Tencent နှင့် NetEase တရုတ် အစိုးရ ဂိမ်းပါမစ် မကျ

Tencent နှင့် NetEase တရုတ် အစိုးရ ဂိမ်းပါမစ် မကျ

 

Annotation_2022-06-08_213044.jpg

 

တရုတ်အစိုးရ၏ ဂိမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းဖြစ်သည့် National Press and Publication Administration (NPPA)  သည်  ၂၀၂၂ ဇွန်လတွင် အွန်လိုင်းဂိမ်းအမည်ခေါင်းစဉ် ၆၀ ကို ခွင့်ပြုမိန် ပါမစ် အတည်ပြုပေးခဲ့ရာ၌ ထိပ်တန်းဂိမ်းလုပ်ငန်းကြီး နှစ်ခုဖြစ်သော Tencent နှင့် NetEase တို့၏ ဂိမ်းအမည်ခေါင်းစဉ်များ ပါမစ်စာရင်းတွင် မပါလာချေ။

ပါမစ်ခွင့်ပြုမိန့်ကျသော ဂိမ်း အမည်ခေါင်းစဉ်  ၆၀ တွင် 

miHoYo ရဲ့ Keqier Frontier,

 Perfect World Games ရဲ့ Black Cat Anecdote Society,

Hero Entertainment Games ရဲ့ Dynasty Legends 2  တို့ ပါဝင်ကြသည်။

 

Annotation_2022-06-08_213028.jpg

 

၂၀၂၁ ဇူလိုင်လနောက်ပိုင်း ဂိမ်းအမည်ခေါင်းစဉ်များ အရေအတွက် အများဆုံး ပါမစ်ချပေးလိုက်ခြင်း ဖြစ်ရာ၌  ကမ္ဘာ့ဂိမ်းလုပ်ငန်းကြီးနှစ်ခု ဖြစ်သည့် Tencent Holdings နှင့် NetEase တို့ ပါမစ်ကျသည့်အထဲ မပါချေ။ ၎င်းလုပ်ငန်းကြီးနှစ်ခုတို့ ဂိမ်းပါမစ် မကျတော့သည်မှာ ဇွန်လအထိ ၁၁ လ ရှိနေပြီ ဖြစ်သည်။

ယခု ဇွန်လတွင် ဒုတိယအသုတ် ပါမစ်ချပေးခြင်း ဖြစ်ပြီး ၂၀၂၂ ဧပြီလတွင် ပထမအသုတ် ဂိမ်း အမည်ခေါင်းစဉ် ၄၅ ခုကို ပါမစ်ချပေးခဲ့သည်။

 

ဂိမ်းပါမစ် ခေတ်ကောင်းခဲ့စဉ် ၂၀၁၇ တွင် ဂိမ်းအမည်ခေါင်းစဉ် ၉,၀၀၀ ကျော် ပါမစ်ကျခဲ့သည်။

၂၀၁၈ တွင် သုံးပုံနှစ်ပုံ လျော့ကျသွားသည်။ ဂိမ်းအမည်ခေါင်းစဉ် ၂,၀၆၄ ခုသာ ခွင့်ပြုမိန့်ကျသည်။

၂၀၁၈ မှစ၍ NPPA သည် လစဉ် ပါမစ်ကျသည့် ဂိမ်းအမည်ခေါင်းစဉ်စာရင်း ထုတ်ပြန်ပေးနေသည့် အစဉ်အလာကို ရပ်ဆိုင်းလိုက်သည်။ ၈ လ ကြာမြင့်ပြီးမှ တစ်ကြိမ် စာရင်းထုတ်ပြန်ခဲ့ရာ ၂၀၁၉ တွင် ခုရေ ၁,၀၀၀ အောက်သို့ ရောက်သွားသည်။ ၆၇၉ ခုမျှသာ ပါမစ်ကျသည်။

 

Annotation_2022-06-08_212955.jpg

 

တရုတ်ပြည် ကွန်ပျူတာနှင့် စမတ်ဖုန်း ဂိမ်းဈေးကွက်သည်  အမေရိကန်ဒေါ်လာ ၄၈ ဘီလျံ တန်ဖိုး ရှိသည်။

 

ဂိမ်းလုပ်ငန်းကဏ္ဍ စုစုပေါင်း အရောင်းဝင်ငွေ တစ်နှစ်ထက် တစ်နှစ် တိုးနှုန်းသည် ၂၀၂၀ တွင် ၂၀.၇% ရှိခဲ့ရာမှ ၂၀၂၁ တွင် ၆.၄% သာ ရှိတော့သည်ဟု Game Publishing Committee (GPC) PC) မှ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။ 

GPC သည် အစိုးရက ကျောထောက်နောက်ခံပြုထားသော အသင်းတစ်ခု ဖြစ်သည့်  China Audio-Video and Digital Publishing Association ၏ ကော်မတီတစ်ခု ဖြစ်ပါသည်။ 

 

တရုတ်ပြည်တွင် ၂၀၂၁ မှာ ဂိမ်းမာဦးရေ  ၆၆.၆ သန်း ရှိခဲ့သည်ဟု GPC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ဂိမ်းပါမစ်ကျဖို့ ခက်ခဲပြီး အချိန်ကြာမြင့်သည့်အပြင် ယခင်ခွင့်ပြုပြီးသား ဂိမ်းများကို ပိတ်ပင်ခြင်းလည်း ရှိသည်။ 

၂၀၂၁ ဒီဇင်ဘာလတွင် Tencent မှ လုပ်ကိုင်ပေး သောဂိမ်းတစ်ခုဖြစ်သည့် LuoBuLeSi (Roblox တရုတ်ဗားရှင်း) ဂိမ်းဆာဗာ အပြီးပိတ်လိုက်ရသည်။ အမေရိကန်နိုင်ငံ ဝါရှင်တန် အခြေစိုက် Valve Corporation မှ လုပ်ကိုင်သည့် ရေပန်းစားသော ဂိမ်းပလက်ဖောင်း Steam ကိုလည်း ၎င်းလတွင် တရုတ်ပြည်မှာ ပိတ်ပင်လိုက်ပါသည်။

 

#MyanmarICTGuide 

Read times
Rate this item
(0 votes)