ရောင်းချမှု အမြန်ဆုံး PlayStation အဖြစ် PS5 ခုရေ ၁၀ သန်းရောင်းချမှုစံချိန်ကို ကျော်ဖြတ်

PlayStation 5 က Sony ရဲ့ ရောင်းချမှု အမြန်ဆုံး ဂိမ်းစက်ဖြစ်လာခဲ့ပြီး ကမ္ဘာတစ်လွှား ရောင်းချပြီး ခုရေ ၁၀ သန်း မိုင်တိုင်ကို ကျော်ဖြတ်သွားပြီ ဖြစ်ပါတယ်။


ဂိမ်းစက်အသစ်က ခုရေ ၁၀ သန်း မိုင်တိုင်ကို ဇူလိုင်လ ၁၈ ရက်မှာ ရောက်ရှိခဲ့ပြီး PlayStation 4 ထက် တစ်လ ပိုမြန်ပါတယ်။

Sony မှ ဂိမ်းတွေ ရောင်းချရတဲ့ အရေအတွက်တွေကို ထုတ်ပြန်ထားတာမှာ-
Spider-Man: Miles Morales က ထိပ်ဆုံးမှာ ရောက်နေပါတယ်။ ယမန်နှစ်က စတင်ဖြန့်ချိခဲ့ပြီး ယခုအခါ ခရေ ၆.၅ သန်း ရောင်းချပြီးပါပြီ။
ဧပြီလမှာ စတင်ဖြန့်ချိခဲ့တဲ့ Returnal က ခုရေ ၅၆၀,၀၀၀ ရောင်းချပြီးပါပြီ။
ပြီးခဲ့တဲ့လက စတင်ဖြန့်ချိခဲ့တဲ့ Ratchet & Clank: Rift Apart က ခုရေ ၁.၁ သန်း ရောင်းချပြီးပါပြီ။

.non-PlayStation platforms အတွက် Sony San Diego က ထုတ်တဲ့ MLB: The Show 21 က ကမ္ဘာတစ်လွှားမှာ ရောင်းချနေတာ ခုရေ နှစ်သန်းကျော် သွားပါပြီ။ အဲဒီဂိမ်းကို ကစားသူဦးရေ လေးသန်းကျော် ရှိပါတယ်။

.PlayStation 5 ရောင်းအားက ကုမ္ပဏီမှ ဈေးကွက်ထဲ ဖြည့်တင်းနိုင်စွမ်းပေါ် မူတည်နေပါတယ်။ လက်ကျန် တစ်လုံးမှ မရှိအောင် ရောင်းကုန်သွားတာကို အလျဉ်မီအောင် ဖြည့်တင်းပေးဖို့ လိုအပ်နေပါတယ်။

Read times
Rate this item
(0 votes)