Google Chome RAM Hog ကို ၂၀၂၀ မေ update (20H1) က လျှော့ချပေးမည်

Google Chome RAM Hog သည် Google Chrome အင်တာနက် ဘရောင်စာက

ကွန်ပျူတာ  memory  ပမာဏ များများစား လိုအပ်သည့် အားနည်းချက်ကို ဟာသလုပ်သည့် မင်းပ် meme များဖြစ်သည်။

၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂ ရက်တွင် Google Chrome ဝဘ်ဘရောင်စာကို စတင်ခဲ့သည်။  ၄ နှစ်ကြာပြီးချိန် ၂၀၁၂ တွင်  Chrome ၏ RAM  အစားကြီးပုံအကြောင်း Y U NO meme ပေါ်ထွက်လာခဲ့ပြီး ပို့စ် တင်သည်။ ခုနစ်နှစ်တာ ကာလအတွင်း like ၃၆၀ ရသည်။

 

 

နောက်ထပ် ၃ နှစ်အကြာ ၂၀၁၅ ခုနှစ် မတ်လ ၂၅ ရက်တွင် Reddit ဆိုရှယ်မီဒီယာသမား CinnamonToesCrunch က မူကွဲတစ်မျိုးကို တင်သည်။ Chrome လိုဂိုပါသည့် ဇာတ်ကောင်က "RAM" ဟု  စာတပ်ထားသည့်သူတစ်ဦးကို ဖြည်းဖြည်းချင်း စားပစ်လိုက်ပုံကို တင်ဆက်ထားသည်။ ထိုမင်းပ်က ပေါက်သွားသည်။

 

Windows  ၏ နောက်ဆုံး update ၂၀၂၀ မေ  ဖြစ်သည့် 20H1 ကို ကမ္ဘတစ်လွှားရှိ Windows   သုံးစွဲသူများထံ စတင်ပေးပို့ပေးနေပြီဖြစ်ပြီး ၎င်းupdate  သည်  Google Chrome က ကွန်ပျူတာ  memory  အစားကြမ်းသည်ကို ဖြေရှင်းပေးထားသည်။  Windows က memory သက်သာစေသည့် လုပ်ဆောင်ချက် ဖြစ်သော အပိုင်းအကန့် စုပုံထည့် “SegmentHeap” လုပ်ဆောင်ချက် ပါဝင်သည်။ Google Chome RAM Hog ကို သမိုင်းစာမျက်နှာပေါ်မှာ ထားရစ်ခဲ့လိမ့်မည်ဟု ဆိုကြသည်။

 

Logo Green Circle

 

 

Read times
Rate this item
(0 votes)