Sony ရဲ့ အခမဲ့ ကစားပြီး ဆုအမှတ်တွေ ပေးမယ့် PlayStation Stars အစီအစဉ်

Sony ရဲ့ အခမဲ့ ကစားပြီး ဆုအမှတ်တွေ ပေးမယ့် PlayStation Stars အစီအစဉ်

 

Sony ကို ခိုင်ကြေးလုံးဝပေးစရာမလိုတဲ့  PlayStation Stars အစီအစဉ်ကို စတင်မယ်လို့ ကြေညာပါတယ်။ 

 

အစီအစဉ် အသစ်အဆန်းကို ယခုနှစ် အနှောင်းပိုင်းတွင် ထွက်ရှိမည်ဖြစ်ပြီး “အမျိုးမျိုးသော ကမ်ပိန်းများနှင့် လှုပ်ရှားမှုများ” ပြီးမြောက်မှုအတွက် ပါဝင်သူ အသိုင်းအဝိုင်းကို ဆုလက်ဆောင်များ ပေးမှာ ဖြစ်ပါတယ်။ 

ကစားသမားတွေအနေဖြင့် ဘာဆိုဘာကြေးမှ မကောက်ခံပါဘူး လို့ ကတိကဝတ်ပြုထားပါတယ်။ 

 

ရိုးရိုးရှင်းရှင်း လုပ်စရာတွေ လုပ်ကိုင်ပြီးမြောက်တိုင်း အမှတ်တွေ ရရှိမှာ ဖြစ်ပါတယ်။ 

 

ပလက်ဖောင်းပေါ်မှာ ကစားဖို့ ပေးထားတဲ့ ဂိမ်းအမျိုးမျိုးကို ဝင်ကစားပြီး သတ်မှတ်ထားတဲ့ ဖလားတွေ ရရှိအောင် လုပ်ရပါမယ်။ ဂိမ်းတိုင်းမှာ ဆုတစ်ခုတော့ အနည်းဆုံး အနေဖြင့် ရရှိနိုင်ပါတယ်။ 

ပလက်ဖောင်းပေါ်မှာ ကျင်းပတဲ့ တံခွန်စိုက်ပြိုင်ပွဲတွေမှာ အနိုင်ရရင်လည်း အမှတ်တွေကို ဆုအဖြစ် ရရှိမှာ ဖြစ်ပါတယ်။ တကယ်လို့များ ကိုယ်နေထိုင်တဲ့ ဒေသအပိုင်းအခြားမှာ ပလက်တီနမ်အဆင့်အထိ အောင်မြင်မှု ပထမဆုံး ရရှိရင် တစ်မူထူးခြားတဲ့ ဆုလာဘ်ကို ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ 

 

All PlayStation Stars အစီအစဉ်မှာ ဝင်ကစားဖို့အတွက် စာရင်းပေးသွင်းရမှာ ဖြစ်ပြီး လောလောဆယ်မှာတော့ စာရင်းလက်ခံတဲ့အဆင့် မစတင်သေးပါဘူး။

All PlayStation Stars အစီအစဉ်မှာ စာရင်းပေးသွင်းပြီး All PlayStation Stars အဖွဲ့ဝင် ဖြစ်လာပြီးတဲ့အခါ ဂိမ်းတွေ ကစားရင်း အမှတ်တွေ ရယူနိုင်မှာ ဖြစ်ပါတယ်။ အမှတ်တွေ စုစုပေါင်းအရ ချီးမြှင့်မယ့် ဆုတွေ သတ်မှတ်ပေးထားမှာ ဖြစ်ပါတယ်။ PSN wallet fund ရနိုင်မယ်။ PlayStation Store မှ ပစ္စည်းတွေ ရွေးချယ် ရယူနိုင်မယ်။

PlayStation Plus အဖွဲ့ဝင်တွေအနေဖြင့် PlayStation Stars မှာ စာရင်းပေးသွင်းပြီး ဂိမ်းကစားရင် PlayStation Store မှာ ဝယ်ဖို့ အမှတ်တွေ အလိုအလျောက် ရရှိမှာ ဖြစ်ပါတယ်။ 

နောက်ထပ်ထူးခြားချက် တစ်ခုက “digital collectibles” တွေ ရယူနိုင်မှာ ဖြစ်ပါတယ်။ 

#MyanmarICTGuide

Telegram Channel
https://t.me/Guid4U

Source playstation

Read times
Rate this item
(0 votes)