Epic Games 'Fortnite' ရဲ့ ၃၀ ရာခိုင်နှုန်း တိုက်ပွဲ ဗီဒီယို

လူကြိုက်များသော Fortnite နောက်ကွယ်မှ Epic Games စတူဒီယိုက အက်ပဲလ် ရဲ့

အက်ပ်စတိုးမှာ တင်ထားတဲ့ Fortnite ဂိမ်းထဲမှာ ဈေးဝယ်ဖို့ လုပ်ဆောင်ချက်ကို update မှာ ထည့်သွင်းပေးလိုက်ပြီး ယခင်လို အက်ပ်စတိုးကို ဖြတ်သန်းပြီး ဈေးဝယ်ဖို့ မလိုတော့ဘဲ တိုက်ရိုက်ဝယ်ယူလို့ ရအောင် လုပ်လိုက်တယ်။
အဲးီလို လုပ်တာ ဘောင်ကျော်တယ်လို့ အက်ပ်ပဲက ဆုံးဖြတ်ပြီး Fortnite ဂိမ်းကို အက်ပ်စတိုးမှ ဖယ်ရှားပစ်လိုက်တယ်။ မကြာချင်မှာပဲ Google ရဲ့ ပလေးစတိုးမှာလည်း အလားတူပင် Fortnite ဂိမ်းကို ဖယ်ရှားပစ်လိုက်တယ်။
Epic Games က Apple ကို ရည်ရွယ်ချက် ရှိရှိဖြင့် 30% တိုက်ပွဲကို ချက်ချင်း စတင်လိုက်တယ်။

ဩဂုတ် ၁၃ မှာ တိုက်ပွဲစ

====
Epic က Fortnite app ကို လုပ်ငန်းဆောင်တာအသစ်တချို့ပါဝင်တဲ့ update ပေးလိုက်တယ်။ လုပ်ငန်းဆောင်တာ တစ်ခုက ဂိမ်းကစားတဲ့သူတွေက အက်ပ်ထဲမှ ငွေကြေး ( in-app currency) နဲ့ ဈေးဝယ်လို့ ရအောင် လုပ်ပေးထားပြီး ဈေးနှုန်းက လျှော့ဈေးဖြင့် ရောင်းပေးတယ်။ ငွေချေတဲ့အခါ ခါတိုင်းလို Apple ရဲ့ App Store မှ ငွေချေစနစ်ကို သုံးဖို့ မလိုဘူး။ Epic ကို တိုက်ရိုက်ပေးချေလို့ရအောင် လုပ်ပေးထားတယ်။


App Store မှ ငွေချေစနစ်က အရောင်းပမာဏရဲ့ ၃၀ % ကို ဝန်ဆောင်ခအဖြစ် ပုံသေနှုန်းထား သတ်မှတ်ပြီး ဖြတ်ယူတယ်။ ကျန်တဲ့ ၇၀% ကို အက်ပ်ပိုင်ရှင်ဖြစ်တဲ့ developerကိုပဲ ပေးတယ်။
Epic ကို တိုက်ရိုက်ပေးချေလို့ စီစဉ်ပေးထားလိုက်တဲ့အတွက် App Store မှ ဝန်ဆောင်ခ ၃၀ % ကို ဖြတ်တောက်ရယူလို့ မရတော့ဘူး။ အခုလို ၃၀ % ကို သက်သာသွားတာကြောင့် Epic က ဂိမ်းကစားသူတွေကို လျှော့ဈေးဖြင့် ရောင်းချပေးတယ်။
အခုလို ၃၀% ဝန်ဆောင်ခ ရယူတာကို တွက် App Store မှ iOS versionတွေကိုသာ ရယူတာ မဟုတ်ပါဘူး။ Google ရဲ့ Play Store မှာလည်း အလားတူပင် ၃၀% ဝန်ဆောင်ခ ရယူပါတယ်။ အတူတူနဲ့ အနူနူပါပဲ။

အဲဒီ update က App Store ရဲ့ စည်းကမ်းကို ချိုးဖောက်တာမို့ နာရီပိုင်းအတွင်းမှာပဲ Fortnite ဂိမ်းကို App Store မှ ဖယ်ရှားပစ်လိုက်ပါတယ်။
Android version မှာလည်း အလားတူ update ကို ပေးတာကြောင့် Google ရဲ့ Play Store စည်းကမ်းတွေ ချိုးဖောက်တာမို့ Play Store ကလည်း Fortnite ဂိမ်းကို ဖယ်ရှားပစ်လိုက်ပါတယ်။

အဲဒီနေ့မှာပဲ Epic က Apple နဲ့ Google တို့ကို Fortnite ဂိမ်း ဖယ်ရှားပစ်ခြင်းအတွက် ဥပဒေကြောင်းအရ တရားစွဲဆိုလိုက်ပါတယ်။
Apple အား စျေးကွက်များကိုထိန်းချုပ်ရန်၊ ယှဉ်ပြိုင်မှုကို ပိတ်ပင်ရန်နှင့် ဆန်းသစ်တီထွင်မှုကို ဟန့်တားရန် ကြိုးပမ်းဆောင်ရွက်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ လူထုရဲ့ ထောက်ခံတဲ့ သဘောထားကို ရယူဖို့ ဗီဒီယိုကားတိုတစ်ခုကို အွန်လိုင်းမှာ တင်ပေးလိုက်ပါတယ်။ Apple ရဲ့ တစ်ချိန်တစ်ခါက နာမည်ကြီး ကြော်ငြာဖြစ်တဲ့ "1984" ကို ဗားရှင်းအသစ်လုပ်ထားတာ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ကွန်ပျူတာဈေးကွက်မှာ အိုင်ဘီအမ် ကွန်ပျူတာလုပ်ငန်းကြီးက ကြီးစိုးမင်းမူနေတာကို လုပ်ငန်းငယ်အသစ် Apple က တိုက်ပွဲဝင်နေရတာကို သရုပ်ဖော်တဲ့ ဗီဒီယို ဖြစ်ပါတယ်။ အခုမူသစ်မှာတော့ ကြီးစိုးမင်းမူနေတဲ့ Apple ကို Epic Games တိုက်ပွဲဝင်တာကို သရုပ်ဖော်ထားပါတယ်။ Fortnite ထဲမှ ဇာတ်ရုပ်က ပိုးထိုးနေတဲ့ ပန်းသီး (apple) ကို ပြောနေတဲ့ ကာတွန်းဇာတ်ကောင် ပြသနေတဲ့ စခရင်ကို ကျိုင်းတုတ်နဲ့ ပစ်ခွဲလိုက်တာကို ပြသပြီး အဆုံးသတ်ထားတယ်။

 စိတ်ဝင်စားမှု ရေချိန်မြင့်မားနေတဲ့ ကိစ္စဖြစ်လို့ ရက်ပိုင်းအတွင်းမှာ ကြည့်ရှုသူ ၅.၇ သန်းကျော်သွားခဲ့ပါတယ်။ 


ကြီးစိုးခြယ်လှယ် ဖိနှပ်နေတဲ့ IBM ကို Apple က ချေမှုန်းတာအစား ကြီးစိုးခြယ်လှယ်နေတဲ့ Apple ကို Fortnite ဇာတ်ကောင်က ချေမှုန်းတာနဲ့ အစားထိုးပြီး ပြသလိုက်တာ ဖြစ်ပါတယ်။

Apple ရဲ့ နာမည်ကြီး "1984" တီဗီကြော်ငြာကို ဖော်ပြအပ်ပါတယ်။

 

Read times
Rate this item
(0 votes)