Tencent နှင့် NetEase စက်တင်ဘာလတွင် တရုတ်မိုဘိုင်းလ်ဂိမ်းစျေးကွက် ထိပ်ဆုံးမှာ ရပ်တည်နေ

Tencent နှင့် NetEase စက်တင်ဘာလတွင် တရုတ်မိုဘိုင်းလ်ဂိမ်းစျေးကွက် ထိပ်ဆုံးမှာ ရပ်တည်နေ

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

တရုတ်ဂိမ်းဈေးကွက်က ကမ္ဘာဂိမ်းဈေးကွက်လိုပဲ အကျိုးအမြတ်များ မြင့်မားပါတယ်။ ဂိမ်းကုမ္ပဏီများမှ  ၀င်ငွေများကို ကန့်သတ်ချက်မရှိ ရရှိနိုင်ပါတယ်။ 

သုတေသနလုပ်ငန်း Sensor Tower က တရုတ်မိုဘိုင်းဂိမ်းထုတ်ဝေသူများ၏ ဝင်ငွေအဆင့်များကို မကြာသေးမီက ထုတ်ပြန်ခဲ့ပါတယ်။

ဝင်ငွေအဆင့်သတ်မှတ်ချက်အတွက် အချက်အလက်များကို  App Store နှင့် Google Play Store ရှိ တရုတ်မိုဘိုင်းလ်ဂိမ်းအမှတ်တံဆိပ်များ၏ အကောင့်မှ ရယူပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလအတွက် အဆင့်သတ်မှတ်ချက်တွင် တရုတ်မိုဘိုင်းလ်ဂိမ်းထုတ်လုပ်သူ စုစုပေါင်း ၄၂ ခုတို့ TOP100 စာရင်းထဲ ပါဝင်နေပါတယ်။ 

၎င်းဂိမ်းထုတ်လုပ်သူ ၄၂ ခု တို့ရဲ့ ဝင်ငွေစုစုပေါင်းက ကန်ဒေါ်လာ ၁.၈၈ ဘီလီယံ ရှိပါတယ်။ ရာခိုင်နှုန်းအရ ကြည့်လျှင် TOP100 စာရင်းဝင် မိုဘိုင်းဂိမ်းထုတ်ဝေသူ အားလုံး ရရှိတဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၃၈.၃% ဖြစ်ပါတယ်။ 

ထိပ်တန်း တရုတ်မိုဘိုင်းဂိမ်းထုတ်ဝေသူ ၃ ဦးမှာ Tencent ၊ NetEase နှင့် Mihayou တို့ဖြစ်ပါတယ်။ 

Tencent နှင့် NetEase တို့က ဂိမ်းလောကကို ကြီးစိုးထားကြတာဖြစ်လို့ Top3 စာရင်းဝင်တာအတွက် အံ့ဩစရာမဟုတ်ပါ။

ဒါပေမဲ့ သက်တမ်းနု Mihayou ရဲ့ အောင်မြင်မှုကတော့ အံ့ဩစရာပါ။ 

 

Mihayou ရဲ့ “Yuan Shen” ဒုတိယမြောက် နှစ်ပတ်လည်နေ့ စက်တင်ဘာလ ၂၈ ရက်မှာ တရုတ်နှင့် ဂျပန်တို့အတွက်  အရောင်းရဆုံး iOS မိုဘိုင်ဂိမ်းစာရင်းများရဲ့ ထိပ်ဆုံးမှာ နေရာယူထားပါတယ်။ အမေရိကန်အတွက် စာရင်းမှာတော့ နံပါတ်(၂) မှာ နေရာယူထားပါတယ်။ 

Mihayou ရဲ့ “Honkai 3” 6.0 version ကို စက်တင်ဘာလ ၁၅ ရက်မှာ ထုတ်ဝေခဲ့ပါတယ်။

အဲဒီဂိမ်း ၂ မျိုးဟာ Mihayou အတွက် ဝင်ငွေ အဓိက ရရှိနေတဲ့ ဂိမ်းများ ဖြစ်ပါတယ်။

 ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဂိမ်း ၁၀၀ TOP100 မှာ ပါဝင်တဲ့ အခြား တရုတ်ဂိမ်းများမှာ 

 Palm Fun Technology, Polk City, Xinghe Interactive Entertainment, Zenyou Technology, Xinxin Network, Yale Technology, Mattel163, Competitive World, Zhuohang Network, Youzu Network, Youku Shengshi စသည်တို့ ဖြစ်ပါတယ်။

Source Sensor Tower

Read times
Rate this item
(0 votes)