ဆုကြေးငွေပေါင်း သိန်း ၅၀၀ ကျော် ချီးမြှင့်မည့် PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲအတွက် စာရင်းပေးသွင်းနိုင် ပါပြီ


မြန်မာ့လူငယ် Esports ကစားသမားများကို PUBG MOBILE ၏ အရှေ့တောင် အာရှဒေသအတွင်းတွင်

အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခု ဖြစ်သည့် PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးအထိ သွားရောက်ယှဥ်ပြိုင်နိုင်ရန် ခေါ်ဆောင်သွားနိုင်မည့် စိတ်လှုပ်ရှားဖွယ် ပြည်တွင်းပြိုင်ပွဲ PUBG MOBILE Myanmar Championship 2020 Season 2 ကို စတင်လိုက်ပြီ ဖြစ်ကြောင်း PUBG MOBILE မှ ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ပြိုင်ပွဲကြီးကို MPT နှင့် Signature Streetwear တို့မှ Main Sponsor အဖြစ် ပံ့ပိုးကူညီပေး ထားသည်။

PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲအတွက် Online Registration ကို ဇူလိုင်လ ၃၁ နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် မည်သူမဆို သြဂုတ် ၁၁ ရက်နေ့အထိ စာရင်းပေးသွင်း၍ ပါဝင်ယှဥ်ပြိုင်နိုင်ကာ အသင်းပေါင်း ၁,၂၀၀ အထိ လက်ခံသွားမည်ဖြစ်သည်။ အဆိုပါ အသင်းပေါင်း ၁,၂၀၀ ကို အဖွဲ့ပေါင်း ၆၀ ဖြင့် ဖွဲ့စည်းကာ Online Qualifier အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယင်း Online Qualifier များကို သြဂုတ်လ ၁၅ ရက်နေ့မှ သြဂုတ် ၃၀ ရက်နေ့အထိ ယှဥ်ပြိုင်သွားရမည်ဖြစ်သည်။

အဆိုပါ Online Qualifier မှ အမှတ်အများဆုံး အသင်း ၁၆ သင်းသည် PUBG MOBILE Myanmar Championship 2020 Season 2 Finals သို့ တက်ရောက်ယှဥ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ယင်း ပြိုင်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ပထမအပတ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆုကြေးငွေပေါင်း ကျပ်သိန်း ၅၀၀ ချီးမြှင့်သွားမည်ဖြစ်သည်။

PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲမှ ထိပ်ဆုံး အသင်း (၄) သင်းသည် PMCO SEA Wildcard Finals အဆင့်ကို တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

PUBG MOBILE အနေဖြင့် PMPL (PUBG MOBILE Pro League) SEA Finals ကို တစ်နှစ်လျှင် (၂) ကြိမ် နွေဦးနှင့် ဆောင်းဦးရာသီတို့တွင် စီစဥ်ကျင်းပလေ့ရှိပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊ အရှေ့တီမော၊ ဘရူနိုင်း၊ ဖိလစ်ပိုင် အစရှိသော နိုင်ငံများမှ ထိပ်တန်းကစားသမား၊ အသင်းများ ယှဥ်ပြိုင်ကြရသည့် ဂိမ်းပွဲကြီး တစ်ခုဖြစ်သည်။

PMCO SEA Wildcard Finals အဆင့်သည် ကိုယ်ပိုင် League မရှိသော မြန်မာ၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ အရှေ့ တီမောနှင့် ကမ္ဘောဒီးယား အစရှိသော အရှေ့တောင်အာရှနိုင်ငံများ Online တွင် အချင်းချင်း ယှဥ်ပြိုင်ရသော ပြိုင်ပွဲဖြစ်သည်။ PUBG MOBILE Myanmar Championship 2020 Season 2 ပြိုင်ပွဲမှ အနိုင်ရရှိသော မြန်မာအသင်း ၄ သင်းနှင့် လာအို၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောနိုင်ငံများမှ Online ပြိုင်ပွဲများမှ အနိုင်ရရှိသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့သည် PMCO SEA Wildcard Finals အဆင့်တွင် အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အဆိုပါ အဆင့်တွင် ထိပ်ဆုံး ရပ်တည်နိုင်သော အသင်း (၃) သင်းကသာ ကိုယ်ပိုင် League ရှိသောနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံမှ အသင်းများနှင့်အတူ PMPL (PUBG MOBILE Pro League) SEA Finals သို့ တက်လှမ်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

PUBG MOBILE ၏ ကုမ္ပဏီ Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr. Andrew Manugian က “ဒီတစ်ခေါက်မှာတော့ PUBG MOBILE ရဲ့ Myanmar Championship 2020 Season 2 ပွဲက အရင်ကထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းမှာပါ။ PMPL SEA Final နိုင်ငံတကာပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ဖို့အတွက် အဓိက အခွင့်အရေး ရရှိမှာဖြစ်ပြီး ကမ္ဘာအနှံ့က အကောင်းဆုံးအဖွဲ့တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ Esports ကဏ္ဍမှာ တိုးတက်မှုနဲ့ ရှေ့လျှောက် အောင်မြင်မှုအလားအလာတွေ အများကြီး တွေ့ရတဲ့အတွက် ပိုမိုတိုးတက်ဖွံဖြိုးလာအောင် အစွမ်းကုန် ကူညီသွားမှာပါ။ ယှဉ်ပြိုင်မယ့် အသင်းအားလုံးကို ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ပြိုင်ပွဲစဉ်ကို ကြည့်ရင်း အားလုံးပျော်ရွှင်နိုင်ကြဖို့လည်း မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

နိုင်ငံတကာတွင် လူကြိုက်အများဆုံး Esports ဂိမ်းတစ်ခုအဖြစ် ဦးဆောင်နေသော PUBG MOBILE သည် မြန်မာနိုင်ငံ Esports ဂိမ်းကဏ္ဍ၏ အလားအလာကောင်းသော တိုးတက်မှုများနှင့်အတူ မြန်မာလူငယ် ကစား သမားများ၏ အရည်အချင်းကို တွေ့မြင်ခဲ့ရပြီးနောက် မြန်မာနိုင်ငံ Esports ဂိမ်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာနိုင်ငံတွင် Esports အသိုက်အဝန်း တစ်ခု အခိုင်အမာဖြစ်တည်လာရန်၊ မြန်မာလူငယ်ကစားသမားများ၏ အရည်အသွေးကို ပိုမိုမြှင့်တင်ပေးပြီး နိုင်ငံတကာအဆင့် ပြိုင်ပွဲများအထိ ခေါ်ဆောင်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံတွင် Online/Offline ဂိမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့လျက်ရှိသည်။

ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များအားလုံးကို PUBG MOBILE ၏ Official Facebook စာမျက်နှာ www.fb.com/PUBGMOBILE.MM.OFFICIALတွင်လည်း ၀င်ရောက်လေ့လာနိုင်သည်။

 

PUBG MOBILE အကြောင်း

PUBG MOBILE သည် Original Battle Royale ဂိမ်းအမျိုးအစားဖြစ်သော PlayerUnknown’s Battlegrounds ဟူသည့် PC ဂိမ်း၏ တရားဝင် မိုဘိုင်းဂိမ်း(Mobile Game) တစ်ခုဖြစ်ပါသည်။ လက်ရှိတွင် အာရှဒေသတွင်း၌ လူကြိုက်အများဆုံး ဂိမ်းတစ်ခုလည်းဖြစ်ပြီး ပွဲစဉ်တစ်ခုအတွင်း ကစားသမား အယောက် ၁၀၀ အထိ တပြိုင်နက် ဝင်ရောက်ကစားနိုင်သော ဂိမ်း တစ်ခုဖြစ်ပါသည်။ PUBG MOBILE ဂိမ်းပုံစံသည် အဆင့်တက်တိုင်း တဖြည်းဖြည်းကျဉ်းမြောင်းလာသော စစ်မြေပြင်ထဲတွင် တွေ့ရှိသော လက်နက်များနှင့် ယာဉ်များကို အသုံးပြုကာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော ကစားသမား ဖြစ်အောင် ကြိုးစားရမည် ဖြစ်ပြီး ထိုသို့နောက်ဆုံးကျန်ရစ်သူ သို့မဟုတ် အဖွဲ့သည် အနိုင်ရရှိခြင်း ဖြစ်ပါသည်။ PUBG MOBILE ဂိမ်း အကြောင်းကို PUBG MOBILE ၏ Facebook Page, YouTube Channel နှင့် Twitter စာမျက်နှာများတွင် လေ့လာနိုင်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူဖြစ်သည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားသည်။

MPT သည် ၂၀၁၄ ဇူလိုင်လတွင် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့သည်။

MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများကို လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၅ သန်းကျော်ကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ အတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိ လိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗွီဒီယိုအား အခမဲ့ကြည့်ရှုနိုင်သည်။


ယခုအခါတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် PUBG နှင့် ပူးပေါင်းပြီး PUBG Gang နှင့် PUBG Hti-Pauk အစီအစဉ်များကို သုံးစွဲသူများအနေနှင့် ပိုမိုအဆင်ပြေစေရန် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ PUBG ကစားသူများအနေနှင့် PUBG Data Pack ကိုဝယ်ယူလျှင် PUBG Hti Pauk ကံစမ်းခွင့် နှစ်ကြိမ်ရရှိမည် ဖြစ်သည့်အပြင် PUBG Hti-Pauk ကံစမ်းပါက PUBG ဂိမ်း Item နှင့် အပိုဆောင်းဒေတာလက်ဆောင်များကို ဗလာမပါကံစမ်းရရှိမည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှု များနှင့် အခြားသောအချက်အလက်များကို သိရှိလိုပါက www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage များတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

Signature Streetwear အကြောင်း

Signature Streetwear သည် မိမိကိုယ်ပိုင်စတိုင် ကိုယ်ပိုင်အထာကို ယုံကြည်မှုရှိရှိ ပိုမိုတိုးမြှင့်ပေးသည့် အမျိုးသမီး၊အမျိုးသားဝတ် Streetwear Brand တစ်ခုဖြစ်သည်။ ထူးခြားဆန်းသစ်၍ လူငယ်ဆန်ကာ Urban culture ကို Hip Hop, DJ, Breakdance, EDM, Esports တို့ဖြင့်ဖော်ပြနိုင်ရန် ရည်ရွယ်ထားပြီး ခေတ်မီထူးခြားဆန်းပြားသည့်ဒီဇိုင်းနှင့်အတူ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များ၊ Signature Outlet Sales များနှင့် Ecommerce တို့တွင် အဓိက ဝယ်ယူ နိုင်မည်ဖြစ်သည်။ Signature Streetwear ကို Online Shopping Page များနှင့် New Ecommerce၊ ခေတ်မီဖက်ရှင် ဆိုင်များတွင်လည်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Read times
Rate this item
(0 votes)