Esports ပြိုင်ပွဲမှာ မြန်မာ BG အသင်းက အင်ဒို RRQ အသင်းကိုနိုင်ပြီး ဗိုလ်လုပွဲတက်ရောက်

စင်ကာပူမှာ မြန်မာကိုယ်စားပြုပြီး Esports ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ BGအသင်းဟာ အင်ဒိုက

RRQအသင်းကို (၃)ပွဲ (၂)ပွဲနဲ့နိုင်ပြီး အခုဆိုရင်တော့ Grand Final ကို တက်ရောက်သွားပြီလို့ သိရပါတယ်။
BG ဆိုတာကတော့ မြန်မာ Esports team ဖြစ်တဲ့ Burmese Ghouls ရဲ့ အတိုကောက်ဖြစ်ပါတယ်။
ဒီပြိုင်ပွဲကိုတော့ Mobile Legends Bang Bang က စီစဉ်တာဖြစ်တာလည်း ဖြစ်ပါတယ်။
Game one and two မှာ မြန်မာကအရင်နိုင်ပြီး Game three and four မှာတော့ အင်ဒိုကနိုင်ခဲ့လို့ Game five ကိုဆက်ကစားခဲ့ကြပါတယ်။
(၅)ပွဲကစား (၃)ပွဲနိုင်ဖို့လိုအပ်တာလည်းဖြစ်ပြီး မြန်မာအသင်းက နောက်ဆုံးပွဲမှာ အင်ဒိုအသင်းကို အနိုင်ကစားခဲ့တာပဲ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ M2 World Championship ပြိုင်ပွဲရဲ့ Grand Final ကို တက်သွားခဲ့ပြီဖြစ်ပြီး RRQ ၊ Bren Esports နဲ့ Altar Ego အသင်း(၃)သင်းထဲက တက်လာမဲ့အသင်းနဲ့ ဗိုလ်လုပွဲကစားသွားရမှာ ဖြစ်ပါတယ်။
Grand Final ကို မနက်ဖြန်(တနင်္ဂနွေနေ့)တွင် ကျင်းပမည်ဖြစ်ပြီး Best Of 7 ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
Source - BG

Read times
Rate this item
(0 votes)