ICT News

Thursday, 11 June 2020 14:51

နည်းပညာအပေါ်အကောင်းမြင်သော အမြင်များသည် မြန်မာနိုင်ငံရှိ နည်းပညာကုမ္ပဏီများအတွက် အခွင့်အလမ်းများ

နည်းပညာကုမ္ပဏီများသည် COVID-19 ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း တိုးတက်မှုအခွင့်အလမ်းနှင့် ဝင်ငွေကို ရှာဖွေနေကြရပြီး နေထိုင်သွားလာမှု ကန့်သတ်ခံထားနေရစဉ်တွင် နည်းပညာအပေါ် မှီခိုနေရသောကြောင့် ၎င်းတို့၏ စွမ်းဆောင်ရည်များကို ပိုမိုကောင်းမွန်အောင် ကြိုးစားနေကြသည်။ 
Wednesday, 10 June 2020 08:05

Mytel ၂ နှစ်ပြည့်အထိမ်းအမှတ် ကျင်းပ

● Mytel မှ ၂ နှစ်ပြည့် အထိမ်းအမှတ်နှင့် သုံးစွဲသူ ၁၀ သန်းပြည့်မြောက်သည့် အထိမ်းအမှတ်ကို
Tuesday, 09 June 2020 22:03

မှတ်ပုံတင်မထားတဲ့ SIM Card များ ယခုလကုန်တွင် အပြီးပိတ်သိမ်းသွားမည်

မှတ်ပုံတင်မထားတဲ့ SIM Card များ ယခုလကုန်တွင် အပြီးပိတ်သိမ်းသွားမည်
Monday, 08 June 2020 16:43

ColorOS 7 (Android 10) Official Version အသုံးပြုနိုင်ပြီဖြစ်သော OPPO ဖုန်းများ မြန်မာနိုင်ငံသို့ မကြာမီ ရောက်လာတော့မည်

Find X, Reno Series စသည့် Flagship ဖုန်းများတွင် Official Version ကို စတင် အသုံးပြုနိုင်နေပြီဖြစ်သည်။ F9, A5 2020 စသည့် OPPO စမတ်ဖုန်းများအတွက် Update မှာ မကြာမီ ရောက်လာတော့မည်ဖြစ်သည်။ 
Sunday, 07 June 2020 23:08

Android စမတ်ဖုန်းမှာ တင်မရတဲ့ ရှုခင်းဓာတ်ပုံနဲ့ ပတ်သက်လို့ လေ့လာတွေ့ရှိချက်များ

Samsung ထုတ်ကုန်များကို အဓိကအာရုံစိုက်တဲ့ Ice Universe  ဆိုတဲ့ tweeter အကောင့်ပိုင်ရှင်က
Sunday, 07 June 2020 13:34

Facebook မှာ Dark mode လာတော့မည်

Facebook မှ ကိုင်တွယ်လုပ်ကိုင်နေတဲ့ အက်ပ်တွေမှာ Dark mode တွေ စီစဉ်ပေးခဲ့တယ်။
Sunday, 07 June 2020 12:44

Zoom ရှယ်ယာများဖြင့် ဒေါ်လာ ၂ ဘီလျံကျော် ရရှိခဲ့သော လူသိနည်းသော ရင်းနှီးမြှုပ်နှံသူ

Coronavirus ကူးစက်ပျံ့နှံ့မှုကြားမှ၎င်း၏ဗွီဒီယိုကွန်ဖရင့် ၀ န်ဆောင်မှုသည်
Saturday, 06 June 2020 16:09

အကြိမ် ၁၈၀ ၀၀၀ ခေါက်ပြီးချိန်မှာ ကောင်းနေဆဲ Samsung Galaxy Z Flip

ကြိမ် ၁၈၀ ၀၀၀ ခေါက်ပြီးချိန်မှာ ကောင်းနေဆဲ Samsung Galaxy Z Flip  တစ်နေ့ အကြိမ် ၇၀ လေးလတိုင်တိုင် ကိုင်ထားတဲ့ Samsung Galaxy Z Flip ခေါက်ဖုန်းရဲ့ စခရင်မှာ ခေါက်ရိုးကျိုးရာမထင်၊ ပတ္တာတွေကလည်း ချောမွေ့နေဆဲ၊ တစ်နှစ်တာအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်နေဆဲပါလို့ Consumer technology editor ဖြစ်သူ Samuel Gibbs က ဆောင်းပါး ရေးသားထားပါတယ်။ သူက အခုလို ဆက်လက် ရေးသားထားပါတယ်။   စခရင်ကို ထက်ဝက်နေရာကနေ ခေါက်ချိုးတဲ့  Galaxy Z Flip ကို Samsung က စတင်ဖြန့်ချိတော့ စခရင်ခေါက်တဲ့ နည်းပညာက ဟန်ကျပန်ကျ ရှိပြီလား။ ခေါက်ပိတ်လိုက် ပြန်လှန်ဖွင့်လိုက် လုပ်ပါများရင် စခရင်မှာ ခေါက်ရိုးကျိုးရာ ပေါ်လာမလား၊ တစ်ခုခု ဖြစ်မလား၊ ပတ္တာချောင်တာ စောင်းတာ ဖြစ်လာမလားဆိုတဲ့ သံသယတွေ ရှိနေခဲ့ပါတယ်။ အဲဒါကြောင့် လေးလတိုင်တိုင် တစ်နေ့ကို အကြိမ် ၇၀ ခေါက်လိုက် ဖြန့်လိုက် လုပ်ပြီး စမ်းကြည့်ဖြစ်ခဲ့ပါတယ်။   ဒီစမတ်ဖုန်းက ခေါက်ဖုန်းအမျိုးအစားမှာ Samsung ရဲ့ ဒုတိယ ခြေလှမ်း ကြိုးပမ်းမှု ဖြစ်ပါတယ်။ အရွယ်ကြီးတယ်။ အလျား ရှည်တယ်။  ဒါပေမဲ့ ခေါက်ထားပြီးချိန်မှာ အင်္ကျီ အိတ်ထောင်ထဲ ထည့်လို့ ဆန့်တယ်။  စခရင်မှာ ပြသတာလည်း အတော်ကောင်းမွန်တယ်။ ပတ္တာကလည်း အပြစ်ပြောစရာ မရှိဘူး။ ဖွင့်ထားချိန်မှာ ခေါက်ဖုန်းဆိုတဲ့ အရသာ မဖြစ်ပေါ်စေဘူး။ ဖွင့်ထားချိန်မှာ ခေါက်ဖုန်း မဟုတ်တဲ့ စမတ်ဖုန်းတွေအတိုင်းပဲ။ ဒါပေမဲ့ ဘယ်လောက် ကြာကြာခံမှာလဲ ဆိုတဲ့ မေးခွန်းက စိတ်ထဲ ရှိနေတယ်။    စခရင်မှာ ပလတ်စတစ်အလွှာ အထပ်ထပ်နဲ့ အင်မတိအင်မတန်ပါးနဲ့ မှန်လွှာပါတယ်။ ခြစ်ရာ ပွန်းရာ မဖြစ်ပေါ်စေဘူး။ နောက်တစ်ချက်က စခရင်က အချိန်ပြည့် ပေါ်နေတာ မဟုတ်ဘူး။ဖုန်းကို ခေါက်ပိတ်ထားချိန်မှာ စခရင်က လုံခြုံနေတော့ မတော်တဆ ခြစ်မိပွန်းမိစရာ အကြောင်းမရှိဘူး။ ပလတ်စတစ်အလွှာမှာ လက်ချောင်းစထိပ်နဲ့ ထိတဲ့အခါ လက်ဗွေရာ မထင်ကျန်အောင် လုပ်ပေးတာကတော့ တခြားစမတ်ဖုန်း အကောင်းစားတွေကို မမီဘူး။ လက်ဗွေရာလေးတွေ ထင်ကျန်တယ်။ ဝတ်ထားနဲ့ တီရှပ်နဲ့ စခရင်ကို ပွတ်ပေးပြီး သုတ်သင်ရတယ်။ ကျောဘက်မှာလည်း စခရင်ပါပြီး အဲဒီမှာတော့ ခြစ်ရာလေးတွေ ထင်နေတာ တွေ့ရတယ်။    ခေါက်ပိတ်ထားချိန်မှာ နှစ်ခြမ်း သိသိသာသာကြီး ဟမနေဘူး။   ပတ္တာကြားထဲ ဖုန်ဝင်တာ မတွေ့ဘူး။ အဲဒီအတွက် ဘရှပ်မျှင်လေးတွေ ထည့်ပေးထားပုံရတယ်။ ပတ္တာကို နားမှာ ကပ်ပြီး နားထောင်ရင်း ဖုန်းကို ခေါက်ပိတ်လိုက်ရင် အနှောင့်ဆီမှ ဘရှပ်တွေ လှဲကျင်းနေတဲ့အသံတိုးတိုးကို ကြားရတယ်။   Samsung က Z Flip ကို အကြိမ် ၂၀၀ ၀၀၀ ခေါက်ပိတ်လိုက် လှန်ဖွင့်လိုက် လုပ်လို့ရတယ်လို့ ဆိုထားတယ်။ အခု လက်ထဲ စမ်းသပ်နေတဲ့ ဖုန်းက အကြိမ် ၁၈၀ ၀၀၀ ကျော် လုပ်ပြီးသွားပြီ။  folding screen technology စခရင်ခေါက် နည်းပညာမှာ Samsung က ရှေ့ဆုံးမှ ဦးဆောင်နေတယ်လို့ ဆိုနိုင်တယ်၊ လက်တွေ့သုံးလို့ရတယ်။ တာရှည်ခံတယ်။   samsung galaxy z flip fingerprint scanner    fingerprint scanner က ပါးနေပေမဲ့ အလုပ်ကောင်းကောင်း လုပ်တယ်။ အလုပ်ကြမ်း လုပ်ထားလို့ လက်မမှာ ဒဏ် ရှိနေပေမဲ့လည်း လက်ဗွေရာကို ဖတ်ပေးနိုင်တာ တွေ့ရတယ်။    Samsung Galaxy Z Flip သုံးတာမှာ အရသာတစ်ခုက ဖုန်းပြောပြီးလို့ ပြန်ခေါက်ပိတ်တဲ့အခါ ဖုန်းကို ဆတ်ခနဲ ပြန်ခေါက်ပိတ်လိုက်တဲ့ အရသာ ဖြစ်ပါတယ်။ အပြင်ဘက်မှာ စီစဉ်ပေးထားတဲ့ notification panel က နိုတီတွေကို ပြသပေးနေတယ်။ ခေါက်ထားတဲ့ဖုန်းကို ခေါက်လျက်သားဖြင့် နိုတီတွေကို ကြည့်လို့ရတာကလည်း အတော်ဟန်ကျတယ်။ ဒါပေမဲ့ နည်းနည်းလေး ပိုကျယ်ရင် ကောင်းမယ်။ နိုတီမှာ ပါတဲ့ စာတွေ ပိုများများ ပေါ်နေမယ်။ ဖတ်ရတာ ပိုအဆင်ပြေသွားမယ်။   ကင်မရာကလည်း မဆိုးပါဘူး။ တယ်လီဇွန်း ဆွဲလို့တော့ မကောင်းဘူး။ ဘက်ထရီက  တစ်ရက်ခံတယ်။ အဲဒီထက် ပိုခံဖို့ကိုတော့ မမျှော်လင့်ပါနဲ့။    ခြုံငုံပြီး ပြောရရင်  Galaxy Z Flip ကိုင် ကိုင်ရတာ အဆင်ပြေတယ်။ စခရင်ခါက်တဲ့ နည်းပညာ အတော်ကောင်းတယ်။ နောက်မျိုးဆက်တွေမှာ အခုထက် ပိုကောင်းလိမ့်မယ်။ ဈေးသက်သာအောင်လည်း လုပ်နိုင်လိမ့်မယ်။ စမတ်ဖုန်းတွေကြားမှာ  ခေါက်ဖုန်းဆိုတဲ့ ရွေးစရာတစ်ခု ရှိနေလိမ့်မယ်။
Saturday, 06 June 2020 15:34

စားသောက်ဆိုင်များနှင့် စားစရာပို့အက်ပ်များအကြား ကော်မရှင်ကိစ္စ

coronavirus နှင့် သက်ဆိုင်သော ကန့်သတ်ချက်များကြောင့် စင်ကာပူရှိ စားသောက်ဆိုင်များသည်

Search Articles