသည့် Galaxy A04s စမတ်ဖုန်းကို အနက်ရောင်၊ copper ရောင် နှင့် အစိမ်းရောင် စသည့် စွဲမက်ဖွယ် အရောင် (၃) မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

.

Galaxy A04s စမတ်ဖုန်းသည် အမြင်ဆန်းရုံသာမက အားကောင်းသော 5,000 mAh ဘက်ထရီနှင့် မြန်နှုန်းမြင့် 15W အားသွင်းစနစ်တို့လည်း ပါဝင်ခြင်းကြောင့် ကြာရှည်အသုံးခံပြီး Exynos 850 Processor ကို ထည့်သွင်း တည်ဆောက်ထားခြင်းကြောင့် ချောမွေ့သော လုပ်ဆောင်ချက်များနှင့် ပိုမိုကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

.

“သုံးစွဲသူများအတွက် နေ့စဥ်လုပ်ငန်းဆောင်တာတွေကို တိုးမြှင့်လုပ်ဆောင်ပေးနိုင်တဲ့ အကောင်းဆုံးစမတ်ဖုန်း အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်ဖို့ Samsung က အမြဲရည်သန်ကြိုးပမ်းလျက်ရှိပါတယ်။ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဘက်ထရီနဲ့ ကြည်လင်ပြတ်သားတဲ့ကင်မရာတပ်ဆင်ထားတဲ့ ဒီ Galaxy A04s စမတ်ဖုန်းဟာဆိုရင် ကျွန်တော်တို့ရဲ့ ထူးခြားတဲ့သီတင်းကျွတ်အခါသမယမှာ ကြည်နူးဖွယ်အခိုက်အတန့်တွေကို မှတ်တမ်းတင်ပေးထားနိုင်တဲ့ အကောင်းဆုံး စမတ်ဆုံးတစ်လုံး ဖြစ်မှာ အသေအချာပါပဲ”  ဟု Samsung Myanmar ၏ Head of MX Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့သည်။

 

Galaxy_A04s.jpg

.

 

Galaxy A04s စမတ်ဖုန်းသစ်ကို လက်ရှိတွင် ၅၇၉,၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ Samsung အရောင်းပြခန်းများနှင့် တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ထို့အပြင် အစောဆုံး ဝယ်ယူအားပေးကြသူများကိုလည်း ငွေသားလက်ဆောင် ၃၅,၀၀၀ ကျပ် (အောက်တိုဘာလ ၁၂ ရက်နေ့ထိသာ) ပြန်လည်ပေးအပ်သွားမည့်အပြင် phone cover နှင့် earphone များကိုလည်း ပစ္စည်းလက်ကျန်ရှိသေးသည်ထိ  မေတ္တာလက်ဆောင် ပေးအပ်သွားမည်ဖြစ်သည်။

.

Samsung Galaxy A04s စမတ်ဖုန်းအကြောင်း အသေးစိတ်အချက်အလက်များကို Samsung Myanmar ၏ တရားဝင်ဖေ့ဘုတ်ခ်စာမျက်နှာတွင်လည်းကောင်း၊ https://www.samsung.com/mm/ တွင်လည်းကောင်း ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

.

.

Samsung Electronics Co., Ltd. အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေးစနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက်ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန်နှင့် နောက်ဆုံးထွက်သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများနှင့် သတင်းထုတ်ပြန်ချက်များကို သိရှိနိုင်ရန်အတွက် http://news.samsung.com   သို့မဟုတ် https://samsung.com/mm  တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

.

မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်လာသည့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ Samsung Myanmar သည် သုံးစွဲသူများ၏ လူနေမှုစနစ်ပိုမိုမြင့်မားလာစေရန်အတွက် ခေတ်မီဆန်းသစ်မှုအရှိဆုံးနှင့် စွမ်းဆောင်ရည်မြင့်မားသော ထုတ်ကုန်များနှင့် နည်းပညာများအား စဉ်ဆက်မပြတ်ပေးအပ်လျက်ရှိသည်။ လက်ရှိတွင် Samsung Myanmar သည် မြန်မာနိုင်ငံတဝန်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အမှတ်တံဆိပ် အရောင်းဆိုင်‌ပေါင်း (၃၂) ဆိုင်‌ နှင့် Service Center ပေါင်း (၂၂) ဆိုင်‌ တို့မှတစ်ဆင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား  ပေးအပ်လျက်ရှိသည့်အပြင် တစ်ချိန်တည်းမှာပင် မြန်မာပြည်သူလူထုအတွက် အလုပ်အကိုင်အအခွင့်အလမ်းပေါင်းများစွာကိုလည်း ဖန်းတီးပေးအပ်လျက်ရှိသည်။

Read times
Rate this item
(0 votes)