PlayStation 5 မိတ်ဆက်ပွဲ

Sony က PlayStation 5 ဘယ်လိုမျိုးလဲဆိုတာကို PS5 live event မှာ ပြသလိုက်ပါတယ်။

PS5 console ဟာ အဖြူအမည်း ဒီဇိုင်းဖြစ်ပြီး ဘူးထဲမှာ အတူပါလာမယ့် လက်ခတ်အသစ်နဲ့ လိုက်ဖက်ညီပါတယ်။

PS5 ဟာ ထောင်လိုက် ထောင်ထားတဲ့ဒီဇိုင်းဖြစ်တာ တွေ့ကြရတယ်။ ဒါပေမဲ့ Xbox Series X လိုပဲ ထောင်ထားထား လှဲထားထား ထားလို့ ရမှာ ဖြစ်ပါတယ်။

 

 

မူကွဲ ၂ မျိုး ရှိတယ်။ တစ်မျိုးက 4K Blu-ray drive နဲ့ဖြစ်ပြီး ကျန်တစ်မျိုးကတော့ Digital စစ်စစ် Edition ဖြစ်ပါတယ်။ Digital Edition က drive မပါတာကြောင့် ပိုပါးပါတယ်။ drive မပါတဲ့အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာတာကြောင့် ဈေးပိုသက်သာစေမှာ ဖြစ်ပါတယ်။
PS5 live event မှ PlayStation 5 ကို ပြသသွားသော်လည်း စတင်ဖြန့်ချိမယ့် ရက်စွဲကိုတော့ မကြေညာခဲ့ပါဘူး။ ဈေးနှုန်းအတိအကျကိုလည်း မပြောပြဘူး။

USB-A နဲ့ USB-C ports တွေကို မျက်နှာစာဘက်မှာ တွေ့ရတယ်။

တွဲဘက်ပစ္စည်းတွေလည်း ပါတာ တွေ့ရတယ်။
DualSense charging station
HD camera,
Pulse 3D wireless headset
media remote တို့ ကို ပြသသွားပေမဲ့ ဈေးနှုန်းတွေကိုတော့ မပြောပြဘူး။

ဂိမ်း load time မြန်ဖို့ SSD ကို သုံးထားတယ်။ SSD က storage အတွက်ဆိုရင် 825GB သိုလှောင်နိုင်မှာ ဖြစ်ပြီး performance က 5.5GB/s ရှိပါတယ်။

 

 

 

PlayStation 5 မိတ္ဆက္ပြဲ

Sony က PlayStation 5 ဘယ္လိုမ်ိဳးလဲဆိုတာကို PS5 live event မွာ ျပသလိုက္ပါတယ္။
PS5 console ဟာ အျဖဴအမည္း ဒီဇိုင္းျဖစ္ၿပီး ဘူးထဲမွာ အတူပါလာမယ့္ လက္ခတ္အသစ္နဲ႔ လိုက္ဖက္ညီပါတယ္။

PS5 ဟာ ေထာင္လိုက္ ေထာင္ထားတဲ့ဒီဇိုင္းျဖစ္တာ ေတြ႕ၾကရတယ္။ ဒါေပမဲ့ Xbox Series X လိုပဲ ေထာင္ထားထား လွဲထားထား ထားလို႔ ရမွာ ျဖစ္ပါတယ္။

မူကြဲ ၂ မ်ိဳး ရွိတယ္။ တစ္မ်ိဳးက 4K Blu-ray drive နဲ႔ျဖစ္ၿပီး က်န္တစ္မ်ိဳးကေတာ့ Digital စစ္စစ္ Edition ျဖစ္ပါတယ္။ Digital Edition က drive မပါတာေၾကာင့္ ပိုပါးပါတယ္။ drive မပါတဲ့အတြက္ ထုတ္လုပ္မႈ ကုန္က်စရိတ္ သက္သာတာေၾကာင့္ ေဈးပိုသက္သာေစမွာ ျဖစ္ပါတယ္။
PS5 live event မွ PlayStation 5 ကို ျပသသြားေသာ္လည္း စတင္ျဖန႔္ခ်ိမယ့္ ရက္စြဲကိုေတာ့ မေၾကညာခဲ့ပါဘူး။ ေဈးႏႈန္းအတိအက်ကိုလည္း မေျပာျပဘူး။

USB-A နဲ႔ USB-C ports ေတြကို မ်က္ႏွာစာဘက္မွာ ေတြ႕ရတယ္။

တြဲဘက္ပစၥည္းေတြလည္း ပါတာ ေတြ႕ရတယ္။
DualSense charging station
HD camera,
Pulse 3D wireless headset
media remote တို႔ ကို ျပသသြားေပမဲ့ ေဈးႏႈန္းေတြကိုေတာ့ မေျပာျပဘူး။

ဂိမ္း load time ျမန္ဖို႔ SSD ကို သုံးထားတယ္။ SSD က storage အတြက္ဆိုရင္ 825GB သိုေလွာင္ႏိုင္မွာ ျဖစ္ၿပီး performance က 5.5GB/s ရွိပါတယ္။

Read times
Rate this item
(0 votes)