Nintendo မူလလက်ဟောင်း game console တစ်ကျော့ပြန် ထုတ်လုပ်

Nintendo သည် ၁၉၈၀ ပြည့်နှစ်များတွင်ရောင်းခဲ့သောကုမ္ပဏီ၏ပထမဆုံး မိုဘိုင်းဂိမ်း console ဖြစ်

Game & Watch ၏ထုတ်လုပ်မှုကို ပြန်လည်စတင်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်တွင် စတင်ရောင်းချမည်။
full-color display အဆင့်မြှင့်တင်ထားပြီး ၂၀၂၁ ခုနှစ် မတ်လ အထိသာ ကန့်သတ်ထုတ်လုပ် ရောင်းချမည်ဟု သိရသည်။
ကုမ္ပဏီ၏ ကျန်သည့် consoles အမျိုးမျိုးတို့ကိုလည်း ဖြန့်ချိသည့်နေ့၌ လက်လီအရောင်းဆိုင်များတွင် ရောင်းချပေးသွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ကုမ္ပဏီ၏ အဓိက အပေါက်ဆုံး ဂိမ်းစီးရီး Super Mario Bros. ဗားရှင်းအသစ်ကိုလည်း ၃၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် Nintendo Switch အတွက်ထုတ်လုပ်ခဲ့ဖူးသည်။
full-color display အဆင့်မြှင့်တင်ထားသော မူလလက်ဟောင်း Game & Watch မိုဘိုင်းဂိမ်း console ရောင်းဈေးမှာ 5,478 yen ($51) ဖြစ်သည်။ နှစ်ပေါင်း ၄၀ အတွင်း ထုတ်လုပ်ခဲ့သော Mario ဂိမ်းများ ကစားနိုင်မည်ဖြစ်ရာ ရှေးဖြစ်ဟောင်း အောက်မေ့ဘွယ် ပြန်ကစားလိုသူများ ဖြစ်ကြသည့် သက်ကြီးရွယ်အို ပရိသတ်များစွာတို့ ကျေနပ်မှု ရရှိကြမည် ဖြစ်သည်။ လက်ထဲကိုင်ကစားရသော အရွယ်အစားရှိသည့် hand-held console ကို ထုတ်လုပ်ခဲ့ရာ၌ မူလက ကုမ္ပဏီ၏ ဒစ်ဂျစ်တယ်နာရီ လုပ်ကိုင်ပေးထားသော နည်းပညာများကို သုံးစွဲထားသည်ဈ

Source: Nintendo

myanmaritdirectory.com

 

Read times
Rate this item
(0 votes)