ဆုကြေး အနည်းဆုံး $50,000 မှ စတင်သည့် PlayStation Bug Bounty အစီအစဉ် ထုတ်ပြန်ကြေညာ

PlayStation တွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ ဂိမ်းကစားသူများအား ကောင်းမွန်သောအတွေ့အကြုံများကို

ပေးအပ်ရန် ကတိပြုထားပါသည်။ အများသူငါ ပါဝင်နိုင်တဲ့ PlayStation Bug Bounty ပရိုဂရမ်ကို စတင်ခဲ့ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါသည်။ ဤအစီအစဉ် စတင်ရသည်မှာ PlayStation အပါအဝသ် ထုတ်ကုန်များ၏ လုံခြုံရေးသည် ဂိမ်းကစားသူများ အသိုင်းအဝိုင်းအတွက် အံ့သြဖွယ်ကောင်းသော အတွေ့အကြုံများကို ဖန်တီးရာ၌ အခြေခံကျသောကြောင့်ဖြစ်သည်။


လုံခြုံရေးဆိုင်ရာ သုတေသနအသိုင်းအဝိုင်းနှင့်အတူ အလုပ်လုပ်ခြင်းအားဖြင့် လုံခြုံစိတ်ချရသောနေရာတစ်ခုရရှိနိုင်သည်ဟု ယုံကြည်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဤအစီအစဉ်ကို ကူညီရန် HackerOne နှင့် ပူးပေါင်းပြီး၊ PlayStation 4 နှင့် PlayStation Network ၏လုံခြုံရေးကိုစမ်းသပ်ရန်လုံခြုံရေးသုတေသနအဖွဲ့၊ ကစားသမားများနှင့်အခြားသူများအားဖိတ်ခေါ်သည်။
bug bounty program သည် PS4 အတွက် အရေးကြီးသော ပြiဿနာများအပါအ ၀ င်ပြဿနာအမျိုးမျိုးအတွက် ဆုများအသီးသီး ရှိသည်။ PS4 အတွက် ဆုကြေးသည် ဒေါ်လာ ၅၀,၀၀၀ မှ စတင်သည်။

ယခင်က အချို့သောသုတေသီများနှင့်အတူ bug bounty program ကို သီးသန့်လုပ်ဆောင်သည်။ သုတေသန လူ့အသိုင်းအဝိုင်းသည် လုံခြုံရေးတိုးမြှင့်ရေးတွင် အဖိုးတန်သောအခန်းကဏ္ဍ မှ ပါဝင်သည်ကို အသိအမှတ်ပြုထားသောကြောင့် ပိုမိုကျယ်ပြန်သော လူအများတို ပါဝင်နိုင်ရန်
PlayStation Bug Bounty အစီအစဉ်ကို ကြေညာလိုက်ခြင်း ဖြစ်သည်။

အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့၏ HackerOne စာမျက်နှာတွင် တွေ့နိုင်သည် ။

https://hackerone.com/playstation

 

Read times
Rate this item
(0 votes)