Local

Friday, 13 November 2020 14:41

OPPO INNO DAY 2020 ကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်

OPPO မှ OPPO INNO DAY 2020 ကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ထုတ်ကုန်ဆန်းသစ်မှုပုံစံ သုံးမျိုးကို
Friday, 13 November 2020 14:34

"Tomorrow" ဒီဂျစ်တယ်ကမ်ပိန်းအား Samsung မြန်မာမှ ကူညီပံ့ပိုး

YUECO Digital Hub နှင့် Pen Holder တို့မှ စီစဉ်တင်ဆက်မည့် "Tomorrow" ဒီဂျစ်တယ်ကမ်ပိန်းအား Samsung မြန်မာမှ ကူညီပံ့ပိုးသွားမည်။
Friday, 13 November 2020 14:04

ငွေချေပလက်ဖောင်း NearMe နဲ့ Ninja Van ပူးပေါင်းလုပ်ကိုင်မည်

မြန်မာအခြေစိုက် ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ပလက်ဖောင်း NearMe က logistics ထောက်ပံ့ပို့ဆောင်လုပ်ငန်း Ninja Van နဲ့ တွဲဖက်လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း
Friday, 13 November 2020 10:55

Google Photos အခမဲ့ အကန့်အသတ်မရှိ သိမ်းဆည်းခွင့် ရပ်ဆိုင်းတော့မည်

Google Photos အခမဲ့ အကန့်အသတ်မရှိ သိမ်းဆည်းခွင့် ရပ်ဆိုင်းတော့မည်   Google Photos မှာ ဓာတ်ပုံတွေ ဗီဒီယိုတွေ ပမာဏ အကန့်အသတ်မရှိ အခမဲ့ သိမ်းဆည်းခွင့် ပေးထားတာကို လာမယ့်နှစ် ၂၀၂၁ ဇွန်လ ၁ ရက်မှာ ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း Google က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဂျီမေးလ် အကောင့်တစ်ခုကို အခမဲ့ သိမ်းဆည်းခွင့် အများဆုံး 15-GB  အထိ ပေးထားတဲ့ ကန့်သတ်ချက်မှာ Google Photos သိမ်းဆည်းမှုတွေ အကျုံးဝင်တယ်လို့ သတ်မှတ်ပြီး ထည့်တွက်မှာ ဖြစ်ပါတယ်။   သက်တမ်း ၅ နှစ်ကျော်ပြီဖြစ်တဲ့ Google Photos ဟာ စိတ်ချရတယ်။ သုံးရလွယ်တယ်။ ဖုန်းထဲမှ ဓာတ်ပုံတွေ ဗီဒီယိုတွေကို ဝိုင်ဖိုင်ဖြင့် အင်တာနက် သုံးနေချိန်မှာ အလိုအလျောက် သိမ်းဆည်းပေးဖို့ စေခိုင်းထားလို့ရတယ်။ အဲဒီလို သိမ်းဆည်းတာအတွက် အခမဲ့ ဝန်ဆောင်မှု ပေးတယ်။  အဲဒီလို အခမဲ့ သိမ်းဆည်းနေတာတွေ ပမာဏ 15-GB ကျော်သွားရင် အခကြေး ပေးရတော့မှာ ဖြစ်ပါတယ်။    15-GB  ဆိုတဲ့ ပမာဏ ကန့်သတ်ချက်မှာ ဂျီမေးလ် စာပို့ထားတာတွေ၊ စာမှာ တွဲပြီးပါလာတဲ့ ပုံတွေ ဗီဒီယိုတွေ စာရွက်စာတမ်းတွေ ပါဝင်ပါတယ်။ Google Drive မှာ သိမ်းဆည်းထားတဲ့ ဖိုင်တွေလည်း အကျုံးဝင်ပါတယ်။  Google Photos မှာ မူရင်းဖိုင်အရွယ်အစားအတိုင်း သိမ်းဆည်းထားတာတွေလည်း ပါပါတယ်။    ပုံတွေနဲ့ ဗီဒီယိုတွေ 15-GB   ပမာဏထဲ ထည့်မတွက်စေချင်ရင် Google Photos ကို တင်ပြီး သိမ်းဆည်းတဲ့အခါ Google ကို အရွယ်အစား ပြောင်းလဲပြီး သိမ်းဆည်းခွင့် ပေးရမှာ ဖြစ်ပါတယ်။ ပုံဆိုရင် အများဆုံး 16-megapixel  ဖြစ်ပြီး ဗီဒီယိုဆိုရင် 1080p resolution ထက် မကျော်အောင် Google  က ပြုပြင်ပြောင်းလဲပေးပြီးမှ သိမ်းဆည်းပေးထားလိုက်မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး သဘောတူလိုက်လျောတယ်ဆိုရင်တော့ 15-GB   ပမာဏထဲ  ထည့်မတွက်ဘဲ အခမဲ့ သိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။    အခုလာမယ့် ၂၀၂၁ ဇွန်လ ၁ ရက်ကစလို့ အရွယ်အစား ပြုပြင်ပြီး သိမ်းရင်လည်း  15-GB   ပမာဏထဲ ထည့်တွက်မှာ ဖြစ်ပါတယ်။ ဘယ်အရွယ်အစားမဆို ထည့်တွက်တော့မှာ ဖြစ်ပါတယ်။     အဲဒီရက် မတိုင်ခင်မှ တင်သမျှကို 15-GB စနစ်သစ်မှာ အကျုံးမဝင်ဘူး။ တင်ထားပြီးသား ပမာဏအတိုင်း ဆက်လက်သိမ်းဆည်းထားခွင့်ကို အများဆုံး သုံးနှစ်ကာလအထိ ပေးထားမယ်လို့ ဆိုပါတယ်။ သိမ်းထားတာတွေ များလွန်းရင် ခွင့်ပြုချိန် လျှောချမှာ ဖြစ်ပါတယ်။ Google မှ ရောင်းချတဲ့ စမတ်ဖုန်း ဖြစ်တဲ့  Pixel စမတ်ဖုန်းတွေကနေ တင်တာတွေကိုတော့ ခြွင်းချက်ဖြင့် ခွင့်ပြုပေးထားမှာ ဖြစ်ပါတယ်။    Google Photos မှာ သိမ်းဆည်းပေးထားရတဲ့အတွက် ကုန်ကျစရိတ်တွေ ရှိနေတာမို့ အခမဲ့ ဝန်ဆောင်မှု ဆက်လက် မပေးနိုင်တော့ဘူး။ Google Photos ကို ဖျက်သိမ်းမလား ဆက်ထားမလားဆိုတာ စဉ်းစားတဲ့အခါ Google Photos ဟာ လူအများစုအတွက် အရေးပါတဲ့ သိမ်းဆည်းရာနေရာတစ်ခု ဖြစ်နေတာမို့ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့ကြပြီး အခမဲ့ ပမာဏကို ကန့်သတ်ချက် ပြုခြင်းနဲ့ ကျော်လွန်တဲ့ ပမာဏအတွက် အခကြေးကောက်ခံခြင်းတို့ပြုပြီး Google Photos  ဆက်လက်ရှင်သန်နေစေမှာ ဖြစ်ပါတယ်။    ကန့်သတ်ပမာဏထက် ကျော်လွန် သုံးစွဲချင်ရင် ပေးရမယ့် အခကြေးအမျိုးမျိုးကိုလည်း ထုတ်ပြန်ကြေညာပါတယ်။ 100GB ကို တစ်နှစ် အမေရိကန်ဒေါ်လာ ၂၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။  10 terabytes ကို တစ်လ အမေရိကန်ဒေါ်လာ ၅၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။  အိုင်ဖုန်းတွေအတွက် Apple ရဲ့ လစဉ်ကြေးဖြင့် သုံးရတဲ့ iCloud  သိမ်းဆည်းမှုကလည်း ကုန်ကျစရိတ် Google နဲ့ အတူတူပဲ ဖြစ်ပါတယ်။   လောလောဆယ် တင်ထားတဲ့ ပုံတွေ ဗီဒီယိုတွေမှာ နှစ်ခါ သုံးခါ ထပ်နေတဲ့ အပွားတွေ၊ သိမ်းဖို့ မလိုတဲ့ ဗီဒီယိုတွေကို အမှိုက်ပုံးထဲ ပစ်ထည့်ပြီး ရှင်းလင်း ထားရင် ပမာဏ လျော့ကျပြီး ပိုကြာကြာ သိမ်းဆည်းခွင့်ကို ရရှိမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သုံးစွဲရမယ့် ကိရိယာကို Google က မကြာခင်မှာ စီစဉ်ပေးပါလိမ့်မယ်။  
Thursday, 12 November 2020 16:06

ရွေးကောက်ပွဲကော်မရှင်က အတည်ပြုထုတ်ပြန်ပြီးသောမဲရလဒ်များကို VoteMM Website တွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ

ပုံပါအချက်အလက်များမှာ နိုဝင်ဘာလ ၁၂ ရက် ၁၂ နာရီ ၅၀ မိနစ်က နောက်ဆုံးကြေညာချက်အထိပါဝင်ပါတယ်။
Thursday, 12 November 2020 15:56

“MoCOM E-Commerce Innovation Challenge” ကို မိတ်ဆက်

စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဥ် (UNDP Myanmar) ၏ ကူညီထောက်ပံ့မှုဖြင့် ပထမဦးဆုံးသော E-Commerce Innovation Challenge ကို စတင်ဆောင်ရွက်ပြီဖြစ်သည်။
Tuesday, 10 November 2020 10:10

မန္တလေး ကျုံးဘေး စည်ပင်ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်ပုံ ဒီဂျစ်တယ် ပန်းချီကား ပြသ

မန္တလေးမြို့ ၂၆လမ်း ကျုံးဘေး၊ မြို့တော်စည်ပင်ရုံးရှေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ပုံ 3D ပုံစံ ဒီဂျစ်တယ် ပန်းချီကားကို ယနေ့ နိုဝင်ဘာ(၁၀)ရက် နံနက်ပိုင်းမှစတင်ကာ ပြသထားသည်။
Friday, 06 November 2020 16:14

KBZ MS က ထုတ်ကုန်ဖွံ့ဖြိုးရေးနှင့် ဖောက်သည်ဝန်ဆောင်မှုအတွက် Tata Consultancy Services (TCS) နဲ့ ပူးပေါင်း လုပ်ကိုင်သွားမည်

KBZ MS က ထုတ်ကုန်ဖွံ့ဖြိုးရေးနှင့် ဖောက်သည်ဝန်ဆောင်မှု လုပ်ကိုင်နိုင်စွမ်းများ အားဖြည့်တင်းဖို့အတွက် အရှိန်မြှင့်တင် လုပ်ဆောင်ဖို့ Tata Consultancy Services (TCS) နဲ့ ပူးပေါင်း လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
Wednesday, 04 November 2020 11:47

“The 4th International Conference on Advanced Information Technologies (ICAIT 2020)” ဖွင့်ပွဲအခမ်းအနား

Microsoft Teams (Fully Online) မှ တစ်ဆင့် သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်က ကြီးမှူးကျင်းပသွားသည့် “The 4th International Conference on Advanced Information Technologies (ICAIT 2020)” ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် Online Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။

Search Articles