PUBG MOBILE GLOBAL CHAMPIONSHIP နိုဝင်ဘာလ နှောင်းပိုင်းတွင် ကျင်းပမည်

ဆုကြေးငွေပေါင်း အမေရိကန်ဒေါ်လာ ၂ သန်း ချီးမြှင့်မည်ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး MOBILE ESPORTS ပွဲ

PUBG MOBILE Global Championship ပြိုင်ပွဲကို လာမည့် နိုဝင်ဘာလ နှောင်းပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး

PUBG MOBILE Esports သည် PUBG MOBILE World League (PMWL) နှင့် World Championship တို့ ပူးပေါင်း၍ ကမ္ဘာ့အကြီးဆုံးမိုဘိုင်း Esports ပြိုင်ပွဲဖြစ်သည့် PUBG MOBILE Global Championship (PMGC) ကို ထုတ်ပြန်ကြေညာလိုက်သည်။ 

PMGC ၏ Season Zero သည် နိုဝင်ဘာလ နှောင်းပိုင်းတွင် စတင်မည်ဖြစ်ပြီး အမေရိကန်၊ ဥရောပ၊ တောင်အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း နှင့် တရုတ်နိုင်ငံရှိ ဒေသများမှ ထိပ်တန်းကစားသမားအဖွဲ့များမှ ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကာ Global Champions ဆုနှင့် PUBG MOBILE Esports သမိုင်းတစ်လျှောက်တွင် အမြင့်ဆုံးဆုဖြစ်သည့် ဆုကြေးငွေပေါင်း အမေရိကန်ဒေါ်လာ ၂ သန်း ဆုငွေဆွတ်ခူးရရှိရန် ပြိုင်ဆိုင်ကြရမည်ဖြစ်သည်။ 

ကမ္ဘာလုံးဆိုင်ရာ Covid-19 ကပ်ရောဂါကြောင့် PMGC Season Zero ပွဲတွင် အားပေးနိုင်သည့် ပရိသတ်များရှိမည် မဟုတ်သော်လည်း လုံခြုံဘေးကင်းမှုရှိစေရန် ပြိုင်ပွဲကို နိုဝင်ဘာလနှောင်းပိုင်းတွင် စတူဒီယိုများ အသီးသီးတွင် နေရာယူကာ ကျင်းပမည်ဖြစ်သည်။

 PMGC ပြိုင်ပွဲကို အဓိကပံ့ပိုးပေးသည်မှာ ကမ္ဘာ့အဆင့်မီ Wireless Technology နည်းပညာလောကတွင် ဦးဆောင်နေပြီး 5G ပိုမိုတွင်ကျယ်လာစေရန်နှင့် မိုဘိုင်းလ်ဂိမ်း ဆန်းသစ်တီထွင်မှုတို့ကို ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နေသည့်  QualcommTechnologies ပင်ဖြစ်သည်။    

 

 ယခုနှစ်တွင် PUBG MOBILE သည် ကမ္ဘာလုံးဆိုင်ရာနှစ်စဉ် Esports Program ၏ ဖွဲ့စည်းပုံကို ပြီးစီးခဲ့ပြီဖြစ်သည်။ ဤ အစီအစဥ်သည် နိုင်ငံဒေသအနှံ့အပြားရှိ အပျော်တမ်းကစားသမားများမှ စ၍ Semi-pro နှင့် Pro ကစားသမားများအားလုံးကို ထောက်ပံ့ပေးကာ Esports Stardom များဖြစ်လာကြစေရန် လမ်းကြောင်းဖောက်ပေးနေခြင်းဖြစ်သည်။ အချို့နိုင်ငံများ၌ ကစားသမားတိုင်း အတွက် ကျင်းပလျက်ရှိသော National နှင့် Campus Championships များအပြင် အခြားသော 3rd Party ပြိုင်ပွဲများ ကဲ့သို့သော ပွဲများသည်နောက်ပိုင်းတွင် နိုင်ငံအမြောက်အမြား၌ ကျင်းပလာကြမည်ဖြစ်သည်။ ယခုနှစ်တွင် Semi-pro Player များအတွက် PUBG MOBILE Club Open (PMCO) ကို နိုင်ငံပေါင်း ၁၅၀ ရှိ ဒေသ ၁၆ ခုတွင် ဖွင့်လှစ်ထားရှိသည်။ Spring မှ Fall အတွင်း  ပြိုင်ပွဲဝင် စာရင်းပေးသွင်းသူ စုစုပေါင်း အယောက် ၁၂၀,၀၀၀ ကျော်အထိ ရရှိခဲ့ပြီး PUBG MOBILE Esports ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသူများ ပိုမိုများပြားလာသည်။  

 

 စဥ်ဆက်မပြတ် ပြောင်းလဲပြီး တိုးတက်လာသည့် Esports Ecosystem ဖြစ်လာစေမည့် PUBG MOBILE Pro League (PMPL)ကို ပြိုင်ပွဲတွင် Professional အဆင့်အဖြစ် ယှဥ်ပြိုင်ရန်မိတ်ဆက်ခဲ့သည်။ PMPL သည် နေရာဒေသ ၇ ခုတွင် အသင်း ပေါင်း ၁၅၂ ခု ပါဝင်ကစားခဲ့ပြီး စုစုပေါင်းနာရီ ၂၈ မီလီယံကျော်သည်အထိ ကြည့်ရှုခြင်းခံကာ တစ်ဟုန်ထိုး အောင်မြင်မှု ရရှိခဲ့ သည်။ ဇူလိုင်လနှင့် သြဂုတ်လအတွင်း PUBG MOBILE World League (PMWL) Season Zero အသစ်တွင် “East နှင့် West League”မှ အသင်း ၄၀ သည် ထူးထူးခြားခြား ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့၏ အကောင်းဆုံး စွမ်းရည်ကို ပြသခဲ့ကြသည်။ ပရိသတ်ပေါင်း ၁.၁ မီလီယံ​​ကျော် ကြည့်ရှုခဲ့ပြီး စုစုပေါင်း နာရီ ၄၀ မီလီယံကျော်ရှိပြီး ကြည့်ရှုမှု အမြင့်ဆုံး ရောက်ရှိခဲ့သည်။ ယင်းသည် PUBG MOBILE esports သမိုင်းတစ်လျှောက်တွင် အများဆုံးကြည့်ရှုသူအဖြစ်စံချိန်ချိုးခဲ့သည်။ Esports Charts မှ မှတ်တမ်းများအရ PUBG MOBILE World League 2020 East  သည် လူကြိုက်အများဆုံးအွန်လိုင်းသီးသန့် ပြိုင်ပွဲတစ်ခု ဖြစ်ကြောင်းသိရှိရသည်။ 

 

 

“PUBG MOBILE World League Season Zero ရဲ့ အောင်မြင်မှုအပြီးမှာ ပိုမိုမြင့်မားအောင် မြှင့်တင်ဖို့နဲ့ ကျွန်တော်တို့ရဲ့ အားကစားအစီအစဉ်အသစ်ကို ပထမနှစ်မှာ အဆုံးသတ်နိုင်ရန်အတွက် ထူးခြားပြောက်မြောက်တဲ့ အရာတစ်ခု ဖန်တီးရမယ် ဆိုတဲ့ အချက်ကို ကျွန်တော်တို့ နားလည်သိရှိခဲ့ပါတယ်”ဟု  PUBG MOBILE Global Esports ၏ ဒါရိုက်တာဖြစ်သူ  James Yang  က ပြောကြားခဲ့သည်။ “၂၀၂၀ ဟာ လူတိုင်းအတွက်က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ကစားနည်းတွေ၊ အားကစားတွေကနေတစ်ဆင့် ကမ္ဘာကို အပြုသဘောနဲ့ အားပေးမှုတွေ ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကမ္ဘာတစ်ဝန်း ပျော်ရွင်စေဖို့၊ ကစားသမားများနဲ့ လူမှုဝန်းကျင်အတွက်  အံ့မခန်းဖွယ်ရာပြိုင်ပွဲတစ်ခုဖန်တီးဖို့ နေရာ ဒေသများကို ဖိတ်ခေါ်ချင်ပါတယ်” ဟု  ဆက်လက်ပြောကြားခဲ့သည်။

 

PUBG MOBILE အကြောင်း   

PUBG MOBILE သည် Original Battle Royale ဂိမ်းအမျိုးအစားဖြစ်သော PlayerUnknown’s Battlegrounds ဟူသည့် PC ဂိမ်း၏ တရားဝင် မိုဘိုင်းဂိမ်း (Mobile Game) တစ်ခုဖြစ်သည်။ လက်ရှိတွင် အာရှဒေသတွင်း၌  လူကြိုက်အများဆုံး ဂိမ်းတစ်ခုလည်းဖြစ်ပြီး ပွဲစဉ်တစ်ခုအတွင်း ကစားသမား အယောက် ၁၀၀ အထိ တစ်ပြိုင်နက် ဝင်ရောက်ကစားနိုင်သော ဂိမ်းတစ်ခုဖြစ်သည်။ PUBG MOBILE ဂိမ်းပုံစံသည် အဆင့်တက်တိုင်း တဖြည်းဖြည်း ကျဉ်းမြောင်းလာသော စစ်မြေပြင်ထဲတွင် တွေ့ရှိသော လက်နက်များနှင့် ယာဉ်များကို အသုံးပြုကာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော ကစားသမားဖြစ်အောင် ကြိုးစားရမည်ဖြစ်ပြီး ထိုသို့နောက်ဆုံးကျန်ရစ်သူ သို့မဟုတ် အဖွဲ့သည် အနိုင်ရရှိခြင်းဖြစ်သည်။ PUBG MOBILE ဂိမ်း အကြောင်းကို PUBG MOBILE ၏ Facebook Page, YouTube Channel နှင့် Twitter စာမျက်နှာများတွင် လေ့လာနိုင်သည်။  

 

PUBG MOBILE ကို App Store နှင့်  Google Play တို့တွင် အခမဲ့ ဒေါင်းလုဒ်ရယူနိုင်သည်

Read times
Rate this item
(0 votes)