မလေးရှား Dota 2 ကစားသမား "xNova" ဝက်ဝံရုပ်များဖြင့် စင်မြင့်ထက်မှာ တစ်ကိုယ်တော်ကစား

မလေးရှား Dota 2 ကစားသမား "xNova" ဝက်ဝံရုပ်များဖြင့် စင်မြင့်ထက်မှာ တစ်ကိုယ်တော်ကစား

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

မလေးရှားပရော်ဖက်ရှင်နယ် Dota 2 ကစားသမား Yap "xNova" Jian Wei သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် The International 2022 (TI11) ၏ အဓိကပွဲကြီး၌ Suntec Arena စင်မြင့်ပေါ်တွင် တစ်ကိုယ်တော် ကစားခဲ့ရသည်။

 

malay_1.jpg

 

xNova သည် Royal Never Give Up (RNG) အဖွဲ့၏ ဂျာစီကို ၀တ်ဆင်ထားသော ဝက်ဝံရုပ်လေးကောင်နှင့်အတူ ထိုင်ပြီး ကစားခဲ့သည်။

 

 

malay_2.jpg

 

ကျန်အသင်းဖော်များသည် ကိုဗစ်ဖြစ်နေကြသဖြင့် "q" ဝင်နေသော ဟိုတယ်မှ ကစားခဲ့ကြပါသည်။

 

အသင်းတွင် ကိုဗစ်မဖြစ်သူဟူ၍ အသက် ၂၅ နှစ်အရွယ်ကစားသမား "xNova" တစ်ဦးတည်းသာ ကျန်သည်။

 

ပွဲအပြီးတွင် xNova သည် စင်မြင့်ပေါ်တွင် သူ့စိတ်ထဲ အထီးကျန်နေပုံကို တွစ်တာတွင် ရေးသားခဲ့သည်။ ထို့ပြင် "အားပေးကြတဲ့ အမာခံပရိသတ်တွေကိုကျေးဇူးတင်ပါတယ်" ဟု သူက ရေးသားထားသည်။ 

သူတို့အဖွဲ့ RNG သည် TI11 ပွဲ အစ ၂ ရက်တွင် အားကောင်းနေခဲ့သည်။ သို့သော် အသင်းဖော်များ တစ်ဦးပြီးတစ်ဦး ကိုဗစ် ဖြစ်ကြသဖြင့် 

 ခိုင်မာသည့် စွမ်းဆောင်ရည်ကို ဆက်မထိန်းထားနိုင်တော့ဘဲ အားယုတ်သွားသည်။

Day 1 နှင့် Day 2 တို့တွင် RNG သည် ကိုးပွဲ နိုင်၊ တစ်ပွဲရှုံးဖြင့် ထိပ်ဆုံးမှာ ရောက်နေခဲ့သည်။ ထို့နောက် Day 3 တွင် ပွဲတိုင်း ရှုံးသည်။

Day 3 မနက်ပိုင်းတွင် သဘာရင့် ကစားသမား Somnus သည် ကိုဗစ် ပေါ့စတစ် အဖြေထွက်သည်။ RNG အဖွဲ့ game အရေးနိမ့်သည်။ Day 3 ကုန်ဆုံးချိန်တွင် ကစားသမား အားလုံးနီးပါး ကိုဗစ် ပေါ့စတစ် အဖြေထွက်နေကြသည်။ 

ကျန်းမာရေး အခြေအနေ မကောင်းသော်လည်း RNG သည်  အောက်တိုဘာ ၂၀ ရက်နေ့တွင် Entity နှင့် ပြိုင်ဆိုင်တိုက်ခိုက်ခဲ့ပါသည်။

ပွဲက ရှည်ကြာခဲ့သည်။ 

၁၀၇ မိနစ် ကြာမြင့်သည့် ပွဲသည် TI သမိုင်းတွင်အရှည်ကြာဆုံး စင်မြင့်ထက် အဓိကပွဲအဖြစ် မှတ်တမ်းဝင်သွားသည်။

RNG သည် နောက်ဆုံးတွင် TI11 မှ 13th-16th နေရာဖြင့် ထွက်သွားခဲ့ပြီး နှစ်သိမ့်ဆု US$ 250,000  ကျော် ရရှိခဲ့ပါသည်။

Source Yahoo

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read times
Rate this item
(0 votes)