မြန်မာ့ရုပ်ရှင် “ငဘ”ဒီဂျစ်တယ်နည်းဖြင့် ပြုပြင်မည်

တရုတ်နိုင်ငံက " ငဘ" မြန်မာ့ရုပ်ရှင် အတွက် ဒီဂျစ်တယ်နည်းဖြင့်ကူညီပြုပြင်ပေးမည်ဖြစ်ကြောင်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး က သြဂုတ် ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

 

ယခုနှစ်သည်တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်သည့်နှစ်၇၀ပြည့်နှင့်တရုတ်-မြန်မာယဉ်ကျေးမှုနှင့်ခရီးသွားလာရေးနှစ်ဖြစ်သည့်အပြင်မြန်မာ့ရုပ်ရှင်နှစ်၁၀၀ပြည့်လည်းဖြစ်ပါသည်။


မြန်မာနိုင်ငံ၏မျှော်လင့်ချက်အရတရုတ်နိုင်ငံနိုင်ငံတော်ရုပ်ရှင်ဗျူရို (China Film Administration) ၊တရုတ်ရုပ်ရှင်မော်ကွန်းတိုက် (China Film Archive) နှင့်မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးတို့ကတရုတ်နိုင်ငံတွင်ကျန်ရှိခဲ့သည့်မြန်မာ့ရုပ်ရှင်ဟောင်းကော်ပီများရှာဖွေရန်မြန်မာနိုင်ငံအား တက်တက်ကြွကြွကူညီပေးခဲ့ပြီး လတ်တလောတွင် မြန်မာ့ရုပ်ရှင် “ငဘ”ဖလင်ကော်ပီအားဒီဂျစ်တယ်နည်းဖြင့်ပြုပြင်မှုကို စတင်လုပ်ဆောင်နေပြီဖြစ်ကာ မြန်မာနိုင်ငံအားလက်ဆောင်ပေးမည်ဖြစ်ပါသည်။


မြန်မာ့ရုပ်ရှင်ဟောင်းများဒီဂျစ်တယ်နည်းဖြင့်ပြုပြင်ရန်ပူးပေါင်းဆောင်ရွက်မှုသည်တရုတ်- မြန်မာနှစ်နိုင်ငံယဉ်ကျေးမှုနှင့်ရုပ်ရှင်နယ်ပယ်တွင်ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါသည်။


ရုပ်ရှင် “ငဘ”ကို၁၉၆၁ခုနှစ်တွင် မြန်မာနိုင်ငံစာရေးဆရာဦးမောင်ထင်ရေးသားသည့်အမည်တူဝတ္ထုအရ ရိုက်ကူးထားခြင်းဖြစ်ပါသည်။ဤမြန်မာနိုင်ငံနာမည်ကျော်ဂန္တဝင်ရုပ်ရှင်ကားတွင်လယ်သမားငဘတစ်မိသားစုတွေ့ကြုံမှုများကိုတင်ဆက်ထားပြီး၂၀ရာစုနှစ်၄၀စုနှစ်ပိုင်းတွင်မြန်မာနိုင်ငံတောင်သူလယ်သမားများ၏ခက်ခဲကြမ်းတမ်းလှသောဘဝကိုဖော်ပြထားပါသည်။

 

ရင်းမြစ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

 

ZQEElectronic-Equipment-Sales--Repair_0069_ICT.png

Read times
Rate this item
(0 votes)