Monday, 25 January 2021 21:08
GSMARENA Websiteရဲ့ Week3အတွက်Top 10 Trendingဝင်လာတဲ့ Phones များ
ယခင်အပတ်မှာ အောင်ပွဲခံခဲ့တဲ့ Samsung Galaxy S21 Ultra ကတော့ ယခုအပတ် Week3 မှာလည်း Trending စာရင်းမှာ ဆက်လက်ဦးဆောင်ထားပြီး Galaxy S21 နဲ့ Xiaomi Mi 11တို့ကလည်း ဒုတိယနဲ့ တတိယနေရာတွေကနေ ယခင်အပတ်ကအတိုင်း ဆက်လက်ခိုင်မာနေဆဲဖြစ်ပါတယ်။ သို့သော်လည်း သူတို့နှစ်ဦးပေါင်းရဲ့ လူအများ စိတ်ဝင်စားမှု ရေချိန်ဟာပထမနေရာက Samsung Galaxy S21 Ultra ရဲ့ interest ထက်တော့ လျော့နည်းနေသေးတာဖြစ်ပါတယ်။
အပေါ်က ဆရာကြီးတွေရဲ့နောက်မှာတော့ Samsung Galaxy A12 က စတုတ္ထနေရာမှာပဲ အရင်အပတ်ကအတိုင်းရှိနေပြီး၊ Xiaomi Poco M3ကတော့ ယခုအပတ်ရဲ့ ပထမဆုံးအသစ်အဖြစ် နံပါတ် ၅နေရာကနေ စတင်ဝင်ရောက်လာပါတယ်။ Top10 ကို လျင်မြန်စွာဝင်ရောက်လာတဲ့ Xiaomi Poco M3ကတော့ Week4 အတွက် စောင့်ကြည့်ချင်စရာလည်း ဖြစ်ပါတယ်။နောက်ထပ်အသစ်ဖြစ်တဲ့ Honor View40 (V 40 လို့တရုတ်ပြည်မှာခေါ်ကြပါတယ်) ကတော့ နံပါတ် ၆နေရာအထိ ဝင်ရောက်လာပါတယ်။ Cameraphone လို့ နာမည်ကြီးတဲ့ vivo X60 Pro+ကလည်း Brand New အဖြစ် နံပါတ် ၇နေရာကို စတင်ယူလိုက်ပါတယ်။
Redmi Note 9 Pro ကတော့ ယခင်အပတ်က နံပါတ်၆နေရာကနေ ယခုအပတ်မှာတော့ နံပါတ် ၈နေရာအထိ ကျဆင်းသွားပါတယ်။ ဒါပေမယ့် Apple iPhone 12 Pro Max ဟာဆိုရင်ဖြင့် ယခင်အပတ်က နံပါတ်၉နေရာကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။နံပါတ်၁၀နေရာမှာတော့ Samsung Galaxy A51က ရှိနေခဲ့တာဖြစ်ပြီး၊ ယခင်အပတ်မှာ Top 10 ဝင်ခဲ့တဲ့ Galaxy S21+ ၊ Poco X3 နဲ့ Xiaomi Mi 10i တို့ကတော့ ယခုအပတ် Week3 ရဲ့ Top 10 ထဲမှာပါဝင်လာခြင်းမရှိတော့ပါဘူး။ ယခင်အပတ်မှာ လူပြောများခဲ့တဲ့ S21+ မပါဝင်တော့ပေမယ့် သူ့ရဲ့ S21 ညီနောင်တွေကတော့ Top 10 စာရင်းရဲ့ ထိပ်ဆုံး၂နေရာကို သိမ်းပိုက်ထားဆဲဖြစ်ပါတယ်။
>>>Week2ရဲ့ Top10 စာရင်း
Rank1
Samsung Galaxy S21 Ultra 5G
Rank:2
Samsung Galaxy S21 5G
Rank:3
Xiaomi Mi 11
Rank:4
Samsung Galaxy A12
Rank:5
Xiaomi Poco M3
Rank:6
Honor View40
Rank:7
vivo X60 Pro+ 5G
Rank:8
Xiaomi Redmi Note 9 Pro
Rank:9
Apple iPhone 12 Pro Max
Rank:10
Samsung Galaxy A51
Ref:gsmarena.com