ICT News

Friday, 23 October 2020 16:04

vivo မှ ဥရောပနိုင်ငံများတွင် စီးပွားရေးများတိုးချဲ့လုပ်ကိုင်ရန် ဆောင်ရွက်လျက်ရှိ

စမတ်ဖုန်းထုတ်လုပ်သည့် vivo သည် ၎င်း၏ သုံးစွဲသူအင်အားကို ဥရောပဈေးကွက်အထိပါတိုးချဲ့ရန် လုပ်ဆောင်လျက်ရှိသည်။ ယနေ့ပြုလုပ်သည့် အွန်လိုင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ကုမ္ပဏီအနေနှင့် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန် နှင့် အင်္ဂလန် စသည့် နိုင်ငံ (၆) နိုင်ငံသို့ တရားဝင်ဝင်ရောက်လာပြီဖြစ်သည်။
Friday, 23 October 2020 15:19

OPPO နှင့် Roland Garros တို့ ၂ နှစ်မြောက် အောင်မြင်စွာ ပူးပေါင်းလက်တွဲနိုင်ခဲ့

၂၀၂၀ ပြည့်နှစ် Roland-Garros ပြိုင်ပွဲတွင် Rafal Nadal မှ ကမ္ဘာ့ နံပါတ်တစ် Djokovic ကို ကျော်ဖြတ်၍ သူ၏ ၁၃ ကြိမ်မြောက် Roland Garros ဆုဖလားကို အောင်မြင်စွာ ဆွတ်ခူးရရှိ ခဲ့သည်။ OPPO မှ Roland Garros နှင့် ၂ နှစ်မြောက် လက်တွဲလုပ်ကိုင်ခဲ့ပြီး Parisian Grand Slam ၏ ပထမဦးဆုံး Premium Smartphone Sponsor လည်းဖြစ်ကာ ပါဝင်ယှဥ်ပြိုင်ခဲ့သော အားကစားသမားများနှင့်အတူ ပြိုင်ပွဲကို ဘေးကင်းလုံခြုံ၍ ကြီးကျယ်ခမ်းနားစွာ စီစဥ်ပေးခဲ့သူများ အားလုံးအတွက် လှိုက်လှဲစွာ ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။
Friday, 23 October 2020 15:14

MPT ပက်ကေ့ချ်ဖြင့် Viber အကန့်အသတ်မဲ့ စိတ်ကြိုက်အသုံးပြုနိုင်မည့် အထူးအကျိုးခံစားခွင့်

ကိုရိုနာဗိုင်းရပ်စ်၏ အခက်အခဲ စိန်ခေါ်မှုများအား ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံအနှံ့အပြားရှိ ပြည်သူများသည် အင်တာနက်အသုံးပြု ဆက်သွယ်ရေးလမ်းကြောင်းများပေါ်တွင် များစွာမှီခိုနေကြရပြီး အကျိုးဆက်အနေဖြင့် ဒေတာအသုံးပြုမှုမြင့်တက်ခြင်း၊ အပိုကုန်ကျစရိတ်များ ကျသင့်ခြင်းတို့အား တွေ့ကြုံခံစားနေကြရသည်။
Friday, 23 October 2020 14:53

သုံးစွဲသူ ခြောက်သန်းကျော် ဆုံးရှုံးခဲ့ရကြောင်း Telenor Myanmar အစီရင်ခံ

Telenor Myanmar သည် ယခုနှစ်တတိယသုံးလပတ်အတွင်း သုံးစွဲသူခြောက်သန်းကျော်ဆုံးရှုံးခဲ့ရသည်။ သို့သော် နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် တတိယသုံးလပတ် ရလဒ်အနှစ်ချုပ်တွင် ထောက်ပြသကဲ့သို့ ဆုံးရှုံးခဲ့ရသော သုံးစွဲသူ အများစုသည် SIM ပိတ်ခြင်းနှင့်သက်ဆိုင်သည်။
Thursday, 22 October 2020 10:08

Telegram ပေါ်မှ bot များသည် deepfake ဝတ်လစ်စလစ်ပုံများ အခမဲ့ပြုလုပ်ပေးသည်

Cloud-based messaging platform တစ်ခုဖြစ်သည့် Telegram သည် Sensity မှ ပြုလုပ်သော လုံခြုံရေးစုံစမ်းစစ်ဆေးမှုတစ်ခုအရ deepfake ဝတ်လစ်စလစ်ပုံများကို ဖန်တီးပေးရာ ဒုစရိုက်နယ် ဖြစ်နေသည်။
Wednesday, 21 October 2020 20:26

iPad Air အသစ် ဘူးဖွင့် ဗီဒီယို

စတုတ္ထမျိုးဆက် iPad Air ဘူးဖွင့် ဗီဒီယို အွန်လိုင်းပေါ် တက်လာတယ်။ မှတ်တမ်းအတိုမှာ iPad Air ကို ပြသထားတယ်။
Wednesday, 21 October 2020 16:16

ခေတ်မီတဲ့ လူမှုဘဝပုံစံတွေကို သယ်ဆောင်လာတော့မယ့် vivo V20 မကြာမီထွက်ရှိလာမည်

စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ vivo ဟာ အရည်အသွေးမြင့် မော်ဒယ်အသစ် V20 ကို မိတ်ဆက်ပေးဖို့ လုံးဝကိုအဆင်သင့်ဖြစ်နေပါပြီ။ ဒီစမတ်ဖုန်းဟာ မျှော်လင့်ထားခဲ့သလိုပဲ ချောမွေ့ ပြောင်လက်ပြီး ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းဖြစ်တာကြောင့် vivo V20 က ပါးလွှာတဲ့ဒီဇိုင်းနဲ့ သက်တန့်ရောင်စဉ် တွေ စီထားသလို ပြီးပြည်စုံစွာပေါင်းစပ်ထားတဲ့ အရာတစ်ခုလို့ဆိုနိုင်တယ်။ ချောမွေ့ပြောင်လက်နေတဲ့ ကိုယ်ထည်ဟာဆိုရင် စမတ်ကျပြီး အမြဲပြောင်းလဲနေတတ်တဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ လူမှုဘဝပုံစံကို လိုက်လျောညီထွေဖြစ်စေပါတယ်။
Wednesday, 21 October 2020 11:11

အာရှပစိဖိတ်ဒေသ၏ လုပ်ဆောင်ချက်အကောင်းဆုံး နံပါတ် ၁ လူမှုစာမျက်နှာအဖြစ် Mytel စာမျက်နှာကို Socialbakers က အသိအမှတ်ပြု

မြန်မာနိုင်ငံ၏ အော်ပရေတာ Mytel ၏ ဖေ့စ်ဘွတ်စာမျက်နှာကို အာရှပစိဖိတ်ဒေသ၏ လုပ်ဆောင်ချက်အကောင်းဆုံး နံပါတ် ၁ စာမျက်နှာအဖြစ် Socialbakers အဖွဲ့အစည်းက ထုတ်ပြန်ကြေငြာခဲ့သည်။ Socialbakers မှထုတ်ပြန်ထားသည့် ဆန်းစစ်ချက် အစီရင်ခံစာအရ Mytel ဖေ့စ်ဘွတ်စာမျက်နှာသည် သည် ၂၀၂၀ ခုနှစ် တတိယသုံးလပတ်အတွင်းတွင် ပို့စ်ပေါင်း ၃၄၃ ပို့စ်နှင့် တုံ့ပြန်မှုပေါင်း ၃,၄၂၉,၁၂၄ ခုတို့ဖြင့် ပထမနေရာတွင် ရပ်တည်လျက်ရှိပါသည်။
Tuesday, 20 October 2020 16:34

ပိတ်သိမ်း SIM Card ၃၄ သန်းကျော်မှ လက်ကျန်ငွေ သန်း ၁၇၀၀ ကျော် Covid -19 အတွက် လှူဒါန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့သည်။

Search Articles