M2 World Championship ပြိုင်ပွဲတွင် မြန်မာအသင်း 1st Runner Up ရရှိ

စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ M2 World Championship ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု

Burmese Ghouls (BG) teamအနေနဲ့ ဖိလစ်ပိုင်က BREN Esports teamနဲ့ ဗိုလ်လုပွဲရင်ဆိုင်ကစားခဲ့ရပြီး ပွဲစဉ်(၁)နဲ့(၂)မှာတော့ BRENကနိုင်ခဲ့ပြီး နောက်(၂)ပွဲမှာတော့ BGက ပွဲစဉ်(၃)နဲ့(၄)ကို ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။ Best of 7 အဖြစ် (၇)ပွဲကစား (၄)ပွဲနိုင်ဖြစ်တာကြောင့် ပွဲစဉ်(၅)ကိုဆက်ကစားခဲ့ရာမှာ မြန်မာက အနိုင်ရပြီး ပွဲစဉ်(၆)မှာတော့ဖိလစ်ပိုင်ဘက်က အနိုင်ရခဲ့လို့ (၃)ပွဲစီအနိုင်ဖြစ်ပြီး နောက်ဆုံးအဆုံးအဖြတ်ပွဲစဉ်ထိ ရောက်ရှိခဲ့ပါတယ်။
နောက်ဆုံးပွဲစဉ်မှာတော့ ဖိလစ်ပိုင်အသင်းက အနိုင်ရရှိခဲ့ပြီး၊ မြန်မာ BG အသင်းကတော့ 1st runner up နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဂုဏ်ယူစရာကောင်းတဲ့အချက်ကတော့ မြန်မာ Esports သမိုင်းမှာ
BG team ဟာ ပထမဆုံးအနေနဲ့ Grand Final ကို တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပွဲကိုတော့ ပွဲစသည်မှပြီးဆုံးချိန်ထိ အွန်လိုင်းမှတိုက်ရိုက်ပြသမှုကို ပုံမှန်ဝင်ရောက်ကြည့်ရှုသူအရေအတွက်က (၅)သိန်းကနေ (၈)သိန်း‌ ကျော်ထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
BG officialမှာတော့
( Better Luck Next Time!!!
ကျွန်တော်တို့ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းရဲ့ M2 World Championship ခရီးစဉ်ကတော့ 1st Runner-Up ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။
Game 7 အထိ အကြိတ်အနယ်ကြိုးစားခဲ့ပေမယ့် Bren Esports က ပိုကောင်းတဲ့ အသင်းဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ကို အားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိကြောင်းပြောကြားလိုပါတယ်ဗျာ။
နောက်ပြိုင်ပွဲတွေမှာ ပြန်တွေ့ကြမယ်နော် ။ )လို့ ဖော်ပြထားရှိကြောင်း သိရသည်။
Source - BG

Read times
Rate this item
(0 votes)