e-Commerce ဖွံ့ဖြိုးမှု ပိုမိုတိုးတက်စေရန် အာဆီယံ အွန်လိုင်းဈေးရောင်း ပွဲတော် ကျင်းပရန်ရှိ

အာဆီယံနိုင်ငံများ အချင်းချင်း e-Commerce ဖွံ့ဖြိုးမှု ပိုမိုတိုးတက်စေရန် အာဆီယံ အွန်လိုင်းဈေးရောင်း ပွဲတော် (AOSD) ကို သြဂုတ် ၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးသူက ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

 

ဦးမျိုးသူက “ဒါကို ပထမဆုံးအကြိမ် ကျွန်တော်တို့ ကျင်းပခြင်းဖြစ်တယ်။ ကျွန်တော်တို့ဆီ မှာ COVID-19 ရောဂါ ဖြစ်လာတော့ သွားတာလာတွေ ရယ် အိတ်စပို့တင်တာတွေရယ် သိပ်အဆင်မပြေတာတွေရှိလာတယ်။ အဲ့ဒါကြောင့် အွန်လိုင်းဈေးပွဲတော်ပုံစံ လုပ်ဖို့ ရည်ရွယ်ခဲ့တာ။ ကျွန်တော်တို့ ဌာနအနေနဲ့ Trade Promotion ဆိုတဲ့ အတိုင်း ဈေးကွက်ရှာတာ ကို တိုးပြီးဆောင်ရွက်ပေးနေပါတယ်။’’ ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

 

အဆိုပါဈေးရောင်း ပွဲတော်ကို ဒေသတွင်းရှိ နယ်စပ်ဖြတ်ကျော် e-Commerce ကို အားပေးကူညီရန်၊ e-Commerce လုပ်ငန်းများတွင် စားသုံးသူများ၏ ယုံကြည်မှု ပိုမိုတိုးတက်လာစေရန်၊ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားတစ်ခုဖြစ်သော e-Commerce ၏ အခန်းကဏ္ဍကို ပိုမိုအားဖြည့်ပေးရန်နှင့် အာဆီယံနိုင်ငံများ၏ e-Commerce စီးပွားရေး လုပ်ငန်းများ MSMEs နှင့် စားသုံးသူများအတွက် အကျိုးဖြစ်ထွန်းစေရန်တို့ကို ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

 

အာဆီယံအွန်လိုင်း ဈေးရောင်းပွဲတော်ကို အဆင့်နှစ်ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အဆင့် (၁) တွင် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး အသိအမြင်မြှင့်တင်ရန်၊ ASEAN Member State (AMS) နိုင်ငံများ၏ e-Commerce Businesses ၊ Marketplaces နှင့် Platforms များကို မြှင့်တင်လမ်းဖွင့်ပေးရန်၊ စားသုံးသူများထံ အရောင်းမြှင့်တင်ရန်တို့ ဖြစ်ပြီး အဆင့်(၂)တွင် AMS နိုင်ငံအသီးသီးရှိ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ၊ ဈေးကွက်များနှင့် ပလက်ဖောင်းများသည် နိုင်ငံများစွာရှိ စားသုံးသူများထံ အရောင်းမြှင့်တင်ရန် Cross Border e-Commerce Transaction တိုးတက်ရန် ဦးတည် ဆောင်ရွက်မည်ဖြစ်သည်။

 

အာဆီယံအွန်လိုင်း ဈေးရောင်းပွဲတော်ကို သက်ဆိုင်ရာ အာဆီယံနိုင်ငံ အလိုက် e-Commerce Businesses ၊ Market-places နှင့် Platforms များ ပါဝင်နိုင်ပြီး ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုကို အွန်လိုင်းမှရောင်းချ၍ တားမြစ်ကန့်သတ်ထားခြင်းမရှိသော တရားဝင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ ပါဝင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

စိတ်ပါဝင်စားသည့် e-Commerce လုပ်ငန်းများ အနေဖြင့် ဇူလိုင် ၂၁ ရက် နောက်ဆုံးထား၍ ကုန်သွယ်ရေး ဦးစီးဌာန This email address is being protected from spambots. You need JavaScript enabled to view it. သို့ လျှောက်လွှာများ ပေးပို့နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

Xinhua

Read times
Rate this item
(0 votes)