Blizzard က တရုတ်ဂိမ်းဈေးကွက် လိုင်စင် အဆုံးသတ်

Blizzard က တရုတ်ဂိမ်းဈေးကွက် လိုင်စင် အဆုံးသတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Activision Blizzard သည် ၎င်း၏ဂိမ်းများကို တရုတ်နိုင်ငံတွင် ကိုယ်တိုင်မဖြန့်ချိဘဲ စီးပွားဘက် ပြုထားသည့်  NetEase ကို လိုင်စင်ပေးပြီး ဖြန့်ချိပါသည်။ လိုင်စင်သက်တမ်း ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းမတိုးတော့ရန် Activision Blizzard က ဆုံးဖြတ်ထားပါသည်။

.

 

world_of_warcraft_344.png

 

NetEase သည် တရုတ်ဂိမ်းနှင့် နည်းပညာဈေးကွက်တွင် အကြီးစား လုပ်ငန်းကြီးတစ်ခုဖြစ်သည်။

NetEase သည် တရုတ်နိုင်ငံတွင် လိုင်စင်ပါတနာအဖြစ် ၂၀၀၈ ခုနှစ်ကတည်းက Blizzard ဂိမ်းအများအပြားကို စီမံဆောင်ရွက်ပေးခဲ့သည်။ Overwatch, Hearthstone, Diablo 3, Heroes of the Storm, the StarCraft ဂိမ်းစီးရီးများကို စီမံဆောင်ရွက် ပေးသည်။ ၎င်းဂိမ်းများ အားလုံး တရုတ်နိုင်ငံတွင် ၂၀၂၃ ဇန်နဝါရီလ ၂၃ မှစ၍ ရပ်မည်ဖြစ်သည်။ အကြောင်းမှာ NetEase ၏ လက်ရှိလိုင်စင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး Blizzard က သက်တမ်းတိုးမပေးတော့သောကြောင့် ဖြစ်သည်။

Blizzard နှင့် NetEase အကြား ၁၄ နှစ်ကြာ ပူးပေါင်းဆောင်ရွက်မှုသည် အဆုံးသတ်သွားပါပြီ။

.

Blizzard Entertainment ကကြေငြာချက်ထုတ်ပြန်ခဲ့ရာ၌  NetEase နှင့် လက်ရှိလိုင်စင်သဘောတူညီချက်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း၊ ထိုရက် နောက်ပိုင်းတွင် တရုတ်ပြည်မကြီးရှိ Blizzard ဂိမ်းဝန်ဆောင်မှုအများစုကို ရပ်မည်ဖြစ်ကြောင်း အသိပေးထားသည်။

.

၎င်းတို့တွင် Warcraft စီးရီး၊ “StarCraft”၊ “Diablo 3”၊ “Hearthstone” နှင့် အခြား Blizzard ဂိမ်းများစွာ ပါဝင်သည်။

သို့သော် “Diablo: Immortal” ကဲ့သို့သော အချို့ဂိမ်းများသည် သီးခြားသဘောတူညီချက် ရယူထားသဖြင့် ယခု ကြေညာချက်တွင် အကျုံးမဝင်ပါ။ 

“Diablo: Immortal” ကို ၎င်းကုမ္ပဏီနှစ်ခု ပူးပေါင်းဖန်တီးပြီး ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

.

ကြေညာချက်တွင် Blizzard က  သက်တမ်းတိုးရန် နှစ်ဦးနှစ်ဖက် သဘောတူညီချက် မရသေးကြောင်း ဖော်ပြထားသည်။

"ကုမ္ပဏီအနေဖြင့် အနာဂတ်တွင် Blizzard ဂိမ်းများကို ကစားသမားများထံ ပြန်လည်ပို့ဆောင်ရန် အခြားရွေးချယ်စရာ နည်းလမ်းများကို ရှာဖွေနေပါတယ်" ဟု Blizzard Entertainment ဥက္ကဋ္ဌ Mike Ybarra က ပြောကြားခဲ့သည်။

 

ယင်းကိစ္စနှင့် ပတ်သက်၍ Netease က Activision Blizzard နှင့် ညှိနှိုင်းရန် အကောင်းဆုံး လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်ပါကြောင်း Netease က အခိုင်အမာ ပြောကြားသည်။

အချိန်အတော်ကြာစေ့စပ်ညှိနှိုင်းပြီးနောက်တွင် Blizzard နှင့်  Netease တို့သည် သဘောတူညီမှုမရရှိခဲ့ကြ‌ေချ။

"Activision Blizzard သည် ပူးပေါင်းဆောင်ရွက်မှုကို ရပ်စဲကြောင်း ကြေညာသည့်အတွက် ကျွန်ုပ်တို့ အလွန်ဝမ်းနည်းပါသည်။ ၎င်းဆုံးဖြတ်ချက်ကို ကျွန်ုပ်တို့ လက်ခံရမည်သာ ဖြစ်သည်။ Netease သည် ကျွန်ုပ်တို့၏ ကစားသမားများအတွက် ထမ်းဆောင်ရမည့် တာဝန်ကို  နောက်ဆုံးအခိုက်အတန့်အထိ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်။” ဟု Netease က ထုတ်ပြန်ကြေညာသည်။

.

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ The Paper မှ သတင်းဖော်ပြရာတွင် ဈေးမတည့်သဖြင့် ကန်ထရိုက် မပေးတော့ကြောင်း၊ Blizzard က ဈေးမြှင့်တင် သတ်မှတ်သည်ကို NetEase က မပေးနိုင်သဖြင့် ပွဲပျက်ခဲ့သည်။

ယခုအခါ Blizzard က  Tencent, Perfect World, Bilibili အစရှိသည့် တရုတ်ပြည်တွင်း လုပ်ငန်းများနှင့် ဆွေးနွေးနေသည်။ NetEase နှင့်လည်း ဆွေးနွေးဆဲ ဖြစ်သော်လည်း သဘောတူညီချက် မရနိုင်သည်မှာ သေချာနေပြီ ဖြစ်သည်။

.

Activision Blizzard ၏ ၂၀၂၁ အသားတင်ဝင်ငွေတွင် တရုတ်ဈေးကွက်သည် အကြမ်းအားဖြင့် ၃% မျှသာ ရှိသည်။

.

ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ်ကိုင်လျက်ရှိသည့် “World of Warcraft” ဂိမ်းအတွက် သဘောတူညီမှု မရရှိသဖြင့် ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်လိုက်ကြသည်။ 

NetEase က  Blizzard နှင့်  ပူးပေါင်းလုပ်ဆောင်သည့် “Diablo: Immortal” အပါအဝင် ဂိမ်းများမှ ရရှိသော ဝင်ငွေကို ခွဲဝေရာတွင် ကမ္ဘာ့ဈေးကွက်မှ ဝင်ငွေအတွက် ဝေစုကို NetEase မရဘဲ တရုတ်ပြည်တွင်းဈေးကွက်အတွက် ဝင်ငွေအတွက် ဝေစုကိုသာ NetEase ရရှိပါသည်။ ၎င်းဝေစုအတွက် အာမခံချက်အဖြစ် Blizzard က ကြီးမားသည့် ပမာဏဖြင့် စရံငွေ ကြိုတင် ပေးအပ်ရပါသည်။ 

.

Blizzard ဂိမ်းများသည် အားရကျေနပ်စရာ ကစားသမားဦးရေ မရခဲ့ချေ။ “World of Warcraft” ကို ပခုံးချင်း ယှဉ်နိုင်သည့် ဂိမ်းအသစ်ကိုလည်း မထုတ်လုပ်နိုင်ချေ။

“Hearthstone” နှင့် “Overwatch” တို့သည် “World of Warcraft” ကို မမီပါ။ တစ်ချိန်က ရေပန်းစားခဲ့သည်မှာ မှန်သော်လည်း ယခုအခါ နာမည်လည်း မကြီးတော့ပါ။ ကစားသူဦးရေလည်း ကျဆင်းနေပါသည်။

 “Overwatch” ထုတ်လုပ်ခဲ့ပြီး ၆ နှစ်ကြာလာပြီ ဖြစ်သော်လည်း ဂိမ်းအသစ် မည်မည်ရရ ထပ်မထုတ်ချေ။ အပြောင်းအလဲ မြန်ဆန်သော ဂိမ်းလောကတွင် ၆ နှစ်သည် တစ်ကမ္ဘာကြာနေပြီ ဖြစ်သည်။ 

.

၂၀၀၈ တွင် Blizzard က “StarCraft 2”, “Warcraft 3: The Frozen Throne”, “Warcraft 3: Reign of Chaos” တို့ကို တစ်ဦးတည်းလိုင်စင် NetEase ကို ပေးအပ်ခဲ့သည်။ ထို့နောက် “World of Warcraft” ကိုလည်း NetEase ကို ပေးအပ်ခဲ့သည်။

“World of Warcraft” သည် တရုတ်ဂိမ်းဈေးကွက်တွင် ပေါက်သွားသည်။ ကစားသူဦးရေ ၁၃၁ သိန်းအထိ ရှိသည်။ 

ထိုနောက်ပိုင်း  “Diablo 3”, “Hearthstone”, “Heroes of the Storm” “Watching Pioneer” တို့အတွက် လိုင်စင်များ NetEase ဆက်လက်ရရှိခဲ့သည်။

တရုတ်ပြည်တွင်း ဆာဗာတွင် “Diablo 3” စတင်ခဲ့ရာ ကော်ပီ ၂ သန်း ရောင်းရသည်။

Netease သည် မိုဘိုင်းဂိမ်းများတွင် အောင်မြင်သည်။ တရုတ်ပြည်တွင်းဈေးကွက်တွင် ဒုတိယ အကြီးဆုံး ဂိမ်းထုတ်လုပ်သူ ဖြစ်သည်။ သို့ဖြစ်ရာ Blizzard စီးရီးဂိမ်းများထံမှ ဝင်ငွေသည် မပြောပလောက်ချေ။ ၁၀% အောက်မှာသာ ရှိနေသည်။

 .

NetEase သည် နိုင်ငံတကာဂိမ်းဈေးကွက်အတွက် Onmyoji , Harry Potter အစရှိသည့် ဂိမ်းများ မူပိုင်ရယူထားသည်။ သို့သော် တာရှည်မခံကြချေ။ သက်တမ်းကြာလေ ကစားသူ နည်းလေ ဖြစ်လာသည်။“Harry Potter: Magic Awakening” သည် တစ်လထက် တစ်လ ကစားသူ လျော့ကျလာနေသည်။

NetEase ၏ ဂိမ်းအချို့သည် တာရှည်ခံသည်။ “Westward Journey in Dreams” နှင့်  “Westward Journey” ဂိမ်းများသည် သက်တမ်း ၁၀ နှစ် ကျော်လာပြီဖြစ်သော်လည်း ဝင်ငွေ ကောင်းဆဲ ဖြစ်သည်။ 

Source gizchina

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)