ICT News

Tuesday, 12 January 2021 17:57

Viber ၏ CEO မှ WhatsApp ၏ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ ပြုပြင်မွမ်းမံမှုအပေါ် အပြင်းအထန်ဝေဖန်

Viber ၏ CEO မှ WhatsApp ၏ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ ပြုပြင်မွမ်းမံမှုအပေါ် အပြင်းအထန်ဝေဖန်ပြီး
Tuesday, 12 January 2021 13:36

Windows 10 မှာ Calculator အမြဲတမ်းဖွင့်ထားပြီး ဘယ်လိုသုံးမလည်း ????

 Calculator ဆိုတာ Windows ရဲ့ single versionတိုင်းမှာ ပါတဲ့ Apps တွေထဲကတစ်ခုပါ။
Tuesday, 12 January 2021 11:57

Hotel Guest List Management System ကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် ကုမ္ပဏီအတည်ပြု ရွေးချယ်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် Hotel GuestList Management System ကိုအဆင့်မြှင့်တင် ဆောင်ရွက်ရန်
Tuesday, 12 January 2021 11:41

OPPO မှ Reno5 စမတ်ဖုန်းအသစ်ကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မိတ်ဆက်ပွဲ ကျင်းပမည်

OPPO သည် ၂၀၂၁ ခုနှစ်အတွက် Trendsetter ဖြစ်လာမည့် Diamond Spectrum ပုံစံဖြင့် ပထမဦးဆုံး ပြုလုပ်ထားပြီး သူမတူသော AI Mixed Portrait၊ Dual View Video နှင့် AI Highlight Video စသည့် ဗီဒီယိုလုပ်ဆောင်ချက်များ ပါဝင်လာသည့် Reno Series အသစ် OPPO Reno5 ကို “Picture Life Together” ဟူသော ဆောင်ပုဒ်နှင့်အတူ မြန်မာနိုင်ငံဈေးကွက်သို့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် စတင် မိတ်ဆက်ပေးတော့မည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။ စိန်ကဲ့သို့ တောက်ပသော အဆင့်မြင့် အသွင်အပြင်နှင့် ကောင်းမွန်သော ဓာတ်ပုံပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များအပြင် AMOLED Screen၊ 90Hz Screen Refresh Rate နှင့် 50W Flash Charge စနစ်တို့ ပါဝင်သော အားလုံး စောင့်မျှော်နေကြသည့် OPPO Reno5 တရားဝင် မိတ်ဆက်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၄ ရက် (ကြာသပတေးနေ့)၊ ည ၇ နာရီ အချိန်တွင် ပြည်သူချစ် အနုပညာရှင်များနှင့်အတူ စိတ်လှုပ်ရှားဖွယ် အစီအစဉ်များ၊ ဖျော်ဖြေတင်ဆက်မှုများဖြင့် OPPO Myanmar Official Facebook Page တွင် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။ “Picture Life Together” ဆိုသည့် ဆောင်ပုဒ်နှင့်အတူ ထွက်ရှိလာတော့မည့် OPPO Reno5 မိတ်ဆက်ပွဲ အခမ်းအနားကို OPPO Brand Ambassador ဝတ်မှုံရွှေရည်၏ တက်ရောက် အားဖြည့်မှုနှင့်အတူ အခြား OPPO မိသားစုဝင် အနုပညာရှင်ဖြစ်သည့် အဆိုတော် အောင်ထက်၏ ဖျော်ဖြေတင်ဆက်မှုများအပြင် ဂျင်မီကိုကို၊ Zuko၊ Meow Meow နှင့် Junior Creative တို့၏ ဆန်းသစ်သော အကလှကွက် ဖျော်ဖြေတင်ဆက်မှုများနှင့် တမူထူးခြားသော Street King ၏ Magic Show အစီအစဉ်များဖြင့် ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်သည်။   OPPO Reno5 ကို ကမ္ဘာ့ပထမဆုံး Diamond Spectrum ပုံစံဖြင့် အထူးပြုလုပ်ထားပြီး မိမိစိတ်ကူးသမျှအရောင်များကို ဖုန်းတစ်လုံးထဲတွင် တွေ့မြင်နိုင်စေမည် ဖြစ်သည်။ ထို့ပြင် 3D Back Body Design နှင့် ၁၀၀ ရာခိုင်နှုန်း လက်ဗွေရာမထင်သော ပုံစံဖြင့် အဆင့်မြင့်ဖန်တီးထုတ်လုပ်ထားသောကြောင့် ဖုန်းကာဗာတပ်စရာမလိုဘဲ အလွန်သက်သောင့်သက်သာရှိသော ထိတွေ့မှုကို သုံးစွဲသူများအား ကြုံတွေ့စေနိုင်မည်ဖြစ်သည်။ OPPO Reno5 ကို ပါးလွှာ ပေါ့ပါးစေရန်အတွက် အလေးချိန် 171g ဖြင့်သာ ဖန်တီးပြုလုပ်ထားပြီး သာလွန်ထူးကဲသော ဗီဒီယိုလုပ်ဆောင်ချက်များလည်း ပါဝင်လာမည်ဖြစ်သည်။ ထို့ပြင် မြန်ဆန် ချောမွေ့သော စွမ်းဆောင်ရည်ကောင်းမွန်သည့် Qualcomm Snapdragon 720G နှင့် သုံးစွဲသူများ၏ နေ့ထိုင်မှုဘဝကို တိုးတက်စေရန် ပိုမိုကောင်းမွန်သော AI-enhanced Sensing Algorithm တို့ ပါဝင်လာမည်ဖြစ်သည်။ OPPO Reno5 တရားဝင် အွန်လိုင်းမိတ်ဆက်ပွဲ အခမ်းအနားကို OPPO Myanmar Facebook Page မှ တစ်ဆင့် Livestream ကြည့်ရှုနေကြသော OPPO ချစ်ပရိသတ် များအတွက် OPPO Reno5 နှင့် OPPO Watch တို့ ကံထူးနိုင်မည့် အထူးအစီအစဥ် များကို ထည့်သွင်းပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် Live ထုတ်လွှင့်နေစဉ်တစ်လျှောက်လုံးတွင်လည်း ၅၀၀,၀၀၀ ကျပ် တန်ဖိုးရှိ ဖုန်းဘေလ်များ မဲဖောက်ပေးသွားမည့် Peak Viewer Challenge အစီအစဉ်ကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်သည်။ ကြည့်ရှုသူ 10K ရောက်လျှင် ၁၀,၀၀၀ ကျပ်တန် Phone Bill ၁၀ ခု၊ 20K ရောက်လျှင် ၁၀,၀၀၀ ကျပ်တန် Phone Bill အခု ၂၀ နှင့် 30K ရောက်လျှင် ၁၀,၀၀၀ ကျပ်တန် Phone Bill အခု ၃၀ ကို မဲဖောက်ပေးသွားမည်ဖြစ်သောကြောင့်OPPO Reno5 ရဲ့ Livestream ကို လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်အပ်ပါသည်။   OPPO အကြောင်း OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သော နည်းပညာများ၏ ပေါင်းစပ်မှုကို ရရှိနိုင်ရန် အစဥ်မပြတ် ကြိုးပမ်းလာခဲ့ရာ ယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစား စုံလင်သည့် F series ၊ A series အစရှိသော smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံ ပေါင်း ၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခု ရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝ အဆင့်မြင့် တိုးတက်‌ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။
Tuesday, 12 January 2021 10:40

တရုတ်နှစ်ကူးပွဲကို ဂုဏ်ပြုရန် apple က Limited-edition AirPods Pro ကိုထုတ်လုပ်

တရုတ်နှစ်ကူးပွဲကို ဂုဏ်ပြုသည့်အနေဖြင့် apple ကတော့ Limited-edition AirPods Proကို တရုတ်ပြည်မကြီး အပါအဝင် အာရှနိုင်ငံတွေဖြစ်တဲ့ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ မလေးရှားတို့မှာ စတင်မိတ်ဆက်ပါတယ်။
Monday, 11 January 2021 14:49

Samsung ၏ နောက်ဆုံးထုတ် Galaxy A12 နှင့် Galaxy A02s စမတ်ဖုန်းအသစ်များ မြန်မာနိုင်ငံ ဈေးကွက်တွင် စတင်ရောင်းချ

Samsung Electronics Co., Ltd. သည် ၎င်း၏ နောက်ဆုံးပေါ် Galaxy A စီးရီးအဖွဲ့ဝင် Galaxy A12 နှင့် Galaxy A02s စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင် ဇန်နဝါရီလ (၁၁) ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။ ကြာရှည်ခံ ဘက်ထရီ၊ ကြီးမားကျယ်ပြန့်သော မျက်နှာပြင်နှင့် စွမ်းဆောင်ရည်မြင့် ကင်မရာများ အပါအဝင် အဆင့်မြှင့်တင်ထားသော လုပ်ဆောင်ချက်များအား ထည့်သွင်းပေးထားသော စမတ်ဖုန်းများ ဖြစ်သည်။  ယခုမိတ်ဆက်ပေးခဲ့သော စမတ်ဖုန်းများတွင် ကြီးမားကျယ်ပြန့်သော မျက်နှာပြင်များ၊ အချိန်နှင့်စက္ကန့်အမျှ အခိုက်အတန့်များကို မလွတ်တမ်း ဖမ်းယူရိုက်ကူးနိုင်မည့် စွမ်းရည်မြင့်ကင်မရာများအပြင် တစ်နေ့တာလုံး အသုံးပြုနိုင်မည့် တာရှည်ခံ ဘက်ထရီများအား ထည့်သွင်းပေးထားသည်။ “Galaxy A Series မိသားစုဝင် စမတ်ဖုန်းတွေရဲ့ အစဉ်အလာအတိုင်းပဲ အခုမိတ်ဆက်ပေးခဲ့တဲ့ Galaxy A12 နဲ့ Galaxy A02s စမတ်ဖုန်း ၂ မျိုးလုံးကနေတဆင့် သုံးစွဲသူတွေအတွက် အံ့အားသင့်ဖွယ်ရာ တီထွင်ဆန်းသစ်မှု အရှိဆုံး လုပ်ဆောင်ချက် တွေကို သင့်တင့်မျှတမှု အရှိဆုံးနှုန်းထားတွေနဲ့ ပေးအပ်သွားနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ထားပါတယ်။ ဖျော်ဖြေရေးအသားပေး စမတ်ဖုန်းတွေ ဖြစ်တာနဲ့အညီ စမတ်ဖုန်း ၂ မျိုးလုံးမှာ ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့ ကြာရှည်ခံ ဘက်ထရီတွေကို ထည့်သွင်းပေးထားတဲ့အတွက် ဗီဒီယိုနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်ရှုရာမှာဖြစ်စေ၊ ဂိမ်းကစားရာမှာဖြစ်စေ နာရီပေါင်းများစွာ ကြာမြင့်စွာ အနှောင့်အယှက်မရှိ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။ ဆက်လက်၍ ”ဒါ့အပြင် အနီးကပ်ပုံရိပ်တွေနဲ့ ရှုခင်းပုံရိပ်တွေကို ရိုက်ကူးတာပဲ ဖြစ်ဖြစ်၊ bokeh effects ကို အသုံးပြုပြီး လှပကျော့ရှင်းတဲ့ ပုံရိပ်တွေကို ရိုက်ကူးတာပဲ ဖြစ်ဖြစ် အချိန်နဲ့ တစ်ပြေးညီ အခိုက်အတန့်တွေကို လက်မလွတ်တမ်း ရိုက်ကူးဖမ်းယူ နိုင်ဖို့အတွက် Galaxy A12 နဲ့ Galaxy A02s စမတ်ဖုန်းတွေမှာ စွမ်းဆောင်ရည်မြင့် ကင်မရာတွေကိုလည်း ထည့်သွင်းပေး ထားပါတယ်” ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားခဲ့သည်။   ကြီးမားကျယ်ပြန့်သော မျက်နှာပြင်နှင့် ကြာရှည်ခံ ဘက်ထရီ သုံးစွဲသူများအနေနှင့် ဂိမ်းကစားရာတွင်ဖြစ်စေ၊ အကြိုက်နှစ်သက်ဆုံး တီဗီအစီအစဉ်များအား ကြည့်ရှုရာတွင်ဖြစ်စေ၊ Galaxy A12 နှင့် Galaxy A02s စမတ်ဖုန်းများ၏ ကြီးမားကျယ်ပြန့်သော 6.5” HD+ Infinity-V မျက်နှာပြင်မှတဆင့် ကြည်လင်ပြတ်သားသော ပုံရိပ်များအား စိတ်ကျေနပ်မှုအပြည့်ဖြင့် ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy A12 စမတ်ဖုန်းတွင် စွမ်းဆောင်ရည်မြင့် Dolby Atmos® အသံစနစ်အား ထည့်သွင်းပေးထားသည့် အတွက် ဂိမ်းကစား ရာတွင် ဖြစ်စေ၊ ဗီဒီယိုများ ကြည့်ရှုရာတွင် ဖြစ်စေ အကောင်းမွန်ဆုံးသော အသံထွက် အရည်အသွေးကို ခံစား ရရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy A12 နှင့် Galaxy A02s စမတ်ဖုန်း ၂ မျိုးလုံးတွင် ကြာရှည်ခံမှု အပြည့်အဝ ရှိစေမည့် 5,000 mAh ဘက်ထရီအား ထည့်သွင်းပေးထားသည့်အတွက် အကြိုက်နှစ်သက်ဆုံးသော ဖျော်ဖြေရေး အစီအစဉ်များအား တစ်စုံတစ်ရာ စိတ်ပူပန်စရာ မလိုပဲ ကြည့်ရှုခံစားသွားနိုင်မည် ဖြစ်သည်။ အမှတ်တရအခိုက်အတန့်များအား အရည်အသွေးမြင့်ပုံရိပ်များအဖြစ် ရိုက်ကူးသိမ်းဆည်း ထားလိုက်ပါ ထိုအပြင် Galaxy A12 နှင့် A02s စမတ်ဖုန်းများတွင် ယခင်ထက်ပိုမို ကြည်လင်ပြတ်သားမှုရှိသော အရည်အသွေးမြင့် ပုံရိပ်များအား အလွယ်တကူ ရိုက်ကူးသွားနိုင်မည့် ကင်မရာ လုပ်ဆောင်ချက်များစွာကိုလည်း ထည့်သွင်းပေးထားသည်။ Galaxy A12 စမတ်ဖုန်း၏ကျောဘက်တွင် အဆင့်မြင့် လုပ်ဆောင်ချက်များ ပါဝင်သည့် Main camera၊ Ultra Wide camera၊ Depth camera နှင့် Macro camera ကင်မရာလေးလုံးအား ထည့်သွင်း‌ပေးထားသည်။ စမတ်ဖုန်း၏ 48-megapixel အဓိကကင်မရာသည် နေ့ညအချိန်အခါမရွေး အရောင်အသွေး ညီမျှသော အဆင့်မြင့်ပုံရိပ်များကို ဖမ်းယူနိုင်ရန် အဓိကလုပ်ဆောင်ပေးကာ မျက်ဝန်းအဆုံး မြင်တွေ့နေရသည့် အဝေးမှ အရာဝတ္ထုပုံရိပ်များကို ခလုတ်တစ်ချက်နှိပ်ရုံနှင့် အပြည့်အဝ ရိုက်ကူးနိုင်စေရန်အတွက် စမတ်ဖုန်း၏ 5-megapixel Ultra Wide ကင်မရာမှ စွမ်းဆောင်ပေးထားသည်။ Galaxy A12 တွင်ပါဝင်သော 2-megapixel Macro ကင်မရာသည် သင်၏ အစားအသောက်ဓါတ်ပုံများအား စားချင်စဖွယ် အရောင်စုံလင်စွာနှင့် ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်ရန် လုပ်ဆောင်ပေးနိုင်ပြီး တွဲဖက်ပါဝင်လာသော 2-megapixel Depth ကင်မရာသည်လည်း အရေးကြီးသည့် မြင်ကွင်းများကို မလွတ်တမ်း ဖမ်းယူပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် 8-megapixel Selfie ကင်မရာအား အသုံးပြု၍လည်း သင်၏ ဓါတ်ပုံမှတ်တမ်းများအား ယုံကြည်မှု အပြည့်ဖြင့် ရိုက်ကူးသိမ်းဆည်းထား နိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် Galaxy A02s တွင် စွမ်းဆောင်ရည်မြင့် ကျောဖက်ကင်မရာ သုံးလုံး (13-megapixel main ကင်မရာ၊ 2-megapixel Macro ကင်မရာ နှင့် 2-megapixel Depth ကင်မရာ) အား ထည့်သွင်းပေးထားပြီး ရှေ့ဖက်တွင် 5-megapixel selfie ကင်မရာအား ထည့်သွင်းပေးထားသည်။   လုံခြုံစိတ်ချမှု အပြည့်ဖြင့် အသုံးပြုနိုင်သည့် Galaxy A12 စမတ်ဖုန်း Galaxy A12 စမတ်ဖုန်းတွင် ၎င်း၏ ကိုယ်ပိုင် အဆင့်မြင့် လုံခြုံရေးစနစ် Samsung Knox အား ထည့်သွင်းပေးထား သည့် အတွက် သုံးစွဲသူများအနေနှင့် အက်ပလီကေးရှင်းများ၊ အချက်အလက်မျှဝေမှုများ အစရှိသည့် လုပ်ငန်းစဉ်များ အား စိတ်ကြိုက်ထိန်းချုပ် လုပ်ဆောင်သွားနိုင်မည် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ Samsung သုံးစွဲသူပေါင်း ၁ သန်းကျော်၏ ကိုယ်ပိုင်အချက်အလက်များအား အပြည့်အဝ ကာကွယ် ပေးထားသည့် Samsung Knox လုံခြုံရေးစနစ်သည် Galaxy A12 သုံးစွဲသူများအား ဆိုက်ဘာတိုက်ခိုက်မှုများ၊ ဒေတာချိုးဖောက်ရယူမှုများနှင့် အခြားသော လုံခြုံရေးပိုင်း ဆိုင်ရာ ခြိမ်းခြောက်မှုများမှ ၂၄ / ၇ အပြည့်အဝ ကာကွယ် ပေးသွားမည် ဖြစ်သည်။   စတိုင်ကျနလှပသော ဒီဇိုင်းတည်ဆောက်ပုံ Galaxy A12 နှင့် Galaxy A02s စမတ်ဖုန်း ၂ မျိုးလုံးအား ပြေပြစ်သေသပ်သည့် haze နှင့် matte ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့်အတွက် သုံးစွဲသူများ အနေနှင့် ကိုင်တွယ်အသုံးပြုရာတွင် စတိုင်ကျနလှပမှု အပြည့်အဝရှိစေမည် ဖြစ်သည်။ ထို့အပြင် ချေမွေ့တောက်ပသော ဘေးဘောင်များအား ထည့်သွင်းပေးထားပြီး စမတ်ဖုန်း၏ အထူအနေနှင့် Galaxy A12 အား ၈.၉ မီလီမီတာခန့်နှင့် Galaxy A02s အား ၉.၁ မီလီမီတာခန့် ပမာဏမျှသာ ရှိစေရန် တည်ဆောက်ထားသည့်အတွက် သုံးစွဲသူများ ကိုင်တွယ်အသုံးပြုရာတွင် အဆင်ပြေလွယ်ကူမှုနှင့် သက်တောင့် သက်သာရှိမှု အပြည့်အဝ ရရှိစေမည် ဖြစ်သည်။ Galaxy A12 စမတ်ဖုန်းအား မြန်မာနိုင်ငံဈေးကွက်တွင် ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်၍ 4/128 GB အမျိုးအစားအား မြန်မာငွေကျပ် ၂၄၉,၀၀၀ ကျပ်နှင့် 6/128 GB အမျိုးအစားအား မြန်မာငွေကျပ် ၂၇၉,၀၀၀ ကျပ်များဖြင့် အသီးသီး ရောင်းချပေး လျက်ရှိပြီး အရောင်အားဖြင့် အပြာရောင်၊ အဖြူရောင် နှင့် အနက်ရောင် အရောင် ၃ မျိုးအနက် ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။   အလားတူပင် Galaxy A02s စမတ်ဖုန်းအား မြန်မာနိုင်ငံဈေးကွက်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်၍ မြန်မာငွေကျပ် ၁၈၉,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကာ အရောင်အားဖြင့် အပြာရောင်၊ အဖြူရောင် နှင့် အနက်ရောင် အရောင် ၃ မျိုးအနက် ရွေးချယ်ဝယ်ယူသွားနိုင်မည် ဖြစ်သည်။   Samsung Galaxy A Series စမတ်ဖုန်း အသစ်များအား မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်သည့် အထိမ်းအမှတ် အနေနှင့် Samsung Myanmar သည် ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် Mytel နှင့် ပူးပေါင်း၍ ဝယ်ယူအားပေးသူများအတွက် ထပ်ဆောင်း အင်တာနက်အစီအစဉ်များနှင့် ဖုန်းခေါ်ဆိုခွင့်မိနစ်များကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။ Galaxy A12 စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများ အနေနှင့် 6 GB Mytel အင်တာနက် အစီအစဉ်နှင့် Mytel နံပါတ်အချင်းချင်း မိနစ် ၆၀၀ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်များ (တစ်ကြိမ်သာ ခံစားခွင့်ရှိမည် ဖြစ်ပြီး ရက် ၆၀ အတွင်း အသုံးပြုသွားနိုင်မည်) အား ရရှိခံစားသွားနိုင်မည် ဖြစ်ကာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အသုံးပြုသွားနိုင်မည် ဖြစ်သည်။ အလားတူပင် Galaxy A02s စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများ အနေနှင့် 4 GB Mytel အင်တာနက် အစီအစဉ်နှင့် Mytel နံပါတ်အချင်းချင်း မိနစ် ၄၀၀ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်များ (တစ်ကြိမ်သာ ခံစားခွင့်ရှိမည် ဖြစ်ပြီး ရက် ၆၀ အတွင်း အသုံးပြုသွားနိုင်မည်) အား ရရှိခံစားသွားနိုင်မည် ဖြစ်ကာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အသုံးပြုသွားနိုင်မည် ဖြစ်သည် ထို့အပြင် Samsung သည် Galaxy A12 နှင့် Galaxy A02s စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများအတွက် No Worry Crack ဝန်ဆောင်မှုကိုလည်း ပေးအပ်ထားပြီး အဆိုပါ ဝန်ဆောင်မှုအရ ဝယ်ယူသည့်နေ့မှစ၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကာလအတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်းအတွက် ပြန်လည် ပြုပြင်ရာတွင် ၅၀% လျှော့ဈေးဖြင့် မှန်လဲလှယ်ခွင့် တစ်ကြိမ်အား ရရှိခံစား သွားနိုင်မည် ဖြစ်သည်။
Sunday, 10 January 2021 21:19

အင်တာနက်ဂျာနယ်မှ IJ Marketplace ကို မိတ်ဆက်

လုပ်ငန်းဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ ကိုယ်တိုင်ပြင်ဆင်ဖော်ပြနိုင်မည့် Directory ပုံစံဝက်ဘ်ဆိုက်
Friday, 08 January 2021 18:29

ဆုလက်ဆောင်များရယူနိုင်မည့် ‘MyLatSaung’ ဂိမ်းအား MytelPay အက်ပလီကေးရှင်းတွင် ထည့်သွင်း

ငွေလွှဲဝန်ဆောင်မှုဖြစ်သော MytelPay သည် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် အသုံးပြုသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်
Friday, 08 January 2021 16:43

KBZPay ၏ 7 Million Celebration အစီအစဉ်ကြီးရဲ့ ၁၀ သိန်းကျပ် ပထမဆုံးကံထူးရှင်ပေါ်ထွက်လာပါပြီ

၇ ရက် ၇ ယောက် ၇ သန်း (7 Million Celebration) Campaign ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့မှ ကံစမ်းမဲကာလကတော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်နေ့အထိဖြစ်ပါတယ်။

Search Articles