Sony ရဲ့ အသစ်ထုတ်တဲ့ PS5 model ပိုပေါ့ပြီး ဝက်အူလှည့် မလိုအပ်

Sony က မွမ်းမံထားတဲ့ PS5 model အသစ်ကို ဩစတေးလျနိုင်ငံမှာ စတင်ဖြန့်ချိခဲ့ရာ အခြေထိုင်ဖို့ ဝက်အူကို ဒီဇိုင်းအသစ် လုပ်ပေးထားတာမှာ ဝက်အူခေါင်းကို

လက်ချောင်းတွေနဲ့ ဖိညှပ်ကိုင်ပြီး လှည့်လို့ရတဲ့ ခေါင်းမျိုး သုံးပေးထားလို့ အရင်လို ဝက်အူတပ်ဖို့ ဖြုတ်ဖို့ ဝက်အူလှည့် လိုအပ်မည် မဟုတ်ချေ။ လက်ချောင်းများဖြင့် ဖိညှပ်ကိုင်ပြီး အလွယ်တကူ လှည့်လို့ ရနေစေတယ်။

 

ps5.PNG


ယခု PS5 model အသစ်ရဲ့ အလေးချိန်ကလည်း ယခင်ကထက် ၃၀၀ ဂရမ်ဝန်းကျင် ပိုပေါ့တယ်။ အထဲမှာ ဘာတွေ ပြောင်းလဲပေးလိုက်လို့ ပိုပေါ့သွားရတာလဲ ဆိုတာကိုတော့ အဖြေရှာနေကြဆဲ ဖြစ်ပါတယ်။

 

screw2-980x551.jpg


model number က ယခင်မူလဂိမ်းစက်မှာ CFI-1000 လို့ ဖော်ပြထားပြီး ယခုမော်ဒယ်အသစ်မှာတော့ CFI-1102A လို့ ဖော်ပြထားပါတယ်။
အထိုင်ပြားလည်း မတူတော့တာကို တွေ့ကြရတယ်။

base.png

Read times
Rate this item
(1 Vote)