Foxconn က လုပ်သားများ ဆန္ဒပြမှု ရပ်တန့်ပြီး ထွက်ခွာလျှင် ဒေါ်လာ ၁,၄၀၀ ပေးမည်ဟု ကမ်းလှမ်း

Foxconn က လုပ်သားများ ဆန္ဒပြမှု ရပ်တန့်ပြီး ထွက်ခွာလျှင် ဒေါ်လာ ၁,၄၀၀ ပေးမည်ဟု ကမ်းလှမ်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

iPhone တပ်ဆင်ထုတ်လုပ်သူ Foxconn က ကွမ်းကျိုးရှိ  iPhone City ဟု ခေါ်ဝေါ်ကြသည့် ကမ္ဘာအကြီးဆုံး iPhone တပ်ဆင်ထုတ်လုပ်ရေး စက်ရုံမှာ ဆန္ဒပြနေခြင်း အဆုံးသတ်ရန် လုပ်သားများကို စက်ရုံ၏ အဆောင်သို့ ပြန်ကြဖို့ ပန်ကြားသည်။ လက်ရှိအလုပ်မှ ထွက်သူတိုင်းကို တစ်ဦးလျှင် ယွမ် ၈,၀၀၀($1,120 ဝန်းကျင်) ပေးမည်။ စက်ရုံအပြင်ဘက် ထွက်ပြီး အသင့်စီစဉ်ထားသော ဘတ်စ်ကားပေါ်သို့ တက်ပြီး လိုက်ပါသွားလျှင် နောက်ထပ် ယွမ်၂,၀၀၀($280 ဝန်းကျကျင်) ပေးမည်ဟု ကမ်းလှမ်းသည်။

ယခင်က စက်ရုံမှ လုပ်သားများ စက်ရုံဝင်းထဲ အလုံပိတ်ထားပြီး ကိုဗစ်စည်းကမ်းများ တင်းကျပ်ခြင်း၊ အဆောင်တွင် ကိုဗစ်ကူးစက်သူများနှင့် အတူနေရခြင်းတို့ကြောင့် လုပ်သားဦး‌ရေ ထောင်ချီ ထွက်ပြေးသွားခဲ့သည်။

Foxconn က အစားထိုးရန် လူသစ် ဦးရေ တစ်သိန်း အလုပ်ခေါ်ပြီး အလုပ်ခန့်ခဲ့သည်။

လူသစ်များကို လစာအပြင် ယွမ် ၃,၀၀၀ ($420) ထောက်ပံ့ကြေးကို အလုပ်လုပ်ရက် ၃၀ ပြည့်လျှင် ပေးမည်။ ရက်၆၀ ပြည့်လျှင် နောက်ထပ် ယွမ် ၃,၀၀၀ ဆုကြေးပေးမည်ဟု Foxconn က ကတိပြုထားသည်။

ဆုကြေးပေးရမည်ရက်တွင် နောက်နှစ် မတ်လ ၁၅ ရက်ကျမှ ပေးမည်ဟု ရက်ရွှေ့ကြောင်း ကြေညာသဖြင့် လုပ်သားများ စိတ်ဆိုးပြီး ဆန္ဒပြကြသည်။

.

Foxconn က လုပ်ထုံးလုပ်နည်း အမှားအယွင်း ရှိခဲ့ကြောင်း၊ ကွန်ပျူတာ အချက်အလက်သွင်းရာတွင် မှားယွင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း တောင်းပန်ခဲ့ပြီး ကတိအတိုင်း ပေးမည်ဟု ဆိုသော်လည်း လုပ်သားများက မယုံကြည်ကြတော့ချေ။ ဆက်လက်ဆန္ဒပြနေသဖြင့် ယခုလို ကမ်းလှမ်းမှု အသစ်ထုတ်ပြန်ခြင်း ဖြစ်သည်။

 

 

MICTG

Read times
Rate this item
(0 votes)