Apple ရဲ့ သမိုင်းတွင်တဲ့နေ့ပါတဲ့

Apple က နှစ်စဉ်ကျင်းပတဲ့ Worldwide Developers Conference မှာ ကုမ္ပဏီမှ

ထုတ်လုပ်တဲ့ ပရိုဆက်ဆာအသစ်ကို လက်ရှိသုံးစွဲနေတဲ့ Intel ရဲ့ ချစ်ပ်တွေကို အစားထိုး သုံးစွဲသွားမယ်လို့ အသိပေးပြောပြခဲ့ပါတယ်။ Apple ရဲ့ ထုတ်ကုန်တွေ ဖြစ်တဲ့ Mac, iPhone,နဲ့ iPad တို့မှာ ချစ်ပ်အသစ်ကို သုံးစွဲမယ်လို့ ဆိုပါတယ်။ အဲဒီချစ်ပ်အသစ်ကို Apple Silicon လို့ အမည်ပေးထားတယ်။ 

Apple Silicon ချစ်ပ်ဟာ ARM အခြေပြုချစ်ပ် ဖြစ်ပြီး CPU စွမ်းဆောင်ရည် ကောင်းမွန်တာမို့ computing power များများ လိုအပ်တဲ့ စက်သင်ယူခြင်းကိရိယာများ machine-learning tools တွေ၊ ဂိမ်းတွေ၊ video-editing software တွေကို Macs မှာ သုံးလို့ ပိုကောင်းသွားစေမယ်လို့ ဆိုပါတယ်။

CEO Tim Cook က အခုလို ကုမ္ပဏီပိုင်ချစ်ပ်ကို သုံးစွဲတာဟာ "Mac အတွက် တကယ့်ကို သမိုင်းတွင်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်" လို့ မြွက်ဆိုပါတယ်။

Apple Silicon ချစ်ပ်တွေကို ၂၀၂၀ နှစ်ကုန်မှာ စတင်ပေးပို့မှာ ဖြစ်ပြီး လာမယ့်နှစ်နှစ်တာအတွင်း Macs တွေကို Apple Silicon ချစ်ပ်တွေနဲ့ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊

 

Apple Transitioning Macs to Custom Chips With 'Incredible ...

Read times
Rate this item
(1 Vote)