PUBG MOBILE 1.0 version အသစ် စက်တင်ဘာမှာ လာမည်

အင်တာနေရှင်နယ် မိုဘိုင်းလ်ဂိမ်း PUBG MOBILE မှ 1.0 version အသစ်ကို ၂၀၂၀ ပြည့်နှစ်စက်တင်ဘာလ ၈ ရက်နေ့တွင်

စတင်မိတ်ဆက်သွားမည်ဖြစ်သည်။ 

ကမ္ဘာပေါ်တွင် သုံးနှစ်ဆက်တိုက် ရေပန်းအစားဆုံး မိုဘိုင်းလ်ဂိမ်းဖြစ်သော PUBG Mobile မှ လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် နည်းပညာအသစ်၊ UX အသစ်အပြင် Gameplay Features အသစ်များနှင့်အတူ မိုဘိုင်းလ်ဖုန်းနှင့် ကစားသည့် အခါ ပိုမိုကောင်းမွန်ပြီး လက်တွေ့ဆန်ဆန် ပြိုင်ပွဲဝင်နေသည့် ခံစားချက်ကို ရရှိစေမည့် 1.0 Version ကို စတင် မိတ်ဆက်မည် ဖြစ်သည်။  

PUBG MOBILE ကို ၂၀၁၈ ခုနှစ် တွင်ပထမဆုံးအကြိမ် စတင်မိတ်ဆက်ခဲ့ပြီး ၆၀၀ မီလီယံကျော်အထိ ဒေါင်းလုဒ်ရယူခဲ့ကြကာ ကမ္ဘာအနှံ့အပြားတွင် (တရုတ်နိုင်ငံမှအပ) နေ့စဉ်ကစားသူ ၅၀ မီလီယံခန့် ရှိနေပြီဖြစ်သည်။ မယုံကြည်နိုင်စရာကောင်းသော PUBG MOBILE ၏ အောင်မြင်မှုများနှင့် ပုံမှန်ကစားသူအရေအတွက်များ တိုးတက်လာသည့် နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် PUBG MOBILE မှ ဆန်းသစ်ပြီး တိုးတက်လာသည့် ဂိမ်းကစားမှုအတွေ့အကြုံသစ်များကို သုံးစွဲသူ ကစားသမားများ ထံသို့ ဆက်လက် မိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်မိတ်ဆက်မည့် 1.0 version နှင့်အတူ လူအများ မျှော်လင့်ထားကြသည့် အံသြဖွယ်ရာလက်ဆောင် အစီအစဥ်များကိုလည်း ထုတ်ဖော် မိတ်ဆက်သွားမည် ဖြစ်သည်

အသစ်ထွက်ရှိလာမည့် 1.0 Version ကို ယခင်ကထက် ပိုမိုအသေးစိတ်ကျသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားပြီး Version အသစ်တွင် ဂိမ်းကစားသည့်အခါ ဂိမ်း၏ အရည်အသွေးကို အကောင်းမွန်ဆုံး ခံစားနိုင်ရန် တိုးမြှင့်လုပ်ဆောင် ထားသည့်အတွက် PUBG MOBILE သုံးစွဲသူများအနေနှင့် ဂိမ်းကစားမှုအတွေ့အကြုံကောင်းများ ရရှိနိုင်မည်ဟု မျှော်လင့်ရသည်။ 

Version အသစ်တွင် ကစားသူများ၏ Characters, Main Lobby Lights နှင့် ပြောင်မြောက်လှပသည့် ပတ်ဝန်းကျင်များ ပါဝင်အောင် တိုးတက်ဖန်တီးထားသည်။ အမှုန်အမွှားလေးများ၊ မီးခိုးငွေ့များ၊ Air Blast၊ Muzzle Flashes များ၏ မြင်ကွင်းများကို ပိုမိုစစ်မှန်သည်ဟု ခံစားရစေမည်ဖြစ်သည်။ လေထီးခုန်ခြင်း၊ တာဝေးပြေးခြင်းနှင့် အခြားအဓိကကျသော လှုပ်ရှားမှုများကိုလည်း Battle Royale အတွေ့အကြုံကို အကောင်းမွန်ဆုံးဖြစ်အောင် ဖန်တီးထားသည်။ 

ထို့အပြင် Lighting System နှင့်  Texture Quality တို့ကိုပါ ပိုမိုတိုးတက်အောင် ပြုလုပ်ထားသည့်အတွက် မြေပြင်၊ ရေပြင်နှင့် ကောင်းကင် ပုံရိပ်များသည်လည်း အပြင်မှ အတွေ့အကြုံအတိုင်း မြင်တွေ့ရမည်ဖြစ်သည်။ Models နှင့် Texture Quality များကိုပါ ပိုမို ကောင်းမွန်အောင် ပြုပြင်ထားသည့်အတွက် ပိုမိုအရည်အသွေးကောင်း၍ လက်တွေ့ဆန်သော ခံစားမှုအတွေ့အကြုံသစ်များ ရရှိမည်ဖြစ်သည်။ 

 

ထို့အပြင် ကစားသမားများအား ပိုမိုတိကျသော ထိန်းချူပ်မှုအတွေ့အကြုံရရှိစေရန် PUBG MOBILE Users များ၏ Interface နှင့် Interactions၊ Visuals၊ Motions နှင့် Sound Effects အရည်အသွေးများကို ကောင်းမွန်စွာ ပြန်လည်ပြုပြင်မွမ်းမံ ထားသည်။ Interface ကို မျက်လုံးတွင် လွယ်ကူရှင်းလင်းစွာ မြင်ရစေရန် ပြုပြင်ထားပြီး Visual Technology Elements များ ထပ်မံထည့်သွင်းထားသည်။  Dawn Cyan, Smoke Grey ၊ Hope White နှင့် Victory Yellow အရောင်များကို ရွေးချယ်အသုံးပြု ထားသောကြောင့် ထိုအရောင်များကြောင့် ကစားသမားများအနေနှင့် နံနက်အရုဏ်ဉီးအချိန်၊ ရှုံးနိမ့်ပြီးနောက် တစ်ဖန်ပြန်လည် စတင်ခြင်းနှင့် ခက်ခဲကြမ်းတမ်းသော အခြေအနေများကြားထဲမှ အောင်မြင်မှု အခိုက်အတန့် သဘောတရားများကို မြင်သာ စေသည်။  

 

ကစားသမားများအနေဖြင့် မိမိတို့ လိုချင်သောအရာများကို ပိုမိုလွယ်ကူစွာ ရှာဖွေနိုင်ရန် ပိုမိုတိကျကောင်းမွန်သော ထိန်းချုပ်မှုများကို အဆင့်မြှင့်ပေးခြင်းဖြင့် PUBG MOBILE ၏ သီးသန့် ဆန်းသစ်သော Multi-screen Switching Mode ကိုလည်း မိတ်ဆက်ပေးသွားမည်ဖြစ်သည်။  ရှိပြီးသား လုပ်ဆောင်ချက် Function များသည်လည်း Display တွင် ပို၍ စနစ်တကျ ပေါ်လာမည်ဖြစ်သည်။ ကစားသမားများ လွယ်ကူစွာ ဝင်ရောက်နိုင်ရန်နှင့် လျင်မြန်စွာ လုပ်ဆောင်ချက်များကို ရှာဖွေနိုင်ရန် Games၊ Community နှင့် Purchases များကို နေရာ ၃ ခု ခွဲခြား၍ ရိုးရှင်းသေသပ်သော Interface ကိုလည်း ဖန်တီးပေးထားသည်။ ထို့ပြင် ကစားသမားများအနေဖြင့် မိမိ ကိုယ်ပိုင် Layout ကို စိတ်ကြိုက်ပြုပြင်ပြီး လုပ်ဆောင်ချက်များကို ပိုမို သက်သောင့်သက်သာဖြင့် ပြုလုပ်နိုင်မည်ဖြစ်ကာ ကောင်းမွန်သော User Experience ကိုလည်း ရရှိ‌စေမည်ဖြစ်သည်။  

  

PUBG MOBILE ၏ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ရဲ့ 1.0 Version မိတ်ဆက်တဲ့ ခရီးစဥ်အထိ ကျွန်တော်တို့နဲ့ အတူတူ ပူးပေါင်းပါဝင်ကြတဲ့ ကစားသမား တစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ PUBG ရဲ့ ဒီဇိုင်းနဲ့ အခြားဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းစဥ်တစ်လျှောက်လုံးမှာ  PUBG MOBILE ရဲ့ ပင်ကို အထင်ကရ IP နဲ့ Style ကို ထိန်းသိမ်းထားပြီး မိုဘိုင်း ထုတ်ကုန်များအတွက်  အကောင်းဆုံးသော ဆန်းသစ်တဲ့ အတွေ့အကြုံများကို ဆက်လက်ပေးအပ်နိုင်အောင် လုပ်ဆောင်ခဲ့ ပါတယ်”  ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ “ဒီ 1.0 version အသစ်ဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဆုံးမဟုတ်ပါဘူး။ ဒါဟာ PUBG MOBILE ရဲ့ ခေတ်သစ် အစသာရှိသေးပြီးတော့ ကျွန်တော်တို့မှာ မကြာမီ ပရိသတ်တွေကို ဝေမျှရမယ့် စိတ်လှုပ်ရှားစရာ အစီအစဥ်အသစ်တွေလည်း ရှိပါသေးတယ်” ဟု ပြောကြားခဲ့သည်။  

 

PUBG MOBILE အကြောင်း   

 

PUBG MOBILE သည် Original Battle Royale ဂိမ်းအမျိုးအစားဖြစ်သော PlayerUnknown’s Battlegrounds ဟူသည့် PC ဂိမ်း၏ တရားဝင် မိုဘိုင်းဂိမ်း (Mobile Game) တစ်ခုဖြစ်သည်။ လက်ရှိတွင် အာရှဒေသတွင်း၌  လူကြိုက်အများဆုံး ဂိမ်းတစ်ခုလည်းဖြစ်ပြီး ပွဲစဉ်တစ်ခုအတွင်း ကစားသမား အယောက် ၁၀၀ အထိ တစ်ပြိုင်နက် ဝင်ရောက်ကစားနိုင်သော ဂိမ်းတစ်ခုဖြစ်သည်။ PUBG MOBILE ဂိမ်းပုံစံသည် အဆင့်တက်တိုင်း တဖြည်းဖြည်း ကျဉ်းမြောင်းလာသော စစ်မြေပြင်ထဲတွင် တွေ့ရှိသော လက်နက်များနှင့် ယာဉ်များကို အသုံးပြုကာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော ကစားသမားဖြစ်အောင် ကြိုးစားရမည်ဖြစ်ပြီး ထိုသို့နောက်ဆုံးကျန်ရစ်သူ သို့မဟုတ် အဖွဲ့သည် အနိုင်ရရှိခြင်းဖြစ်သည်။ PUBG MOBILE ဂိမ်း အကြောင်းကို PUBG MOBILE ၏ Facebook Page, YouTube Channel နှင့် Twitter စာမျက်နှာများတွင် လေ့လာနိုင်သည်။  

 

PUBG MOBILE ကို App Store နှင့်  Google Play တို့တွင် အခမဲ့ ဒေါင်းလုဒ်ရယူနိုင်သည်။

Read times
Rate this item
(1 Vote)