MLBB ရဲ့ MPL Season - 5 တွင် ဆုငွေ သိန်း (၇၅၀) ကျော် ချီးမြင့်သွားမည်

မြန်မာနိုင်ငံမှာ ရေပန်းစားလူကြိုက်အများဆုံး MOBA ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ Mobile Legend:Bang Bang ရဲ့ MPL Season 5 ကို သြဂုတ်လ (၂၂) ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး ကျပ်သိန်းပေါင်း (၇၅၀) ကျော် တန်ဖိုးရှိတဲ့ဆုတွေ ပါဝင်မယ်လို့ သိရပါတယ်။

 

MPL Season 5 မှာ Presenting Sponsor အဖြစ် တယ်လီနောမြန်မာ ၊ Official Smartphone Partner အဖြစ် OPPO Myanmar နဲ့ MLBB Developer MOONTON အပြင် ပွဲစီစဉ်ဆောင်ရွက်သူ Game Cast Network Myanmar တို့မှ ပါဝင်ပံ့ပိုးပေးသွားမှာပဲ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး MLBB ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းက စိတ်ပါဝင်စားကြသူ E-sports အားကစားသမားများနဲ့ တရားဝင် တိုက်ရိုက် ဖိတ်ကြားခံထားရသော ထိပ်သီးအသင်းများဖြစ်တဲ့ MPL Season 4 ရဲ့ ချန်ပီယံ Burmese Ghouls၊ တတိယနေရာရရှိခဲ့တဲ့ Yangon Galaticos နဲ့ စတုတ္ထနေရာကို ရရှိခဲ့တဲ့ Lord ( ယခင် Team Reselection ) တို့မှ ပါဝင်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

 

ပထမဆု ရရှိတဲ့ အသင်းကိုတော့ အမေရိကန် ဒေါ်လာ ၁၃,၀၀၀ (မြန်မာငွေကျပ် ၁၉၅ သိန်းခန့်) ၊

ဒုတိယဆုအတွက် အမေရိကန် ဒေါ်လာ ၆,၀၀၀ (မြန်မာကျပ်ငွေ ၈၅ သိန်းခန့်) ၊

တတိယဆုအတွက် အမေရိကန်ဒေါ်လာ ၃,၀၀၀ (မြန်မာကျပ်ငွေ ၄၅ သိန်းခန့်) စီ အသီးသီး ချီးမြှင့်သွားမှာပဲ ဖြစ်ပါတယ်၊၊

 

ပြိုင်ပွဲဝင်ရန်အတွက် ဩဂုတ်လ (၁၆) ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပြီး၊ League Qualifiers (လက်ရည်စစ် ပွဲစဉ်များ) ကို ဩဂုတ်လ (၂၂) ရက်နေ့မှာ စတင်သွားမှာပဲ ဖြစ်ပါတယ်။ Qualified ဖြစ်တဲ့ အသင်း (၈) သင်းက (Round-Robin League Format) ပွဲစဥ်များကို စက်တင်ဘာ (၁၂) ရက်နေ့မှစ၍ (၄) ပတ်ဆက် တိုက်ယှဥ်ပြိုင်သွားရမှာဖြစ်ပြီးတော့ ထိပ်ဆုံး (၆) သင်းက အောက်တိုဘာ (၃၁)ရက်နေ့ နဲ့ နိုဝင်ဘာ (၁) ရက်နေ့အတွင်း ရှုံးထွက်ပွဲစဉ်ကို ဆက်လက် ဆော့ကစားရမှာ ဖြစ်ပါတယ်။

 

Meta အသစ်၊ ကစားကွက်အသစ်၊ လူအပြောင်းအလဲ အသစ်တွေနဲ့ ဘယ်လိုနည်းဗျူဟာတွေ သုံးပြီး ဘယ်သူတွေက ဘယ်လို ယှဥ်ပြိုင်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှား ထွက်ပေါ်လာအုန်းမလဲဆိုတာက စောင့်ကြည့်နေရအုန်းမှာ  ဖြစ်ပါတယ်။


MPL-MM S5 အကြောင်းနဲ့ စာရင်းပေးသွင်းရမယ့် အချက်အလက်များ ၊ တိုက်ရိုက်ထုတ်လွှင့်မယ့် အချိန်များနှင့် ပတ်သက်ပြီး သိရှိလိုပါက Mobile Legends: Bang Bang Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာ Mobile Legends: Bang Bang Myanmar Facebook  မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)