ကမ္ဘာ့ဂိမ်းကဏ္ဍ ဆော်ဒီအာရေဗျ ကန်ဒေါ်လာ ၃၈ ဘီလီယ ထပ်မံ ရင်းနှီးမြှုပ်နှံမည်

 ကမ္ဘာ့ဂိမ်းကဏ္ဍ ဆော်ဒီအာရေဗျ ကန်ဒေါ်လာ ၃၈ ဘီလီယ ထပ်မံ ရင်းနှီးမြှုပ်နှံမည်

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

 

ဆော်ဒီအာရေဗျနိုင်ငံအစိုးရက ကမ္ဘာ့ဂိမ်းလုပ်ငန်းကဏ္ဍထဲမှာ ကြီးမားတဲ့ ရင်းနှးမြှုပ်နှံမ‌ှုများ ပြုထားပါတယ်။ Capcom, Nexon, Nintendo, ESL Gaming, SNK, Embracer Group အစရှိတဲ့ ဂိမ်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။

ယခုအခါ ဂိမ်းကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာပါတယ်။

ရင်းနှီးမြှုပ်နှံမှုများကို အပိုင်းကဏ္ဍ ၄ ခု ပိုင်းခြားသတ်မှတ်ထားပါတယ်။ 

ဆော်ဒီအာရေးဗီးယားမှ ပြည်သူ့ရင်းနှီးမြုပ်နှံမှုရန်ပုံငွေက အပြည့်အဝပိုင်ဆိုင်တဲ့ လက်အောက်ခံ လုပ်ငန်း Savvy Games Group က ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

 

savvy_gaming_group_ksa_1.jpg

.

ထိပ်တန်းဂိမ်းထုတ်ဝေသူအား ဗျူဟာမြောက်ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်ဖြစ်လာစေရန် ၎င်းထိပ်တန်းဂိမ်းထုတ်ဝေသူအား ဝယ်ယူခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံအထိ သုံးစွဲမယ်လို့ ဆိုပါတယ်။

.

Savvy Games Group ဂိမ်းဖွံ့ဖြိုးတိုးတက်‌ေရး အစီအစဉ်နှင့် ကိုက်ညီတဲ့ အဓိက ဂိမ်းကုမ္ပဏီများတွင် အနည်းစုအစုရှယ်ယာများ စဉ်ဆက်မပြတ် ဝယ်ယူပြှီး ရင်းနှီးမြုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ ၁၈.၇ ဘီလီယံအထိ သုံးစွဲသွားပါမယ်။

.

Savvy ရဲ့ ခက်ဖြာရင်းနှီးမြှုပ်နှံများအတွက်  ရင့်ကျက်ပြီးလုပ်ငန်း စီးပွားဘက်များတွင် တန်ဖိုးထပ်ဖြည့်ထည့်ခြင်း၊ ကျွမ်းကျင်မှုများ ဖြည့်ထည့်ခြင်းအတွက် ရင်းနှီးမြှုပ်နှံရန် အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံအထိ သုံးစွဲသွားပါမယ်။။

ထွန်းပေါက်ဖို့ ဂိမ်းအသစ်ဖန်တီးတဲ့ esports ကုမ္ပဏီများမှာ ခက်ဖြာပြီး အမေရိကန်ဒေါ်လာ ၅၃၃ သန်းအထိ ရင်းနှီးမြှုပ်နှံပါမယ်။။

.

ဆော်ဒီအာရေဗျနိုင်ငံကို ၂၀၃၀ မှာ ဂိမ်းများနှင့် esports ကဏ္ဍရဲ့ ကမ္ဘာ့အချက်အချာ ဖြစ်လာဖို့ Savvy Games Group ကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Source pcgamer

#MyanmarICTGuide 

To join Telegram Channel  https://t.me/Guid4

 

 အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

Read times
Rate this item
(0 votes)