CS: GO မဝယ်ရသေးသူတွေအတွက် မင်္ဂလာသတင်းပါ။ လောလောလတ်လတ် ဝယ်ထားသူတွေကတော့ ကြေကွဲစရာလို့ ဆိုနိုင်ပါတယ်။
Valve ဟာ Counter-Strike: Global Offensive ကို ယနေ့မှာ Major Upgrade လုပ်ပေးလိုက်ပါတယ်။
အရင်က ၁၄.၉၉ ဒေါ်လာ ပေးရတဲ့ ဂိမ်းကို လုံးဝ အခမဲ့ လုပ်ပစ်လိုက်ပြီး၊ Danger Zone ဆိုတဲ့ battle royale mode အသစ် ပါ ထည့်ပေးလိုက်တာပါ။
CS: GO free-to-play မဖြစ်ခင်က ဝယ်ထားသူတွေအနေနဲ့ အမှတ်တရအဖြစ် ‘Loyalty Badge’ ရသွားမှာ ဖြစ်သလို၊ Prime Account အဖြစ်လည်း Upgrade လုပ်ပေးသွားမှာပါ။
Free-to-play CS: GO Player တွေအနေနဲ့ သူတို့အကောင့်ကို Prime ပြောင်းချင်တယ်ဆိုရင်တော့ အရင်လိုပဲ ၁၄.၉၉ ဒေါ်လာ ပေးရပါလိမ့်မယ်။
Danger Zone ကတော့ CS: GO မှ အခုမှ စပါလာတဲ့ Battle Royale Mode အသစ်ပါ။
CS: GO ပွဲတွေ ထုံးစံအတိုင်း မြန်မြန်ဆန်ဆန် ပွဲပြီးမယ့် Battle Royale Mode ဖြစ်ပါတယ်။
Solo, Duo or Trio လား အပေါ်မူတည်ပြီး Player ၁၆ ယောက်ကနေ ၁၈ ယောက် ပါမှာဖြစ်ကာ၊ Blacksite ဆိုတဲ့ Map မှာ ဆင်းသက်ရမှာပါ။
ပြီးရင်တော့ PUBG လိုပဲ သေနတ်၊ ချပ်ဝတ်၊ ပိုက်ဆံတွေ လိုက်ရှာရမှာ ဖြစ်ပါတယ်။
ပိုက်ဆံသုံးပြီး ပွဲအတွင်း သေနတ်တွေ ထပ်ဝယ်နိုင်ပြီး၊ ဝယ်ထားတာတွေကို ဒရုန်းနဲ့ လာပို့မှာပါ။
ဓားစာခံကယ်တာနဲ့ Contract mini-missions တွေ ဆော့ပြီးလည်း ပိုက်ဆံ ထပ်ရှာနိုင်ပါတယ်။
ဒါ့အပြင် ဒရုန်းလာတာနဲ့ ရန်သူနေရာကို ကြည့်နိုင်တဲ့ တက်ဘလက်တလုံး လည်း ပါဦးမှာပါ။
Battle Royale ဂိမ်းဖြစ်တာနဲ့ အညီ Health Bar နဲ့ Armor တွေကို တိုးထားတာကြောင့် ရိုးရိုး CS: GO ဂိမ်းလောက်တော့ လွယ်လွယ်သေမှာ မဟုတ်ပါဘူး။
Source : DigitalTimes