Gaming Industry တိုးတက်လာခြင်းက Entertainmentအဖြစ် အဓိကနေရာက ပါဝင်လာနိုင်သလား

Gamingဟာ တခြားနယ်ပယ်တွေမှာ ကြီးမားတဲ့ပြိုင်ဘက်တစ်ခုအနေနဲ့ ဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်social mediaတွေမှာ gamingနဲ့ ပတ်သက်တဲ့ နည်းဗျူဟာတွေ၊စီးပွားရေးဆိုင်ရာ အကြောင်းအရာတွေကို အဓိကထားပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် တွန်းအားပေးသင့်ပါတယ်။Gaming Industryဟာ 90sလောက်ထဲက ယောက်ျားလေးအများစုကို အဓိက ရည်ရွယ်တာဖြစ်ပြီး အကြမ်းဖျင်းအားဖြင့်တောင် ကမ္ဘာပေါ်မှာ လူဦးရေ ၂.၅ ဘီလီယမ်ဟာ ဂိမ်းကစားကြပါတယ်။

 

ဒါတောင် ကိုယ့်ကိုယ်ကို Gamerလို့ မခံယူထားတဲ့သူတွေ အများကြီးရှိနေပါသေးတယ်။Amazon၊Google၊Facebookနှင့်Apple တို့တောင် Gamingနဲ့ ပတ်သက်ပြီး ရင်းနှီးမှုအကြီးစားတွေလုပ်လာပြီဆိုတော့ Gamingလောက တောက်ပလာနေပြီဆိုတာ အသေချာပါပဲ။

 

Esportsဆိုတာဟာ လွန်ခဲ့တဲ့ ၁၅နှစ်ကတည်းက PC gamingကနေ စတင်နေတယ်ဆိုရင်လည်းမမှားနိုင်ပါဘူး။ဒါပေမယ့် လွန်ခဲ့တဲ့ ၂နှစ်၃နှစ်ကနေ စပြီး အိန္ဒိယနဲ့ အရှေ့တောင်အာရှတွေမှာ mobile esportsဟာ ကျယ်ပြန့်လာပြီး ခေတ်စားလာပါတယ်။mobileကတော့ စီးပွားရေးသမားတွေအတွက် သာမက playerတွေအချို့ရဲ့ ဝင်ပေါက်တစ်ခုဖြစ်ပါတယ်။မီလီယံနဲ့ ချီတဲ့ playerတွေရှိတဲ့အတွက်ကြောင့် နောက်လာမယ့် ၂နှစ်၃နှစ်မှာ mobile esports ဟာ PC gaming သာမက အားလုံးထပ်များပြားလာနိုင်ပါတယ်။

 

အခုလို covid ကာလမှာ လူတွေဟာ Stay Home ဖြစ်ပြီး lockdownကြောင့် အနည်းနှင့်အများ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ဒါ့ကြောင့်စိတ်အပန်းဖြေနိုင်ရန်အတွက် gameတွေဆော့လာကြတဲ့အခါ gamingဘက်ကိုရောက်ရှိလာကြပါတယ်။coronavirus ကာလမှာ Gameကစားသူ အရေအတွက်ဟာ တိုးတက်လာခဲ့ပါတယ်။ထို့ကြောင့် Gaming Industryဟာ လူတွေကြားထဲမှာ အဓိက နေရာကပါဝင်လာပြီဆိုတာ ချန်ထားလို့မရတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။

 

Ref:The Drum

Read times
Rate this item
(0 votes)