ICT News

Monday, 25 January 2021 21:08

GSMARENA Websiteရဲ့ Week3အတွက်Top 10 Trendingဝင်လာတဲ့ Phones များ

ယခင်အပတ်မှာ အောင်ပွဲခံခဲ့တဲ့ Samsung Galaxy S21 Ultra ကတော့ ယခုအပတ် Week3 မှာလည်း Trending စာရင်းမှာ ဆက်လက်ဦးဆောင်ထားပြီး Galaxy S21 နဲ့ Xiaomi Mi 11တို့ကလည်း ဒုတိယနဲ့ တတိယနေရာတွေကနေ ယခင်အပတ်ကအတိုင်း ဆက်လက်ခိုင်မာနေဆဲဖြစ်ပါတယ်။ သို့သော်လည်း သူတို့နှစ်ဦးပေါင်းရဲ့ လူအများ စိတ်ဝင်စားမှု ရေချိန်ဟာပထမနေရာက Samsung Galaxy S21 Ultra ရဲ့  interest ထက်တော့ လျော့နည်းနေသေးတာဖြစ်ပါတယ်။   အပေါ်က ဆရာကြီးတွေရဲ့နောက်မှာတော့ Samsung Galaxy A12 က စတုတ္ထနေရာမှာပဲ အရင်အပတ်ကအတိုင်းရှိနေပြီး၊ Xiaomi Poco M3ကတော့ ယခုအပတ်ရဲ့ ပထမဆုံးအသစ်အဖြစ် နံပါတ် ၅နေရာကနေ စတင်ဝင်ရောက်လာပါတယ်။ Top10 ကို လျင်မြန်စွာဝင်ရောက်လာတဲ့ Xiaomi Poco M3ကတော့ Week4 အတွက် စောင့်ကြည့်ချင်စရာလည်း ဖြစ်ပါတယ်။နောက်ထပ်အသစ်ဖြစ်တဲ့  Honor View40 (V 40 လို့တရုတ်ပြည်မှာခေါ်ကြပါတယ်) ကတော့ နံပါတ် ၆နေရာအထိ ဝင်ရောက်လာပါတယ်။ Cameraphone လို့ နာမည်ကြီးတဲ့ vivo X60 Pro+ကလည်း Brand New အဖြစ် နံပါတ် ၇နေရာကို စတင်ယူလိုက်ပါတယ်။    Redmi Note 9 Pro ကတော့ ယခင်အပတ်က နံပါတ်၆နေရာကနေ ယခုအပတ်မှာတော့ နံပါတ် ၈နေရာအထိ ကျဆင်းသွားပါတယ်။ ဒါပေမယ့် Apple iPhone 12 Pro Max ဟာဆိုရင်ဖြင့် ယခင်အပတ်က နံပါတ်၉နေရာကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။နံပါတ်၁၀နေရာမှာတော့ Samsung Galaxy A51က ရှိနေခဲ့တာဖြစ်ပြီး၊ ယခင်အပတ်မှာ  Top 10 ဝင်ခဲ့တဲ့ Galaxy S21+  ၊ Poco X3 နဲ့  Xiaomi Mi 10i တို့ကတော့ ယခုအပတ်  Week3 ရဲ့ Top 10 ထဲမှာပါဝင်လာခြင်းမရှိတော့ပါဘူး။ ယခင်အပတ်မှာ လူပြောများခဲ့တဲ့  S21+ မပါဝင်တော့ပေမယ့် သူ့ရဲ့ S21 ညီနောင်တွေကတော့ Top 10  စာရင်းရဲ့ ထိပ်ဆုံး၂နေရာကို သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။   >>>Week2ရဲ့  Top10 စာရင်း    Rank1 Samsung Galaxy S21 Ultra 5G   Rank:2 Samsung Galaxy S21 5G   Rank:3 Xiaomi Mi 11   Rank:4 Samsung Galaxy A12   Rank:5 Xiaomi Poco M3   Rank:6 Honor View40   Rank:7 vivo X60 Pro+ 5G   Rank:8 Xiaomi Redmi Note 9 Pro   Rank:9 Apple iPhone 12 Pro Max   Rank:10 Samsung Galaxy A51   Ref:gsmarena.com  
Monday, 25 January 2021 18:07

Mytel မှ တန်ဆောင်တိုင် အထူးကံစမ်းမဲအစီအစဉ်၏ ကံထူးရှင်များထံ iPhone 12 မိုဘိုင်းဖုန်းများ လွှဲပြောင်းပေးအပ်

Mytel သည် သုံးစွဲသူများကိုကျေးဇူးတုံ့ပြန်သည့်အနေဖြင့် တန်ဆောင်တိုင်ကာလတွင် “တန်ဆောင်တိုင် MG” အထူးကံစမ်းမဲ အစီအစဉ်ကို
Monday, 25 January 2021 17:52

OPPO Reno5 ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင် ဝယ်ယူနိုင်ပြီ

စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်သော OPPO မှ ဆန်းသစ်သော အသွင်အပြင်နှင့် မြန်ဆန်ချောမွေ့သော စမတ်ဖုန်းအတွေ့အကြုံများကို 50W Flash Charge ဖြင့် ပေးစွမ်းနိုင်ပြီး
Monday, 25 January 2021 15:38

၂၀၂၀ ခုနှစ်အတွင်း Rakuten Viber သည် ၄င်း၏ လေးစားဖွယ် လုပ်ဆောင်ချက်များအား အာရှပစိဖိတ်ဒေသများ၌ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့

အခမဲ့ အလွယ်တကူ ဆက်သွယ်မှုများ ပြုလုပ်နိုင်သည့် ကမ္ဘာ့ထိပ်တန်း အက်ပလီကေးရှင်းဖြစ်သော Rakuten Viber သည် COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုများကြောင့် ပြည်သူများအချင်းချင်းဆက်သွယ်ပြောမှုပုံစံ ပြောင်းလဲလာပုံပေါ်အခြေခံ၍ အက်ပလီကေးရှင်းအတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်နိုင်ခဲ့ကာ ၂၀၂၀ ခုနှစ်အတွင်း အာရှပစိဖိတ်ဒေသများ၌ အက်ပလီကေးရှင်းသုံးစွဲမှု တိုးမြင့်လာခြင်းကို မှတ်တမ်းတင်နိုင်ခဲ့သည်။
Saturday, 23 January 2021 21:51

အင်တာနက်မှာ Google ဖြင့် ရှာခွင့်ရပ်ဆိုင်းပစ်မယ်လို့ သြစတြေးလျကို ခြိမ်းခြောက်

သတင်းဌာနတွေကို ဂူဂဲလ်(Google)ကုမ္ပဏီက ဝင်ငွေ မျှဝေခွဲပေးစေဖို့ ကြိုးစားနေတဲ့ သြစတြေးလျနိုင်ငံဆီကနေ
Saturday, 23 January 2021 10:57

မြို့တော်အသံလွှင့်ဌာန City FM ၏(၁၉)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနား အွန်လိုင်းထုတ်လွှင့်ပြသမည်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရွှေနေခြည်ဝန်ဆောင်မှုကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် သည့် မြို့တော်အသံလွှင့်ဌာန City FM ကို ၂၀၀၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင်
Friday, 22 January 2021 18:46

Mytel မှ iPhone 12 ကံထူးသွားသူများထံ ဆုများလွှဲပြောင်းပေးအပ်

Mytel သည် သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ခရစ္စမတ်ကာလတွင် “Merry Christmas” ကံစမ်းမဲ အစီအစဉ်ကိုပြုလုပ်ခဲ့ပြီး
Friday, 22 January 2021 14:08

WeChat မှာ E-Commerce ပိုင်းကိုအာရုံစိုက်လာပြီဖြစ်တဲ့ Tencent

တရုတ်နာမည်ကြီးနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencentဟာ သူ့ရဲ့ ကျော်ကြားတဲ့ appတစ်ခုဖြစ်တဲ့ WeChatရဲ့ အသုံးပြုသူ ၁.၂ ဘီလီယံကို ပစ်မှတ်ထားတဲ့ online shopping စီးပွားရေးစီမံကိန်းတစ်ခုကို အရှိန်မြင့်လုပ်ဆောင်လာပါတယ်။
Thursday, 21 January 2021 13:52

JOOX မှ The Boombox Entertainment နှင့် ပူးပေါင်းထုတ်လုပ်သည့် The X-Hibition JOOX Original Album ကို ထုတ်ပြန်ကြေညာ

JOOX အက်ပလီကေးရှင်းမှ ၂၀၂၁ ခုနှစ်တွင် ပထမဦးဆုံးအနေဖြင့် ထွက်ရှိမည့် The X-Hibition JOOX Original Album အသစ်တွင် ဟစ်ဟော့နှင့် ပေါ့ပ်ဂီတအမျိုးအစားများပါဝင်မည်ဖြစ်ကာ X-Boxin၊ အဲလက်စ် ဒီရာမိုရ်၊ လန်ဘား၊ ဘန်ဂျမင်ဆုမ်နှင့် အိုင်ရင်းဇင်မာမြင့်တို့က ကိုယ်ပိုင်သံစဥ်သီချင်းများဖြင့် ပါဝင်သီဆိုထားသည်။

Search Articles